လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Thursday, May 18, 2017

လင်မယားကွာရှင်းခွင့်တောင်းဖို့လိုတဲ့အချက်အလက်များ (အကျဉ်းချူ ပ်)

လင်မယားကွာရှင်းခွင့်တောင်းဖို့လိုတဲ့အချက်အလက်များ
(အကျဉ်းချူ ပ်)
(အရပ်ထဲက စကားတွေနားမယောင်ပါနဲ့)
အရပ်ထဲမှာပြောပြောနေတဲ့…လင်မယား ၆လ/၁နှစ်/၃နှစ်
မပေါင်းပဲနေရင်လင်ခန်းမယားခန်းပြတ်တယ်ဆိုတာယုံပြီး
တရားဝင်မပြတ်သေးပဲ…နောက်အိမ်ထောင်မပြု ကြပါနဲ့…
တလင်တမယားဥပဒေနဲ့ အာမခံတောင် မရပါဘူး…
နောက်တချက်က…တချို့ တရားဝင်တော့ပြတ်စဲတယ်…ဒါပေ
မဲ့ လူသိရှင်ကြားပြန်ပေါင်းတယ်…နောက်လင်မယားပြန်ကွဲ
တယ်…ဒါကို…တရားဝင်ထပ်ကွာရှင်းရမှာမသိပဲ…အရင်စာချူ ပ်
ရှိနေတာ မလိုပါဘူးလို့နေပြီး လင်(သို့)မယားကနောက်အိမ်
ထောင်ပြု ရင်…တလင်တမယားဥပဒေနဲ့ငြိပြန်ပါတယ်…
(ကွာရှင်းပြီး အထင်အရှားပြန်ပေါင်းသင်းရင် စာချူ ပ်အလိုလို
ပျက်ပြယ်လို့ပါ)…
#############################
(ဘယ်လိုအခြေအနေဆိုရင် ကွာရှင်းခွင့်တောင်းနိုင်လဲ)…
(အကျဉ်းချူ ပ်ပါ)
လုံလောက်သောအကြောင်းပြချက်မရှိပဲ လင်ဖြစ်သူက နေအိမ်
မှထွက်ခွာပြီး…(၃)နှစ်တိုင် ငွေကြေးမထောက်ပံ့/ပြန်ပေါင်းဖို့
အဆက်အသွယ်မလုပ်/မကြိုးစားခြင်း…ဒဏ်ရာရစေလောက်
အောင် ရက်စက်မှု့ကျူးလွန်ခြင်း…(ဒါက…မယားဖြစ်သှူမှ ကွာရှင်းခွင့်တောင်းနိုင်တဲ့အချက်တွေပါ)…
မယားလုပ်သူမှ လုံလောက်သောအကြောင်းပြချက်မရှိပဲ…နေ
အိမ်မှထွက်ခွာခြင်း/ထွက်ခွာပြီးတနှစ်အတွင်း လင်နဲ့ပြန်ပေါင်း
ရန်မဆက်သွယ်ခြင်း/မကြိုးစားခြင်း(ယောက်က္ခမနဲ့စိတ်ဆိုးလို့
ယောင်းမနဲ့ရန်ဖြစ်လို့ )စတာတွေက လုံလောက်တဲ့အကြောင်း
ပြချက်မဟုတ်တာသတိထားပါ(ဒါက…လင်ဖြစ်သူမှ ကွာရှင်းခွင့်
တောင်းနိုင်တဲ့အချက်တွေပါ)…
အိမ်ထောင်သည်အမျိုးသမီးတွေသတိထားပေါ့(ထစ်ခနဲရှိ အိမ်
ကဆင်းမယ်…ကလေးသံယောဇဉ်နဲ့ ငါ့ပြန်လာခေါ်မှာပါလို့မ
ထင်ပါနဲ့…လာမခေါ်ပဲ တနှစ်ပြည့်ရင်သူကကွာရှင်းခွင့်တောင်း
ရင် အလကားနေ…တခုလပ်ဘဝရောက်ရမှာပါဗျာ)…
#############################
မြန်မာနိုင်ငံအတွင်း/ပြင်ပတွင်နေထိုင်သော…မြန်မာနိုင်ငံသား
(ဧည့်/ပြု နိုင်ငံသားအပါအဝင်) များသည်…ကိုကွယ်ရာဘာသာ
အရသော်၎င်း ဓလေ့ထုံးတမ်းအရသော်၎င်းလက်ရှိအိမ်ထောင်
တည်မြဲနေစဉ်…အခြားသူတစ်ဦးနှင့် ထိမ်မြားခြင်း/တရားမဝင်
လင်မယားကဲ့သို့ပေါင်းသင်းနေထိုင်ခြင်း မပြု ရ…
(အရင်လို…ကိုးကွယ်ရာဘာသာအရ…ဓလေ့ထုံးတမ်းအရခွင့်
ပြု ထားလို့ယူတာပါလို့ မရဘူးနော်)…
(ဒါကြောင့်)
မုဆိုးဖို/မုဆိုးမ/တခုလပ်/တလင်ကွာ/လူပျို /အပျို မှလွဲ၍…လက်ရှိအိမ်ထောင်ရှိသူမှန်သမျှ…ဆန့်ကျင်ဖက်လိင်နှင့် တရား
မဝင်ပေါင်းသင်းနေထိုင်ပါက…ဤဥပဒေပုဒ်မ(၁၃)အရ ထောင်
ဒဏ်(၇)နှစ်အထိကျခံစေ…(လူသတ်မှု့လောက်ရှိတယ်နော်)…
အိမ်ထောင်ရှိလျက်နဲ့ လူလွတ်ဟုလိမ်ညာပြောဆို လက်ထပ်ပါ
က ဤဥပဒေ ပုဒ်မ(၁၇)အရ ထောင်ဒဏ်(၁၀)နှစ်ထိကျခံစေ…
နစ်နာသူမှ နစ်နာကြေးတောင်းခံစေ…(ထောင်ကျခံရမဲ့အပြင်
လျော်ကြေးပါပေးရမှာဗျ)…
ဤဥပဒေပါ ပုဒ်မ(၁၄)(၁၅)တို့အရ…အပြစ်မရှိသူမှ အပြစ်ရှိ
သူအား တရားဝင်ကွာရှင်းခွင့်တောင်းခံစေ…လက်ထပ်ပွားနှစ်
ဦးပိုင်ပစ္စည်းများအား အပြစ်မရှိသူက အကုန်ယူစေ(သေပြီလေ
ထောင်ကလဲထွက်ရော လူလဲလမ်းဘေးရောက်ရော)…
အိမ်ထောင်သည်ယေက်ကျာင်္းနှင့်…အပျို ဆိုပါက…အိမ်ထောင်
သည်ယောက်ကျာင်္း သာလျင်ပြစ်ဒဏ်ကျခံစေ…(အပျို တွေ ကဲ
လို့ရပါတယ်တဲ့)…
အိမ်ထောင်သည်မိန်းမနှင့်လူပျို ဆိုပါက…အိမ်ထောင်သည်မိန်း
မသည် ပုဒ်မ(၁၃)အရကျခံစေ…အိမ်ထောင်သည်မိန်းမ၏လင်
မကျေနပ်ပါက လူပျို အား ရာဇသတ်ဥပဒေပုဒ်မ(၄၉၇)အရ
အရေးယူစေ…(ကြာကူလီမှု့ပေါ့နော် ရှက်စရာကြီး)…
နှစ်ယောက်လုံးအိမ်ထောင်သည်ဖြစ်ပါက…နှစ်ယောက်စလုံး
ပြစ်ဒဏ်ခံစေ…(လွတ်လာမှ အတိအလင်းယူပေတော့)…
ဤဥပဒေသည်(၃၁-၈-၂၀၁၅)မှစ၍ အာဏာတည်စေ…မည်သူ
မဆို ဤဥပဒေချိုးဖောက်သူများအား တိုင်တန်းခွင့်ရှိစေ……
(ကိုယ့်ကိုမလိုတဲ့သူက သွားတိုင်လို့ရတာသတိထားပါ…
မာဆတ်သွားရင် ကြည့်သွားပေါ့)…
ဤဥပဒေအရ…ကျေအေး/ရုပ်သိမ်းခွင့်မရှိစေရ…(ကျမလင်
ထောင်ကျရင် ကလေးတွေနဲ့ကျမဒုက္ခရောက်မှာမို့…အမှု့ကို
ပြန်ရုပ်သိမ်းချင်ပါတယ်ရှင်လို့ တောင်းပန်လို့မရဘူးနော်…
မတိုင်ခင် စဉ်းစား) စဖမ်းထဲက အာမခံပေးမှာမဟုတ်ဖူး…
#############################
အပေါ်ကအချက်အလက်တွေကတော့…မိမိလေ့လာမှတ်သား
ထားသမျှတွေကို…ဥပဒေ အကိုးအကား/စကားရပ်တွေမပါ
ပဲ သာမာန်ပြည်သူတွေ…ရှင်းလင်းလွယ်ကူစွာသိအောင်လို့
တင်ပြထားတာပါ…
မှားယွင်းတာ/လိုအပ်တာတွေရှိလဲ…ဥပဒေပညာရှင်များမှ…
ပြင်ဆင်/ဖြည့်စွက်သင်ကြားပေးပါရန်…မေတ္တာရပ်ခံပါတယ်
ခင်ဗျား…
Credit U Soe Min Naing
(လေးစားစွာဖြင့်)

No comments:

Post a Comment