ပျားရည်မှာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတွေထဲက တစ်ခုဖြစ်ပါတယ်။ ပျားရည်ကို ဘက်တီးရီးယားနဲ့ မှိုရောဂါတွေကို ကာကွယ်ဖို့ လည်း အသုံးပြုကြပါတယ်။
သစ်ကြမ်းပိုးခေါက်မှာလည်း ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အဟာရဓါတ်တွေအများအပြားပါဝင်နေတာပါ။
ပျားရည်နဲ့ သစ်ကြမ်းပိုးခေါက်ကိုရောပြီးသောက်တဲ့အခါ ကိုယ်အလေးချိန်ကျစေပြီး သွေးတွင်းသကြားဓါတ်များတာ ကိုလက်စထရောများတာတွေအတွက် အထူးကောင်းမွန်ပါတယ်။
သည်းခြေနှင့်ဆိုင်သောရောဂါ
ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ သစ်ကြမ်းပိုးခေါက်မှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းကို ရေနွေးနဲ့ဖျော်ပြီး နေ့စဉ်သောက်ပေးပါ။ သည်းခြေအိတ်နဲ့ ဆိုင်တဲ့ ရောဂါတွေအတွက် အထူးကောင်းမွန်ပါတယ်။
ကိုလက်စထရော
ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ သစ်ကြမ်းပိုးေါက်မှုန့် စားပွဲတင်ဇွန်း ၃ ဇွန်းကိုရောပြီး လက်ဖက်ရည်ထဲမှာ ထည့်သောက်ပေးပါ။ ကိုလက်စထရောကို ၂ နာရီအတွင်း ၁၀ % ကျစေပါတယ်။
နှလုံးရောဂါ
ပျားရည်နဲ့ သစ်ကြမ်းပိုးခေါက်ကိုအညီအမျှရောပြီး မနက်ခင်းမှာစားမဲ့ ပေါင်မုန့်နဲ့ ညှပ်ပြီးစားပေးပါ။ သွေးလွှတ်ကြောအတွင်း ကိုလက်စထရောပမာဏကို လျှော့ချပေးလို့ နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။
အဆစ်နာ
အဆစ်အမြစ်နာကျင်ကိုက်ခဲတာတွေအတွက် ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ သစ်ကြမ်းပိုးခေါက်မုန့် စားပွဲတင်ဇွန်း ၁ ဇွန်းရောကို ရေတစ်ခွက်နဲ့ရောပြီး မနက်တစ်ခွက် ညတစ်ခွက် သောက်ပေးပါ။ ဒီလိုသောက်တာဟာ ကင်ဆာရောဂါဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
အအေးမိ ဖျားနာ
အအေးမိ ဖျားနာတာတွအတွက် ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း နဲ့ သစ်ကြမ်းပိုးခေါက်မှုန့် စားပွဲတင်ဇွန်း ၁/၄ ဇွန်းကို စားပေးပါ။
No comments:
Post a Comment