လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Tuesday, June 16, 2015

သိထားပါ။

Uthant Al added 4 new photos — with Nld Chit Thu and 40 others.
သိထားပါ။
=========
ရွှေတိဂုံဆိုတာ ဗုဒ္ဓ ဘာသာဝင်တွေ အထွဋ်အမြတ်
ထားရာပြယုတ်ဆိုတာ လူတိုင်းသိကြပါတယ်။
ဘုရင်မကြီးရှင်စောပု လှူဒါန်းထားတဲ့ ဝတ္တက
မြေ ကို စစ်တပ်အစဉ်အဆက်က သုံးလာကြရင်း
ခုတော့ရောင်းစားတဲ့ အဆင့်ကို ရောက်နေပါပြီ။
ဗုဒ္ဓ ဘာသာပြည်သူများ သူတော်ကောင်းဆရာ
တော် ကြီးများဆန္ဒ ကိုမျက်ကွယ်ပြု၍ ဇွတ်
လုပ်နေခြင်း ဖြစ်သည်။
ပြည်သူတွေဘက်ကလည်း အားလုံးသိအောင်
ပြောထားချင်ပါသည်။
ရောင်းချင်ရောင်း မရောင်းချင်နေ
ဆောက်ချင်ဆောက် မဆောက်ချင်နေ
ပြီးတော့ ----အဲဒီနေရာတွေမှာ
ဝယ်ချင်ဝယ် မဝယ်ချင်နေ
ခေတ်မကောင်းသေးလို့  စောင့်ကြည့်နေတာ
အခွင့်သင့်တာနဲ့  ပြည်သူ့ မြေ
ပြည်သူက သေချာပေါက်ပြန်ယူမှာမုချ။
ရွှေတိဂုံ ဆိုတာရဲ့ ဂုဏ်အင်္ဂါထဲမှာ
အဝေးကလှမ်းဖူးရုံနဲ့  ရင်ထဲအေးသွားတာပါ
ပါတယ်လေ ။
ဝတ္တက မြေကို ကိုယ်ကျိုးအတွက် ရောင်းစားရဲ
တဲ့သူက အဝီစိ ကိုသေချာတယ်ဆိုတာ ထားပါ
တော့ ၊ ရှင်းနေလို့ ။
ဝယ်ယူနေထိုင်မယ့်သူတွေကရော ဘယ်လိုကံ
မျိုးသင့် မလဲ ဆိုတာ ဝိနည်းနားလည်တဲ့
ဆရာတော် တစ်ပါးပါး ကို မေးလျှောက်ကြည့်
ချင်လိုက်တာ။

No comments:

Post a Comment