လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Monday, June 15, 2015

ဘယ်မှာပဲဖြစ်ဖြစ် ဘဝကိုအဆင်ပြေပြေ ဖြတ်သန်းချင်ရင်

ဘယ်မှာပဲဖြစ်ဖြစ် ဘဝကိုအဆင်ပြေပြေ ဖြတ်သန်းချင်ရင်
၁။ အစားသည်းခံပါ။
(အစားသည်းမခံရင် စားချင်တာကိုမစားရ၊ မစားချင်တာကို စားနေရ၊ စားချင်တာနောက် လိုက်နေရတာတွေကြောင့် ဘဝမှာ အဆင်မပြေဖြစ်တတ်၏။)
၂။ စကားသည်းခံပါ။
(စကားသည်းမခံရင် ကြားချင်တဲ့စကား၊ မကြားချင်တဲ့စကား စသည်ဖြင့် စကားလုံးတွေနောက် လိုက်ခံစားရင်း ဘဝမှာ အဆင်မပြေဖြစ်တတ်၏။)
၃။ နေရာသည်းခံပါ။
(နေရာသည်းမခံရင် လိုချင်တဲ့နေရာကိုမရ၊ မလိုချင်တဲ့နေရာကိုရ၊ ရနေတဲ့နေရာကို မဖယ်ပေးရအောင် လုပ်နေရတာတွေကြောင့် ဘဝမှာ အဆင်မပြေဖြစ်တတ်၏။)
၎။ ပုဂ္ဂိုလ်သည်းခံပါ။
(ပုဂ္ဂိုလ်သည်းမခံရင် ချစ်တဲ့သူ၊ မုန်းတဲ့သူ၊ တည့်သူမတည့်သူ၊ နားလည်မှုရှိသူ၊ နားလည်မှု မရှိသူ စသူတို့ကြောင့် အချစ်အမုန်းတွေကြား ဘဝမှာ အဆင်မပြေမှုတွေ များတတ်၏။)
မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ

No comments:

Post a Comment