လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Monday, December 17, 2012

ရသာတဏှာနှင့်အဆီပိတ်အသဲ (Foie gras or fat liver)

အဆီပိတ်အသဲများ
 
 ဘဲ (၀ါ) ဘဲငန်းများကို ပိုက်များဖြင့်အစာများထဲ့ပေးနေပုံ


အဆီပိတ်အသဲဟင်းလျှာ
 
 
 
                                       အဆီပိတ်အသဲပြုလုပ်ခြင်းကိုကန့်ကွက်နေပုံ



ဘဲ (၀ါ) ဘဲငန်းများကို အတင်းပိုက်များဖြင့်အစာများထဲ့ပေးခြင်းဖြင့် ဘဲ (၀ါ) ဘဲငန်း ၏ အသဲများ အဆီများဖြင့်ပြည့်ကာ ကြီးထွာလာပါသည်။ ထိုအသဲကိုမှ အမျိုးမျိုးချက်ပြုတ်ခြင်းဖြင့် အရသာရှိသော ဟင်းတစ်ခွက်ဖြစ်လာသည်ဟုဆိုပါသည်။

ယခုလို Christmas နှင့် နှစ်သစ်ကူးတွင် ပြင်သစ်နိုင်ငံတွင် အထူး အဖိုးတန် အစာအဖြစ်စားသုံးကြပါသည်။

အဆီပိတ်အသဲ ပြုလုပ်စားသုံးခြင်း ဟာ 2500 BC, ကထဲက အီဂျစ်လူမျိုးများ ပြုလုပ်သော နည်းဖြစ်ပါတယ်။ ယခုအခါ ပြင်သစ်နိုင်ငံအပြင် အမေရိကား၊ အခြားဥရောပနိုင်ငံများနဲ့ တရုတ်နိုင်ငံ များမှာလည်းစားသုံးကြပါတယ်။

တိရစ္ဆာန်များအားညှင်းပန်းရာရောက်သဖြင့် တိရစ္ဆာန်များအားကာကွယ်သောအဖွဲ့မှ အဆီပိတ်အသဲပြုလုပ် ရောင်းချခြင်း ကိုကန့်ကွက်ဆန္ဒပြကြပါတယ်။

ရသာတဏှာအတွက်နှင့် ကြံကြံဖန်ဖန် ရက်စက်ကြသော လူများ၏  ရက်စက်မှု့ကို လည်းဆင်း ခံကြရသော တိရစ္ဆာန် ဘ၀ရောက်ရမည့်ဘေးကိုတွေးကြောက်မိပါတော့တယ်။

ကံကောင်းထောက်မ၍ လူဖြစ်လာသော်လည်း တရားသဘောမသိပဲ ကုသိုလ်ကောင်းမှုလုပ်ရမဲ့ အစား၊ အကုသိုလ်တွေပြုလုပ်ပြီး ဘ၀ပေါင်းများစွာ ဒုက္ခ ရောက်ရမဲ့ အယူမှားတဲ့ လူ့ဘ၀ရမှာကို ပိုစိုးမိ ပါ တော့တယ်။


 

No comments:

Post a Comment