သံဃာဒိသိသ် ၁၃ ပါး (အာပတ်ဖြေရုံဖြင့် မပြေပျောက်ပါ။ ဤအပြစ်သည် သံဃာပရိသတ်ရှေ့၌ ကုစားရသော အပြစ်ဖြစ်သည်။
သံဃာဒိသိသ်အာပတ်သည် တာရှည်သည်။ တာဝန်ကြီးသည်။ အစ၊အလယ်၊အဆုံး သုံးပါးလုံး သံဃာမှဝိုင်းဝန်ကူညီမှရသည်။
ပါရဇီကအာပတ်ပြီး လျှင်အပြစ်အကြီး ဆုံး ဖြစ်သည်။
၅။ သုက္က၀ိသာဌိ သိက္ခာပုဒ် (မိမိဘာသာ
မိမိ လုံ့လ ပြုပြီး သုတ်လွှတ်စေမှု) သာဝတ္ထိပြည်၌ အသျှင်သေယျ သက၏လုံ့လပြု၍သုက်ကိုလွှတ်ခြင်းအကြောင်းကြောင့်ပညတ်တော်မူပါသည်။
လွတ်စေလို့ငှါ၊စေတနာတည့်၊ဗျာပါလုံ့လ၊ပြုမိကလျှင်း၊သုတ်လွှတ်ခြင်းဟု၊
ကြောင်းရင်းသုံးလီ၊အင်္ဂါညီ၊သင့်ပြီ၊ဝိသဋ္ဌိ။
၆။ ကာယသံသဂ္ဂ သိက္ခာပုဒ် (မာတုဂါမ (မိန်းမ) ကိုဆွဲကိုင်မှု)
သာဝတ္ထိပြည်၌ အသျှင်ဥဒါယီကို အကြောင်းပြု၍
ပညတ်တော်မူပါသည်။
လူမိန်းမပင်၊မိန်းမထင်လျက်၊သံသဂ်ရာဂ၊လုံ့လပြုခြင်း၊ကိုင်မိခြင်းဟု၊
ကြောင်းရင်းငါးလီ၊အင်္ဂါညီ၊သင့်ပြီ၊သံသဂ္ဂ။
မှတ်ချက်။
မာတုဂါမကိုယ်၌ ဝတ်ထားသောအဝတ်စသည်ကိုကိုင်လျှင်ထုလ္လစ္စဉ်းအာပတ်သင့်၍
မာတုဂါမကိုယ်တွင် ဝတ်ထားပြီး သော အဝတ်၊တန်ဆာစသည်ကို ကိုင်လျှင် ဒုက္ကဋ်အာပတ်သင့်၏။
ရိုးသားသောစိတ်ဖြင့် အမိ၊အမ၊နှမကိုကိုင်လျှင်၊မိန်းမအရုပ်ပါသော
စာရွက်စသည်ကိုင်လျှင် ဒုက္ကဋ်အာပတ် သင့်၏။ ထိုကြောင့် ရဟန်းများအားမိန်းမရုပ်ပါသော
ပြက္ခဒိန်များမလှူသင့်ပေ။ မကိုင်မဖြစ်လျှင်အရုပ်ကိုမထိပဲ (ဝါ) အရုပ်ကိုဓါးဖြင့်၊ခဲတံဖြင့်ဖျက်ဆီးပြီးမှကိုင်ကောင်းသည်။
၎င်းအပြင်သာယာဘွယ်ပစ္စည်း၊သူတစ်ပါးအားနှိပ်စက်ဘွယ်ပစ္စည်းများ တမင်ကိုင်လျှင်လည်း ဒုက္ကဋ်အာပတ်သင့်၏။
၎င်းတို့မှာစပါးအမျိုးမျိုး၊ ပဲအမျိုးမျိုး၊အသီးအမျိုးမျိုး၊(ကြွေနေသောအသီးအား လူ၊သာမ
ဏေတို့ အားရည်မှန်းလျှင် ကောက်ကောင်းသည်။) မိမိအတွက်မူ မကပ်ပဲ မကိုင်ကောင်း။ ရတနာအမျိုးမျိုး၊
တူရိယာအမျိုးမျိုး၊ ရွှေငွေ၊ ပိုက်ဆံ။ ရွှေငွေဖြင့် ထုလုပ်ထားသော ဆင်းတုတော် များ မကိုင်ရ။
ထိုဆင်းတုတော်တွင်တင်နေသော မှုံများကိုမူ ရှင်းလင်း ကောင်းသည်။ လက်နှက်အမျိုးမျိုး(လက်နက်မဟုတ်လျှင်ထင်းဖြတ်ရန်ဓါးစသည်ကိုင်ကောင်းသည်။)
၇။ ဒုဠုလ္လ၀ါစာ သိက္ခာပုဒ် (အယုတ်တမာ ပြောဆိုမှု)
၇။ ဒုဠုလ္လ၀ါစာ သိက္ခာပုဒ် (အယုတ်တမာ ပြောဆိုမှု)
သာဝတ္ထိပြည်၌ အသျှင်ဥဒါယီ၏ မာတုဂါမကို
ရုန့်ရင်းကြမ်းတမ်းသော စကားတို့ဖြင့် ပြောဆိုခြင်း အကြောင်းကြောင့် ပညတ်တော်မူပါသည်။
(မူလ) ပညတ် တစ်ပါးရှိ၏။
လူမိန်းမပင်၊မိန်းမထင်လျက်၊ဝါစဿဒ၊ထိုရာဂဖြင့်၊ပြောပြလေဘိ၊ချက်ချင်းသိဟု၊
ကြောင်းရှိငါးလီ၊အင်္ဂါညီ၊သင့်ပြီ၊ ဒဋ္ဌုလ္လ။
၈။ အတ္တကာမ ပါရိစရိယ သိက္ခာပုဒ်
(မေထုန် (ကာမ) အလှူခံမှု)
လူမိန်းမပင်၊မိန်းမထင်လျက်၊ကိုယ့်တွက်တာဟု၊ကာမမှုဖြင့်၊ပြုစေလိုတုံ၊ရာဂကြုံ၍၊
ဂုဏ်ကိုပြောဘိ၊ချက်ချင်းသိဟု၊ကြောင်းရှိငါးလီ၊အင်္ဂါညီ၊သင့်ပြီ ကာမပရိစရိယ။
ကျားမနှစ်ရပ်၊လူသားဇတ်ကို၊ကင်းပြတ်ကွဲခိုက်၊အောင်သွယ်ထိုက်၍၊ခိုင်းခိုက်ဝန်ခံ၊
စုံစမ်းဟန်နှင့်၊တဘန်မယွင်း၊ပြန်ပြောခြင်း၊ဟု ကြောင်းရင်းငါးလီ၊အင်္ဂါညီ၊သင့်ပြီ၊ သပဉ္စရိတ်။
၁၀။ ကုဋိကာရ သိက္ခာပုဒ် (သံဃာတော်၏ ညွန်ပြမှုကို မခံယူဘဲ ပမာဏထက် လွန်သောကျောင်းကို ဆောက်မှု)
၁၁။ ၀ိဟာရ ကာရ သိက္ခာပုဒ် (ကျောင်းဆောက်လိုသောကြောင့် သစ်ပင်ခုတ်စေမှု)
၁၂။ ဒုဌဒေါသ သိက္ခာပုဒ် (ရဟန်းတော်ကို မဟုတ်ပဲ ပါရာဇိကဖြင့် စွပ်စွဲမှု)
၁၃။ ဒုတိယ ဒုဌဒေါသ သိက္ခာပုဒ် (ပါရာဇိက ဖြင့် စွပ်စွဲမှု)
၁၄။ သံဃဘေဒက သိက္ခာပုဒ် (သံဃာ သင်းခွဲမှု)
၁၅။ ဘေဒါနုဝတ္တက သိက္ခာပုဒ် (သံဃာ သင်း ခွဲခြင်း အားပေးမှု)
၁၆။ ဒုဗ္ဗစ သိက္ခာပုဒ် (အရှင်ဆန္န ဆုံးမသည်ကို မနာခံမှု)
၁၇။ ကုလဒူသက သိက္ခာပုဒ် (ပဗ္ဗဇနီယ ကံပြုသောအခါ ကံပြုသော သံဃာများကို ကဲ့ရဲ့ ရှုတ်ချမှု)
၁၂။ ဒုဌဒေါသ သိက္ခာပုဒ် (ရဟန်းတော်ကို မဟုတ်ပဲ ပါရာဇိကဖြင့် စွပ်စွဲမှု)
၁၃။ ဒုတိယ ဒုဌဒေါသ သိက္ခာပုဒ် (ပါရာဇိက ဖြင့် စွပ်စွဲမှု)
၁၄။ သံဃဘေဒက သိက္ခာပုဒ် (သံဃာ သင်းခွဲမှု)
၁၅။ ဘေဒါနုဝတ္တက သိက္ခာပုဒ် (သံဃာ သင်း ခွဲခြင်း အားပေးမှု)
၁၆။ ဒုဗ္ဗစ သိက္ခာပုဒ် (အရှင်ဆန္န ဆုံးမသည်ကို မနာခံမှု)
၁၇။ ကုလဒူသက သိက္ခာပုဒ် (ပဗ္ဗဇနီယ ကံပြုသောအခါ ကံပြုသော သံဃာများကို ကဲ့ရဲ့ ရှုတ်ချမှု)
အနာမာသဝတ္ထု = ရဟန်းတော်များမသုံးအပ်၊မကိုင်တွယ်အပ်၊မထိအပ်သောဝတ္ထုများ။
၁။ မိန်းမ။၂။ မိန်းမ၏အဝတ်တန်ဆာ။
၃။ မိန်းမရုပ်။
၎။ စပါးအမျိုးမျိုး။
၅။ ပဲနှင့်သစ်သီးအမျိုးမျိုး။
၆။ ရတနာမျိုးဆယ်ပါး။
၇။ လူသတ်လက်နက်အမျိုးမျိုး။
၈။ သား၊ငါးငှတ်သတ်လက်နက်အမျိုးမျိုး။
၉။ တူရိယာအမျိုးမျိုး။
၁၀။ အကပ်မခံရသေးသောစားဖွယ်။
၁၁။ စားကောင်းသောအသီးရှိသောအပင်အမျိုးမျိုး။
ကျမ်းကိုး။
၁။မဟာဂန္ဓာရုံဆရာတော်၏ ဘုရားဥပဒေ တော်ကြီး။
၂။ ၂၂၇ သွယ်သောဝိနည်း။ http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:167790၃။သိထားမှကောင်း ၀ိနည်းအကြောင်း http://www.lapyae000.com/2011/09/blog-post_25.html#more
ဆက်လက်ဖေါ်ပြပါမည်။
No comments:
Post a Comment