သူငယ်ချင်းနှစ်ယောက် သဲကန္တာရမှာခရီးသွားကြတယ်။
လမ်းခရီးမှာစကားများကြပြီး၊တစ်ယောက်က ကျန်သူငယ်ချင်းကိုပါးရိုက်လိုက်တယ်။
ပါးရိုတ်ခံရတဲ့သူငယ်ချင်းကအလွန်ဝမ်းနည်းသွားပေမဲ့ဘာစကားမှမပြောဘဲ သဲထဲမှာ ဒီနေ့ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းက ငါ့ပါးကိုရိုက်တယ်လို့ရေးတယ်။
ခရီးဆက်ထွက်ရာက အိုအေစစ်လေးဆီကိုေ၇ာက်လာကြတယ်။ အဲ့ဒီမှာရေချိုးဖို့ဆုံးဖြတ်ပြီးရေဆင်းချိုးကြတယ်။ ပါးချခံရတဲ့သူငယ်ချင်းဟာ ရွှံ့နွံမှာနစ်ပြီးရေနစ်စပြုချိန်မှာသူငယ်ချင်းဖြစ်သူဝင်ကယ်လို့အသက်ချမ်းသာရာရသွားတယ်။
အသက်ဘေးမှလွတ်မြောက်သွားတဲ့သူလည်း ကျောက်ခဲတစ်ခုပေါ်မှာ ဒီနေ့ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းကငါ့အသက်ကိုကယ်ခဲ့တယ်လို့ရေးတယ်။
ဒါကိုမြင်တော့ အသက်ကယ်တဲ့သူငယ်ချင်းကမေးတယ်။ ငါမင်းကိုပါးရိုက်တုံးက မင်းသဲပေါ်မှာရေးတယ်။ အခုမင်းရဲ့အသက်ကိုကယ်တော့ကျောက်ပေါ်မှာရေးတယ်။ ဘာဖြစ်လို့လဲ။
သူငယ်ချင်းကပြန်ဖြေတယ်။ တစ်ပါးသူကနာကျင်အောင်လုပ်ရင် သဲပေါ်မှာေ၇းရမယ်။ လေနဲ့တူတဲ့ ခွင့်လွှတ်ခြင်းက သဲပေါ်ကစာတွေကိုခြေဖျက်နိုင်တယ်။ တစ်ပါးသူက အကျိုးပြုခဲ့ရင် ကျောက်ပေါ်မှာရေးရမယ်။ ဘယ်လေကမှ ကျောက်ပေါ်ကစာတွေကိုမဖျက်နိုင်ဘူး။
မိမိရဲ့ နားကျည်းမှုတွေကို သဲပေါ်မှာရေးနိုင်အောင်နဲ့ ကျေးဇူးရှင်တွေရဲ့ ကျေးဇူးတရားတွေကို ကျောက်သားပေါ်မှာရေးနိုင်အောင်ကျိုးစားကြပါ။
သူတော်ကောင်းတွေ့ဖို့ တစ်မိနစ်ရှာရမယ်။ သူတို့ရဲ့တန်ဖိုးသိဖို့ တစ်နစ်ရီလိုအပ်မယ်။ သူတို့ကိုမေတ္တာထားဖို့ တစ်ရက်လိုအပ်မယ်။ ဒါပေမဲ့သူတို့ကိုမေ့ဖို့တော့ တစ်ဘ၀လုံးလိုအပ်မယ်။
တန်ဖိုးရှိရှိနေတတ်အောင်အချိန်ယူပါ။ ကိုယ့် ပိုင်ဆိုင်မှုတွေ အပေါ်မှာတန်ဖိုးမထားပါနဲ့။ ကိုယ်ရရှိတဲ့ သူတွေ ကိုတန်ဖိုးထားပါ။
No comments:
Post a Comment