လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Friday, December 21, 2012

သံဃာ့ဂုဏ်ရည် (၄)


 

 

ရဟန်း အချင်းချင်း ဒေသနာကြား (အာပတ်ဖြေ ) အပြစ်ဝန်ခံပြီး နောင်ကို မလုပ်ပါ ဟု ပြောဆို ၀န်ခံလျှင်
ပြေပျောက်နိုင်သော အပြစ်များ။

၃။ အနိယတ သိက္ခာပုဒ် ၂ ပါး။
၁၈။ ပဌမအနိယတ သိက္ခာပုဒ်(လူအများ၏ မျက်စိကွယ်ရာတွင် မာတုကာမနှင့်အတူ အကွယ်အကာရှိသော နေရာ၌ တစ်ယောက်ချင်း နေထိုင်မှု)

၁၉။ ဒုတိယအနိယတ သိက္ခာပုဒ် (လူအများ၏ နားကွယ်ရာတွင် မာတုကာမနှင့်အတူ အကွယ်အကာရှိသော နေရာ၌ တစ်ယောက်ချင်း နေထိုင်မှု)

၎။ နိဿဂ္ဂိပါစိတ် သိက္ခာပုဒ် အပါး ၃၀(စွန့်ပြစ်ရမည်)
(စီဝရ၀ဂ်)
၂၀။ ပဌမ ကထိန သိက္ခာပုဒ် (သင်္ကန်း အပို ဆောင်မှု)
၂၁။ ဒုတိယ ကထိန သိက္ခာပုဒ် (သင်္ကန်းကြီးကို မယူပဲ ခရီးထွက်မှု)
၂၂။ တတိယ ကထိန သိက္ခာပုဒ် (အကာလ၌ ရသော သင်္ကန်းကို တစ်လထက်ပိုပြီး မချူပ်ဆိုးဘဲ ထားမှု)
၂၃။ ပုရာဏ စီဝရ သိက္ခာပုဒ် (ဆွေမျိုးမတော်သော ဘိက္ခုနီအား သင်္ကန်းဖွပ်လျှော်ခိုင်းမှု)
၂၄။ စီဝရပဋိဂ္ဂဟဏ သိက္ခာပုဒ် (ဆွေမျိုးမတော်သော ဘိက္ခုနီထံ သင်္ကန်းအလှူခံမှု)
၂၅။ အညာတက ၀ိညတ္တိ ကထိန သိက္ခာပုဒ် (ဆွေးမျိုးမတော်သူထံ သင်္ကန်းတောင်းမှု)
၂၆။ တတုတ္တရိ သိက္ခာပုဒ် (သင်္ကန်းနှစ်ထည် ထက်ပိုပြီး အလှူခံမှု)
၂၇။ ဥပက္ခဋ သိက္ခာပုဒ် (သင်္ကန်းကောင်းအောင် တန်ဖိုးပိုအောင် အလွန် အထူး စီမံမှု)
၂၈။ ဒုတိယ ဥပက္ခဋ သိက္ခာပုဒ် (သင်္ကန်းကောင်းအောင် အလွန် အထူး စီမံမှု)
၂၉။ ရာဇ သိက္ခာပုဒ် (ဝေယျာဝစ္စပြုသူအား ၀တ္ထုငွေ အတင်းတောင်းမှု)


(ကောသိယ၀ဂ်)
၃၀။ ကောသိယ သိက္ခာပုဒ် (ပိုးချည်ရောနှော အခင်း ပြုလုပ်စေမှု)
၃၁။ သုဒ္ဓ္ဒကာဠက သိက္ခာပုဒ် (အနက်ရောင် သိုးမွေးအခင်း ပြုလုပ်မှု)
၃၂။ ဒွေဘာဂ သိက္ခာပုဒ် (အနက်ရောင် သိုးမွေးကို သုံးပုံ နှစ်ပုံထက် ပိုပြီး ပါဝင်စေမှု)
၃၃။ ဆဗ္ဗဿ သိက္ခာပုဒ် (ခြောက်နှစ်အတွင်း အခင်းသစ် ပြုလုပ်မှု)
၃၄။ နိသီဒနသန္ထတ သိက္ခာပုဒ် (အခင်းဟောင်းကို စွန့်ပြစ်မှု)
၃၅။ ဧဠကလောမ သိက္ခာပုဒ် (သိုးမွှေးထုပ် သယ်ဆောင်မှု)
၃၆။ ဧဠကလောမဓောဝါပန သိက္ခာပုဒ် (ဘိက္ခုနီအား သိုးမွှေးဖွပ်လျှော်ခိုင်းမှု)
၃၇။ ရူပိယ သိက္ခာပုဒ် (ရွှေ ငွေ အလှူခံယူမှု)
၃၈။ ရူပိယဝေါဟာရ သိက္ခာပုဒ် (ရွှေ ငွေ ဖြင့် လဲလှယ်မှု)
၃၉။ ကယ၀ိက္ကယ သိက္ခာပုဒ် (အရောင်း အ၀ယ်ပြုမှု)


(ပတ္တ၀ဂ်)
၄၀။ ပတ္တ သိက္ခာပုဒ် (ကိုယ်ပိုင် သပိတ်များစွာ သိမ်းစည်းထားမှု)
၄၁။ ဦနပဉ္စဗ န္ဓ န သိက္ခာပုဒ် (သပိတ်များစွာ တောင်းခံမှု)
၄၂။ ဘေသဇ္ဖ သိက္ခာပုဒ် (ဆေးပစ္စည်း သိုမှီးသိမ်းစည်းမှု)
၄၃။ ၀ဿိကသာဋိက သိက္ခာပုဒ် (မိုးတွင်းမရောက်မီ မိုးရေ ခံသင်္ကန်းရှာမှီးမှု)
၄၄။ စီဝရအစ္ဆိန္ဒန သိက္ခာပုဒ် (ပေးပြီး သင်္ကန်းပြန်ပြီး လုယူမှု)
၄၅။ သုတ္တ၀ိညတ္တိ သိက္ခာပုဒ် ( ချည်တို့ကို များစွာ တောင်းမှု)
၄၆။ မဟာပေသကာရ သိက္ခာပုဒ် (အလှူရှင် ရည်မှန်းထားသည်ထက် ပိုပြီး သင်္ကန်းရက်စေမှု)
၄၇။ အစ္စေက စီဝရ သိက္ခာပုဒ် (အစ္စေက သင်္ကန်းကို ကြာရှည်စွာ ထားမှု)
၄၈။ သာသင်္က သိက္ခာပုဒ် (ခြောက်ညဉ့်ထက်ပိုပြီး သင်္ကန်းနှင့် ကင်းနေမှု)
၄၉။ ပရိဏတ သိက္ခာပုဒ် (သံဃာသို့ညွတ်ပြီး လာဘ်ကို မိမိသို့ ညွတ်စေမှု)





ကျမ်းကိုး။
၁။မဟာဂန္ဓာရုံဆရာတော်၏ ဘုရားဥပဒေ တော်ကြီး။
၂။ ၂၂၇ သွယ်သောဝိနည်း။ http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:167790
၃။သိထားမှကောင်း ၀ိနည်းအကြောင်း http://www.lapyae000.com/2011/09/blog-post_25.html#more

ဆက်လက်ဖေါ်ပြပါမည်။

No comments:

Post a Comment