မြတ်စွာဘုရားကိုယ်တော်တိုင်ပညတ်တော်မူခဲ့သော သံဃာတော်တို့စောင့်ထိန်းရသည့်
ဝိနည်း တော်အကျဉ်း (၂၂၇) ပါး၊ အကျယ် ကုဋေကိုးထောင်ကျော်ကို သိရှိခြင်းဖြင့်သံဃာ့ဂုဏ်ကို
ကြည်ညိုသဒ္ဓါပွါးများပြီး သံဃာနုဿတိဘာဝနာ ပွါးများ နိုင်ရန်နှင့် ရခဲလှသော လူယောက်ျားဘ၀တွင်
ဗိုလ်ကေအဆုံးခံ၍ ခေတ္တခဏရဟန်းဝတ်ကြသော ဒုလ္လဘရဟန်းများ အကောင်းဆုံး ကုသိုလ်တရားများရရှိနိုင်စေရန်
(ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ မဖြစ်စေရန်)၊ ဒယကာ၊ဒယကာမများ လည်း မိမိကြောင့် ရဟန်းအာပတ်မသင့်စေရန်
ရည်ရွယ်ဖေါ်ပြပါသည်။
ကျမတို့ငယ်ငယ်က ကျောင်းကြီးပိတ်ချိန်တွင်ရပ်ကွက်တွင်းမဲဖေါက်၍စုပေါင်း
ဒုလ္လဘရဟန်းခံပွဲပြုလုပ်ကြရာ ရပ်ကွက်တွင်းရှိယောက်ျားများ တစ်ပတ်စသည် ခေတ္တရဟန်းခံကြသဖြင့်
ဒုလ္လဘ ဆိုတာခေတ္တရဟန်းပြုခြင်းလို့ အသိမှား ခဲ့ပါတယ်။ ယခုမှ ဒုလ္လဘ ဆိုတာ ပါဠိတော်ဖြစ်ပြီး ဒုလ္လဘ = ဒု = ရနိုင်ခဲသည်ကို + လဘ=ရခြင်း၊ ရအောင်ယူခြင်း။
ရနိုင်ခဲသောရဟန်းအဖြစ်ကိုရအောင်ယူထားခြင်းလို့ အဓိပ္ပါယ်ရကြောင်းသိရပါတယ်။ ဤသို့ခေတ္တရဟန်း
ဝတ်ရာတွင် ရဟန်းများစောင့်ထိန်းရမည့်ကျင့်ဝတ်ဝိနည်းများ မသိ၍ဖြစ်စေ၊ မစောင့်ထိန်းနိုင်၍
ဖြစ်စေကျူးလွန်ပါက အကျိုးမဲ့နိုင် ကြောင်းကို မန်လည်ဆရာတော်နှင့် တောင်မြို့ဆရာတော်အရှင်ဇနကာဘိဝံသတို့က
အောက်ပါအတိုင်း စာစပ်ခဲ့ကြ ပါတယ်။
မာဃဒေဝ။
ရဟန်း၊
ရဟန်း၊ မည်ပြဌာန်းလျက်၊ ရဟန်းဟူလစ် ၊ခေါ်ရာဖြစ်ရုံ၊ စနစ်ခေါက်ချိုး၊ ချုပ်ရိုးဆန်းဆန်း၊ဖန်ရည်စွန်းသား
သင်္ကန်းဝါဝါ၊ ဦးပြည်းကာဖြင့်၊ပညာကင်းပ၊ သီလမဲ့မျိုး၊ အတွင်းဆိုးကား၊အကျိုးတစ်စိ၊ ဘယ်မှာရှိလိမ့်။
တောင်မြို့ဆရာတော်အရှင်ဇနကာဘိဝံသ။
နိဗ္ဗာန်လိုလို့ရဟန်းခံ၊ရင်းစားပြန်လျှင်အာဂယောကျာ်း။
တောင်မြို့ဆရာတော်အရှင်ဇနကာဘိဝံသ။
ရဟန်းရှင်မှန်ကိုးကွယ်ခံဘို့၊ကျင့်ရန်ပုံသေ၊ညွန်ပြပေသော၊
ဉာဏ်တော်မြတ်ဖြင့်၊ပိုင်းဖြတ်ချင့်သုံး၊ကျင့်ထုံးဥပဒေတော်ကြီးပါပေတည်း။သဒ္ဓါအလျောက်၊ ဥပဒေအောက်၌ကပ်ရောက်ဝင်နေ တို့တတွေသည်၊
ကိုယ်နေဧဧ၊နှုတ်ချိုမွှေး၍၊ယဉ်ကျေး၊မွေ့သိမ်၊တည်ငြိမ်သူ့အဖြစ်သို့၊
လူသာမန်ထက်ဆင့်ဆင့်တက်၍၊မပျက်ပုံသေရောက်ကြရပေ၏။
ဘုရားသခင်၊တရားရင်ဝယ်ဖွါးမြင်ရငြား၊အို..သားတော်အများတို့၊
ယခုလည်းကောင်း၊နောင်လည်းကောင်းဘို့၊ငဲ့စောင်းထုတ်ဖေါ်၊
ထိုဥပဒေတော်ကြီးကို၊ဘခင့်စကား၊လွန်လေးစား၍၊တရားကိန်းအောင်၊
အဘယ်ရဟန်းကောင်းသည်၊မလိုက်နာပဲ၊သွေဖီလွှဲ၍၊တနဲထူးချွန်၊
အဘယ်မှာကျူးလွန်ထိုက်ပါတော့အံ့နည်း။
(၁) သံဃာတော်၏ ကောင်းပါပြီဟု ဝန်ခံကျင်သုံးရန်။
(၂) သံဃာတော်များ ချမ်းသာစေရန်။
(၃) အကျင်သီလ ဖောက်ဖျက်သူတို့ ကို နှမ်နင်းရန်။
(၄) အကျင်သီလကို ချစ်မြတ်နိုးသော ရဟန်းတို့ ချမ်းသာစွာ နေနိုင်ရန်။
(၅) မျက်မှောက်၌ ဖြစ်ကုန်သော ဆင်းရဲအထူးတို့ ကိုစောင့်စည်းရန်။
(၆) နောင်ဖြစ်လတ္တံ့ကုန်သော ဆင်းရဲအထူးတို့ ကို ပယ်ရှားရန်။
(၇) မကြည်ညိုသေးသော သူတို့ကို ကြည်ညို စေရန်။
(၈) ကြည်ညို ပြီးသော သူတို့ကို တိုး၍ ကြည်ညို စေရန်။
(၉) သူတော်ကောင်းတရား (သာသနာသုံးရပ်) တည်တံရန်။
(၁၀) ဝိနည်း (စည်းမျဉ်းဥပဒေ) ကို ချီးမြှောက်ရန်ဟူသော အကျိုးထူးဆယ်ပါးတို့ကို အစြွဲပု၍ ရဟန်းတို့အား သိက္ခာပုဒ် ကို ပညတ်တော်မူခဲ့ပါသည်။ မြတ်စွာဘုရားသည် ပြဿနာပေါ်သောအခါမှသာ သိက္ခာပုဒ်ကို ပညတ် တော်မူခဲ့ ပါသည်။ ရှင်အာနန္ဒာမှ အဘယ်ကြောင့် ကြိုတင်၍ မ ပညတ်ပါသနည်းဟု လျောက်တော်မူသောအခါ။ ကြိုတင် ပညတ်ပါက ရဟန်းတို့အားချုပ်ချယ်သည်ဟုထင်မြင်ပြီး ဘုရားပေါ်တွင် ပြစ်မှားကြ၊ အကုသိုလ်ပွါးကြမည်ကို ကာကွယ်ရန်ဖြစ်ပါသည်။
၁။ ပါရာဇိက သိက္ခာပုဒ် ………………….. ၄ ပါး။
၂။ သံဃာဒိသိသ် သိက္ခာပုဒ်…………….. ၁၃ ပါး။
၃။ အနိယတ သိက္ခာပုဒ်……………………. ၂ ပါး။
၎။ နိဿဂ္ဂိပါစိတ် သိက္ခာပုဒ်……………… ၃၀ ပါး။
၅။ သုဒ္ဓပါစိတ် သိက္ခာပုဒ်…………………..၉၂ ပါး။
၆။ ပါဋိဒေသနီ သိက္ခာပုဒ်…………………… ၄ ပါး။
၇။ သေခိယ သိက္ခာပုဒ်…………………….. ၇၅ ပါး။
၈။ အဓိကရဏ သမထ………………………. ၇ ပါး။
သိက္ခာပုဒ်ပေါင်း ……………….. ၂၂၇ ပါး။
သိက္ခာပုဒ် အကျယ်အားဖြင့် ၉၁,၈၀၅,၀၃၆,၀၀၀ ပါး။
ဝိနည်းတဲ့သိက္ခာ၊နှစ်ရာနှစ်ဆယ့်ခွန်မှ၊ချဲ့ပြသောခါ၊ကုဋေလာ၊ကိုးထောင်ကျော်သာ၍၊ဘယ်သိက္ခာ
ဘယ်မှပွါးသည် ဟု အကျဉ်းသာ သွင်းကာကြားလို့ရယ်ပွါးပြစေကြောင်း။
ကိုးထောင့်တစ်ရာရှစ်ဆယ်သာ၊သင်္ချာကုဋေထုတ်၊ငါးသန်းသုံးသောင်း၊ခြောက်ထောင်
ပေါင်း၊ များတောင်းသိက္ခာပုဒ်။ ပါတိမေါက်သာမဆိုရာ၊လေးဖြာသီလချုပ်။ ပေလာယျလျှင်၊ အမြွတ်တင်၊ချုံးလျှင်ပြဆောင်လုပ်။
မည်သည့်သိက္ခာပုဒ်မှလာ၊ပြောသာမည်မဟုတ်။အပရိယန္တ၊မြတ်သီလ၊ဟော်ပြ သိက္ခာပုဒ်။
၁။ ဂရုကအာပတ် ၂မျိုး (ကြီးလေးသောအာပတ်)
၂။ လဟုကအာပတ် ၅မျိုး
ဂရုကအာပတ် ၂မျိုး။
၁။ ပါရာဇိက အာပတ်(ရဟန်းဘ၀မှ ဆုံးရှူံးရသော အပြစ်)
၂။ သံဃာဒိသိသ်အာပတ်(ရဟန်း သံဃာမှ ၀ိုင်းဝန်းကူညီ စောင့်ရှောက်ပေးမှ ကုစားလို့ရသော အပြစ်)
၁။ ပါရာဇိက အာပတ်(ရဟန်းဘ၀မှ ဆုံးရှူံးရသော အပြစ်)
၂။ သံဃာဒိသိသ်အာပတ်(ရဟန်း သံဃာမှ ၀ိုင်းဝန်းကူညီ စောင့်ရှောက်ပေးမှ ကုစားလို့ရသော အပြစ်)
လဟုကအာပတ် ၅မျိုး။
၃။ ထုလ္လစ္စဉ်းအာပတ်(ကြီးလေးသောအပြစ် သံဃာဒိသိသ်အောက် ကြီးလေးသော အပြစ်)
၎။ ပါစိတ်အာပတ်(ကုသိုလ်စိတ်မှ လျောကျစေသော အပြစ်)
၅။ ပါဋိဒေသနီအာပတ်(သီးခြားထုတ်ဖော် ပြောကြားရသောအပြစ်)
၆။ ဒုက္ကဋ်အာပတ် (မကောင်းသော လုပ်ဆောင်ချက်အဖြစ် လူအများ ကဲ့ရဲ့ဖွယ် အပြစ်)
၇။ ဒုဗ္ဘာသီအာပတ် (မကောင်းသော ပြောဆိုမှုအဖြစ် လူအများ ကဲ့ရဲ့ဖွယ် အပြစ်)
၃။ ထုလ္လစ္စဉ်းအာပတ်(ကြီးလေးသောအပြစ် သံဃာဒိသိသ်အောက် ကြီးလေးသော အပြစ်)
၎။ ပါစိတ်အာပတ်(ကုသိုလ်စိတ်မှ လျောကျစေသော အပြစ်)
၅။ ပါဋိဒေသနီအာပတ်(သီးခြားထုတ်ဖော် ပြောကြားရသောအပြစ်)
၆။ ဒုက္ကဋ်အာပတ် (မကောင်းသော လုပ်ဆောင်ချက်အဖြစ် လူအများ ကဲ့ရဲ့ဖွယ် အပြစ်)
၇။ ဒုဗ္ဘာသီအာပတ် (မကောင်းသော ပြောဆိုမှုအဖြစ် လူအများ ကဲ့ရဲ့ဖွယ် အပြစ်)
သာပတ္တိကဿ
ဘိက္ခဝေ နိယရံ ဝါ ဝဒါမိ တိရစ္ဆာ နယောနိံဝါ = အာပတ်နှင့်တကွစုတေရင် ငရဲသော်လည်းကျ၊
တိရစ္ဆာန်သော်လည်းဖြစ်၊ အောက်ထစ်ဆုံးပြိတ္တာတော့ကြိမ်းသေတယ်။
ဘုန်းကြီးလူထွက်ပေါ့ပျက်ပျက်၊
ဟင်းချိုရေသွက်အသောက်ခက်။
တောင်မြို့ဆရာတော်အရှင်ဇနကာဘိဝံသ။
အာပတ်ဆိုတာဂျိုနဲ့လားလို့ထင်တဲ့သူတွေဝိနည်းမလေးစားသူတွေ၊
နောက်ဘဝဂျိုပေါက်လိမ့်မယ်။ ဘုန်းကြီးဘဝမနေရရင်လဲရှင်းရှင်း၊နေရရင်လဲသူတော်ကောင်းဘဲလုပ်မယ်။
သာသနာမှာနေပြီးသာသနာလဲမပြု၊ဘာဝနာလဲမရှုကြရင်၊အသေမလှပါ။
ဓမ္မဘေရီအရှင်ဝီရိယ။
သီလသိက္ခာမပါပဲကျန်သောသိက္ခာများမပွါးနိုင်ပါဘူး။သီလဆိုတာကုသိုလ်အားလုံးရဲ့
အစဖြစ်ပါတယ်။ နောင်လုံးဝ မလုပ် တော့ပါဘူးလို့ယတိပြတ်ဆုံးဖြတ်မှု(အာယတိံသံ ဝရစေတနာ) မပါပဲပါးစပ်က ဝန်ခံရုံနဲ့
တော့သီလမစင်ကြယ်ဘူး။ ဒါကြောင့်ရှေးဆရာတော်ကြီးများက သံဝရအာယတိံမပါလျှင် ခါအကြိမ်တရာ
ကြားသော်လည်းလားလား မှအာပတ်မပြေ ဟုမိန့်တော်မူတာပါ။
ပါရာဇိက ၄ပါး (ရဟန်းဘ၀မှ
ဆုံးရှူံးရသော အပြစ်)။ ထိုပါရာဇိကကျပြီးသောရဟန်းကိုသိမ်အတွင်း၌အရာအထောင်မကသော ရဟန္တာတို့က ဉတ်ကမ္မဝါစာကို
အကြိမ် အရာအထောင်မက ဖတ်၍ရဟန်းခံပေးသော်လည်း ရဟန်းမဖြစ်။ ရှင်သာမဏေဘဝကိုမူရနိုင်ပါသည်။
သို့မဟုတ် လူဝတ်လဲရသည်။ ပါရာ ဇိကကျပြီးသောရဟန်းသည်မိမိအပြစ်ကိုဝန်မခံရဲဘဲ ရဟန်းယောင်ဆောင်ပြီးအခြား
ရဟန်း စစ်များနှင့်ရောနှောနေပါက အပြစ်များထပ်ကာထပ်ကာဖြစ်ကာပိုမိုနစ်မွန်းမည် ဖြစ်သည်။
သံဃာ့ကိစ္စအားလုံးတွင်လည်းပါရာဇိကကျပြီးသောရဟန်းကိုသံဃာအရည်
အတွက်အဖြစ် ထည့်သွင်းရေတွက် မိပါကသိ၍ဖြစ်စေမသိသောကြောင့်ဖြစ်စေ သံဃာ့ အမှုကိစ္စများအထမမြောက်၊မအောင်မြင်ပါ။
ဥပမာ - သာသနာတော် တွင်အလွန်အရေးကြီးသည့်သိမ်သမုတ်ရာ၌ရဟန်းကောင်းအနည်းဆုံး လေးပါး ပါဝင်ဆောင်ရွက်မှသိမ်
အောင်မည်ဟု သတ်မှတ်ချက်ရှိရာယင်းလေးပါး၌ပါရာဇိကကျပြီးသူပါဝင်နေပြီး ရဟန်းကောင်းလည်း
အပိုမပါဘဲ သိမ်နုတ်လျှင် သော်လည်းကောင်း၊သိမ်သမုတ်လျှင် သော်လည်းကောင်း ထိုသိမ်မအောင်မြင်နိုင်ပေ၊
ရဟန်းခံခြင်း၊ ဥပုသ်ပြုခြင်း၊ ပဝါရဏာပြုခြင်း၊ကထိန်ခင်းခြင်းအစရှိသောသံဃာ့ကိစ္စတို့၌လည်းထိုနည်းတူဖြစ်သည်။
ထိုပြင်ပါရာဇိကကျသောရဟန်းကြောင့် မအောင်မြင်သောသိမ်တွင်ပြုလုပ်သည့်
သံဃာ့ကိစ္စအားလုံးတို့သည် လည်း အစဉ်အဆက် အထမမြောက် မအောင်မြင်တော့ပေ။ သိမ်အတွင်းတွင်
သံဃာနှင့်ဆိုင်ရာအမှုကိစ္စများပြုလုပ်ရာ၌ ပါရဇိကကျပြီးသောရဟန်းတု ရဟန်းယောင် ပါဝင်နေပါက
အခြားရဟန်းကောင်းများမှာ သိ၍ဖြစ်စေ မသိသော ကြောင့်ဖြစ်စေ ဒုက္ကဋ်အာပတ်သင့်သည်။ ထိုကြောင့်
သာသနာတော်အတွက် အလွန်အန္တရာယ်ကြီးမားလှသော ရဟန်းတု ရဟန်းယောင်များကို ဤသာသနာတော်မှနှင်ထုတ်ရန်
မြတ်ဗုဒ္ဓကိုယ် တော်တိုင်ဟော ကြားတော်မူခဲ့ သည်။
ပါရာဇိကကျသောရဟန်းများပါဝင်လာပါကလည်း ကံမြောက်စေရန်
လိုအပ်သောရဟန်းထက်ပိုပြီး ရဟန်းများ ထည့်ခြင်း တစ်ပါးနှင့်တစ်ပါးလည်း နီးကပ်စွာထိုင်ကြသည်။
ကံမြောက်အောင်ရဟန်းစစ်များ တစ်ပါးနှင့် တစ်ပါး နှစ်ထောင့်ထွာ ထက်မကွာရပါ။ (တဘက်ရဟန်း၏အပြင်ဘက်ဆုံးကိုယ်အင်္ဂါ
နှင့်မိမိ၏အနီးဆုံးအင်္ဂါနှင့်တိုင်းရသည်။)
ကျမ်းကိုး။
၁။မဟာဂန္ဓာရုံဆရာတော်၏ ဘုရားဥပဒေ တော်ကြီး။
၂။ ၂၂၇ သွယ်သောဝိနည်း။ http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:167790
၃။
သိထားမှကောင်း ၀ိနည်းအကြောင်း http://www.lapyae000.com/2011/09/blog-post_25.html#more
ဆက်လက်ဖေါ်ပြပါမည်
No comments:
Post a Comment