၁။ မေထုန ဓမ္မ ပါရာ ဇိက (မေထုန်
မှီဝဲမှု) ။ (ရဟန်း နှင့် အထီး အမ သတ္တ၀ါ မှီဝဲမှု)
(၁) မူလပညတ်။ ရှင်သုဒိန်။ မယားဟောင်း၌မေထုန်မှီဝဲမှု။(၂) ပဌမအနုပညတ်။ တောကျောင်းဘုန်းကြီး။ မျောက်မ၌မေထုန်မှီဝဲမှု။
(၃) ဒုတိယအနုပညတ်။ ဝေသာလီရဟန်းများသိက္ခာမချပဲမေထုန်မှီဝဲမှု။
အင်္ဂါ (၂) ပါးရှိသည်။
၁။ မှီဝဲလိုစိတ်ရှိခြင်း။၂။ တစ်ခြားသောသူ(လူမိန်းမ၊လူယောကျာ်း၊တိရစ္ဆာန်၊အထီး၊အမ၊အားလုံးပါဝင်သည့်အပြင် မိမိအင်္ဂါကို မိမိ၏ပါးစပ်ဖြင့် (ဝါ) မိမိစအိုသို့ သွင်းခြင်းများပါ အကြုံးဝင်သည်။ မှီဝဲသွားလာရာ၌ ပဿာဝမဂ် = ကျင်ငယ်သွားရာလမ်းပေါက်၊ ဝစ္စမဂ္ဂ = ကျင်ကြီးသွားရာလမ်းပေါက်၊ မုခမဂ္ဂ = ခံတွင်းပေါက်တို့၌ သွားလာကျူးလွန်လျှင် နှမ်းတစ်စေ့မျှ သွင်းမိလျှင်ပင် ပါရာဇိက အပြစ်ကျသည်။ လူသေကောင်တွင်မှီဝဲလျှင် အင်္ဂါသည် တစ်ဝက်နှင့် ၎င်း၏အထက်ခွေးစား၍ စသည် ပျက်စီး နေလျှင် ထုလ္လစ္စဉ်းအာပတ်သင့်သည်။ အရိုး(ဝါ) လုံးဝပျက်စီးနေလျှင် ဒုက္ကဋ်အာပတ်သင့်သည်။
မှီဝဲလိုဘိ၊စိတ်ကူးရှိ၍၊သူ၏မဂ်တွင်းကိုယ့်မင်္ဂသွင်းဟုကြောင်းရင်းနှစ်လီအင်္ဂါညီ၊
သင့်ပြီ၊ပဌမပါရာဇိက။
ဝိနည်းကျင့်ဝတ်၊တစ်ပါးတတ်က၊လူနတ်ဦးခိုက်ပူဇော်ထိုက်၏။
ဝိနည်းကျင့်ဝတ်၊တစ်ပါးချွတ်က၊လူနတ်မကြိုက်ကဲ့ရဲ့ထိုက်၏။(၁) မူလပညတ်။ ရာဇဂြိုဟ်ပြည်၌အိုးထိန်းသည်၏သား အသျှင်ဓနိယဗိမ္ဗိသာရမင်းကြီး၏ သစ်တို့ကို မပေးလှူဘဲ လှည့်ဖြားပြီးယူမှု။
(၂) အနုပညတ်တစ်ပါး။ ဆဗ္ဗဂ္ဂိရဟန်းများခဝါထုပ်ခိုးမှု။
အင်္ဂါများ။
၁။ လူစင်စစ်၏ဥစ္စာဖြစ်ခြင်း။ ၂။ သူတစ်ပါးဥစ္စာဖြစ်မှန်းသိခြင်း။
၃။ ခိုးလိုစိတ်ရှိခြင်း။
၎။ဂရုပရိက္ခရာဖြစ်ခြင်း(ဂရု=ကြီးလေးသော+ရိက္ခရာ=ပစ္စည်း။ တစ်မတ်တန်ဥစ္စာနှင့်၎င်း၏အထက်)။
၅။ ခိုးယူခြင်း။
လူဇတ်ရှိငြား၊သူတစ်ပါး၏၊ပိုင်ထားဥစ္စာ၊သူ့ဥစ္စာဟု၊သိမှတ်မှုနှင့်၊ဂရုပရိတ်၊ထေယျ
စိတ်သွင်း၊ ခိုးယူခြင်းဟု ကြောင်းရင်းငါးလီ၊အင်္ဂါညီ၊ကျပြီ၊ပါရာဇိတ်။
သူတစ်ပါးဥစ္စာကို တစ်မတ် ထိုက်သောတန်ဖိုးယူခြင်း။
ခေတ်ပေါက်ဈေးတစ်မတ်တန် နီလကဟာပဏရွှေ (ရွှေငါးပဲ+ ငွေငါးပဲ + ကြေးနီဆယ်ပဲ = တစ်ကျပ်။ ၎င်း၏လေးပုံတစ်ပုံသည်တစ်မတ်)။
တပဲတန်အထက်တစ်မတ်တန်အောက်ခိုးလျှင်
ထုလ္လစ္စည်းအာပတ်။တပဲနှင့်တပဲတန်အောက်ခိုးလျှင် ဒုက္ကဋ်အာပတ်။
ဝိနည်းလေးစားသောဆရာတော်ကြီးများ အဖိုးတန်သော
တစ်ပါးသူတို့၏ ပစ္စည်းများကိုကိုင်တွယ် လေ့ မရှိပါ။ ကိုင်တွယ်စဉ်
လိုချင်သောစိတ်ဖြစ်ပါက ခိုးရာရောက်သောကြောင့်ဖြစ်သည်။
(၁) မူလပညတ်။ မုဆိုးဘဝမှလာသောဝေသာလီပြည်၌ (၅၀ဝ) သောရဟန်းတို့ အသုဘကမ္မဋ္ဌာန်း ကျင့်ပြီး မိမိကိုယ် သတ်မှု၊အချင်းချင်းသတ်ဖြတ်မှု။ မိဂလကဏ္ဍိက ရဟန်းယောင်(ရဟန်းအသွင်ရှိသော်လည်း ရသေ့ကဲ့သို့ကျင့်သူ အားသတ် ခိုင်းမှု။
(၂) အနုပညတ်။ ဆဗ္ဗဂ္ဂိရဟန်းများလူနာ၏မယားချော်ရမည်ထင်၍သေခြင်း၌အကျိုးရှိပုံ ဟောမှု။
အင်္ဂါများ။
၁။ လူစစ်ဖြစ်ခြင်း။ ၂။ သတ္တဝါဟုသိခြင်း။
၃။ သတ်လို၊သေစေလိုသောစိတ်ရှိခြင်း။
၎။ လုံ့လစိုက်ခြင်း။
၅။ သေခြင်း။
လူဇတ်လည်းရှိ၊သတွာဟုသိ၍၊သတ်မည့်လိုလား၊စိတ်စက်ထားဖြင့်၊အားပါးစိုက်လျှင်း၊
စုတေခြင်းဟုကြောင်းရင်းငါးလီအင်္ဂါညီ၊ကျပြီပါရာဇိတ်။
၁။ သတွာဟုသိလျက် လူကိုတမင်အားထုတ်၍သတ်ခြင်း၊သတ်ခိုင်းခြင်း။
လူမဟုတ်ဘဲ လူယောင်ဆောင်သောပြိတ္တာ၊ ဘီးလူး၊ နတ်ဘီးလူးစသည်သတ်လျှင် ထုလ္လစ္စဉ်းအာပတ်၊ တိရ
စ္ဆာန်သတ်လျှင် ပါစိတ်အာပတ်။ လူဖြစ်လျှင်ကား ပဋိသန္ဓေအချိန်တွင်ပင်ကိုယ်ဝန်ကျဆေးပေးခြင်း၊
ဗိုလ်ကိုအနှိပ်ခံစေခြင်းပြုလုပ်လျှင်ပါရာဇိကကျ၏။ သတွာမှန်သိမှ လည်းပါရာဇိကကျသည်။ မှောင်ထဲမှာသစ်ပင်ထင်လျှက်သတ်မိလျှင်ပါရာဇိကမကျ။
သေစေလိုသောစိတ်ရှိမှလည်း ပါရာဇိကကျသည်။ ညှဉ်းဆဲရင်းသေလျှင် ပါစိတ်ကျသည်။
သတိပြုရန်။
၁။ သေချင်လာအောင်ပြောရုံမျှဖြင့်အာပတ်သင့်သည်။
ဆင်းရဲစွာရောဂါခံနေရသူကို သနားပြီးမြန်မြန်သေအောင် လုပ်ခြင်း၊ တောင့်တပြီးပြောခြင်းကြောင့်
သေချိန်ထက်စောပြီးသေလျှင် အာပတ်သင့်သည် ထိုကြောင့်လူနာဘေးတွေ မှားသော အားပေးစကား မပြောမိအောင်သတိထားရမည်။
၂။ သေချင်နေသူအား အလွယ်တကူသေနိုင်ရန် လက်နက်ကို အနား၌ထားခြင်း။ ၃။ ဆင်းရဲစွာနေရသောအပြစ်ကို ပြောခြင်း၊ရောက်ရမည့်ဘဝ၏ အကျိုးကိုပြောခြင်း။ သေခြင်း၏အကျိုးကိုပြောခြင်း။ ၄။ သေနည်းများပြောပြခြင်း။
အမှတ်မဲ့ကိုယ်ဝန်ကျဆေးညွှန်မိ၍ကိုယ်ဝန်ပျက်လျှင်ပါရာဇိကအပြစ်ဖြစ်သည်။ ထိုကြောင့် ရဟန်းများဆေးမကုရန် ပညတ်တော်မူခြင်းဖြစ်သည်။
(၁) မူလပညတ်။ ဝေသာလီပြည်၌ဝဂ္ဂုမုဒါမြစ်ကမ်း၏အနီးအနား၌နေကုန်သော ဝဇ္ဇိရဟန်းတို့ အငတ်ဘေးကြောင့် ဆွမ်း မရသဖြင့် ဆွမ်းရအောင်တစ်ပါးကိုတစ်ပါးက ကြွားဝါးပြီး ဈာန်မဂ်ဖိုလ်ရသည်ဟု လူတို့အား လိမ်ညာပြောဆိုကြခြင်း ကြောင့်ပညတ်တော်မူသည်။
မြတ်စွာဘုရားကဲ့ရဲ့တော်မူပြီး ဒမြငါးမျိုး ဟောတော်မူသည်။
ပထမဒမြ = သာသနာတော်ကိုမှီပြီးမိမိကြီးပွါးရေးအတွက်အားထုတ်သောသူ။ဒုတိယဒမြ = မြတ်စွာဘုရားတရားတော်ကိုသူကိုယ်တိုင်သိသကဲ့သို့ပြောခြင်း။
တတိယဒမြ = သီလစင်ကြယ်သောရဟန်းကိုသီလမစင်ကြယ်ဟုစွပ်စွဲခြင်း။
စတုတ္ထဒမြ = သံဃိကပစ္စည်း (မြတ်ဝါးပင်လျှင်) လူအားပေးခြင်း။
ပဉ္စမဒမြ = ဈာန်မဂ်ဖိုလ်မရဘဲယုတ်မာသောအလိုဆိုးဖြင့်(လာဘ်ရရန်၊ကြွားဝါရန်) ရရှိနေသယောင် လူတို့ကို ပြောဆိုခြင်း သည် တလောကလုံးကိုလိမ်ရာကျသောကြောင့် အဆိုးဆုံးဒမြ။
(၂) အနုပညတ်။ ဈာန်မဂ်ဖိုလ်မရဘဲ ယုတ်မာသောအလိုဆိုးဖြင့်(လာဘ်ရရန်၊ကြွားဝါရန်)
ရရှိနေ သယောင်ပြောဆိုခြင်း။ ယုတ်စွအဆုံးအထင်ကြီးစေလိုသောစိတ်ဖြင့်(ဘုန်းကြီးတော့ မြို့ကျောင်း၊
ရွာကျောင်းမှာ မနေချင်တော့ပါဘူး တောကျောင်းလေးမှာသာအေးအေးဆေးဆေးနေချင်တော့တာဘဲ)ဟုမပြောကောင်းပေ။
ဈာန်မဂ်ဖိုလ်မှတစ်ပါး သော တရားတို့ကို လိမ်လည်ပြောကြားလျှင်ကား သမ္မဇာနသာဝါဒပါစိတ်အာပတ်သင့်၏။
နတ်ကိုပြောလျှင် ပါရာဇိကကျ သည် (နတ်သည်အသိမြန်လွန်းသောကြောင့်)။
လူကိုပြောလျှင်နားထောင်သူကချက်ချင်းနားလည်မှပါရာဇိကကျသည်။
အကြာကြီးနေမှ သဘောပေါက် သွား လျှင် ပါရာဇိကမကျ။
ဈာန်၊မဂ်ဖိုလ်ဥတ္တရိရယ်က၊မိမိ၌မရှိမှန်၊ပါပိစ္ဆာစိတ်ဝါးကြွားနှင့်၊ပြောမှားမိဟန်၊
သူတစ်ပါးမညွှန်ပြန်၊ နားခံသူ့လူသား၊ပြောခြင်းပင်၊အမြန်သိလျှင်လ၊အင်ငါးတန် အမှန်ရှိတာကြောင့်
စတုတ္ထပါရာဇိငယ်ကျ၏မမှား။
၂။ ၂၂၇ သွယ်သောဝိနည်း။ http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:167790
၃။သိထားမှကောင်း ၀ိနည်းအကြောင်း http://www.lapyae000.com/2011/09/blog-post_25.html#more
ဆက်လက်ဖေါ်ပြပါမည်။
ကျမ်းကိုး။
၁။မဟာဂန္ဓာရုံဆရာတော်၏ ဘုရားဥပဒေ တော်ကြီး။ ၂။ ၂၂၇ သွယ်သောဝိနည်း။ http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:167790
၃။သိထားမှကောင်း ၀ိနည်းအကြောင်း http://www.lapyae000.com/2011/09/blog-post_25.html#more
ဆက်လက်ဖေါ်ပြပါမည်။
No comments:
Post a Comment