လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Wednesday, May 27, 2015

“ကိုယ့်ကိုကိုယ်စစ် စိတ်မညစ်နဲ့”

“ကိုယ့်ကိုကိုယ်စစ် စိတ်မညစ်နဲ့”
•••••••••••••••••••••••••••••••••••
-ကိုယ်ကောင်းသလို
သူမကောင်းလည်း ကိုယ်မပြောင်းပါစေနဲ့။
သူမကောင်းရင် သူ့အကြောင်းပဲလေ။ 
သူ့အကြောင်းဟာ သူ့အကျိုးပဲပေါ့။
သူ့အကျိုးဟာ ကိုယ့်အဆိုးမဖြစ်ဖို့ပါပဲ။
-ကိုယ်ကျေးဇူးပြုဖူးသူက
ကိုယ့်ကျေးဇူး မသိရင်လည်း
ရှိပါစေတော့။ ကိုယ်သိနေရင်ပြီးတာပဲလေ။
သူမသိတတ်တာ သူ့အပိုင်းပဲပေါ့။
သူရိုင်းသလို ကိုယ်မရိုင်းဖို့က ကိုယ့်သမိုင်းပါပဲ။
- ကိုယ်နားလည်ပေးသလောက်
သူကောက်နေလည်း ကိုယ်မဖောက်မိပါစေနဲ့။
ကိုယ်ဘက်ကတော့ ဖြောင့်နေဖို့ပဲ မဟုတ်လား။
သူနားမလည်တာ ကိုယ်အားငယ်ဖို့မှ မဟုတ်တာ။
အချိန်တန်ရင် နားလည်မှုတွေရ ၊
အားငယ်မှုတွေ ကျသွားမှာပါပဲ။
-【ဆရာတော်မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)】
Posted by►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment