လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Monday, May 11, 2015

"ဒက္ခိဏသာခါဆင်းတုတော်နှင့် ထေရဝါဒဗုဒ္ဓဘာသာ၏ စပ်လျဉ်းမှု"

"ဒက္ခိဏသာခါဆင်းတုတော်နှင့်
ထေရဝါဒဗုဒ္ဓဘာသာ၏ စပ်လျဉ်းမှု"
**********************
ဤဆင်းတု၏မူလဇစ်မြစ်မှာမြန်မာ့လက်ရာ
မဟုတ်ပေ။
"မုံးရွှေဇေတ၀န်ဆရာတော်ဘုရားကြီး"က
"သမန္တစက္ခုဒီပနီကျမ်း"၌သက္ကရာဇ်(၇၇၈)ခုနှစ်"မိုးညှင်းမင်းတရားကြီး
"လက်ထက်၊ဒက္ခိဏသာခါဆင်းတုများ
"သီဟိုဠ်(သီရိလင်္ကာ)နိုင်ငံ"မှ"မြန်မာနိုင်ငံ"သို့
စတင်ရောက်ရှိလာကြောင်းမိန့်ဆိုထားသည်။
"ဒိက္ခိဏ" ပါဠိ ကား"တောင်"၊"သာခါ"ပါဠိ ကား"ကိုင်း-အခက်"။ထို့ကြောင့် "ဒက္ခိဏသာခါ"ဟူသည် "တောင်ကိုင်း"ဟုအဓိပ္ပါယ်ရ၏။
သာသနာတော်သက္ကရာဇ်(၂၃၆)ခုနှစ်၌"သီရိဓမ္မာသောကမင်းကြီး"သည်သမီးတော်"သင်္ဃမိတ္တ"အား"သီဟိုဠ်"သို့သာသနာပြုစေလွှတ်ခဲ့သည်။ထိုအခါ"ဒက္ခိဏသာခါ"ခေါ် "မဟာဗာဓိပင် တောင်ကိုင်း" ကိုလည်းပင့်ဆောင်သွားစေသည်။
ထိုကိုင်းမှ(ကျိုးပဲ့သည်ဟုထင်ရသည့်)အချို့အသားများများကိုဆင်းတုထုရာမှ"ဒက္ခိဏသာခါဆင်းတု"ဖြစ်ပေါ်လာသည်။ထို့ကြောင့်မူလလက်ရာမှာသီဟိုဠ်(သီရိလင်္ကာ)သားတို့၏လက်ရာဖြစ်သည်။
အမျိုးချစ်သောမျိုးချစ်စိတ်တစ်ခုတည်းဖြင့်ပင်ဤဆင်းတုထက် မြန်မာလက်ရာစစ်စစ်ကျောက်ဆင်းတုတော်ကိုသာပိုမိုကိုးကွယ်လိုကြပေမည်။
ထို့ပြင်ယင်း"ဒက္ခိဏသာခါဆင်းတု"၏အချိုးအဆစ်သည်မပြေပြစ်လှ။
"မျက်နှာတော်"နှင့်"ကိုယ်တော် "အလျားသည်အတူတူလောက်ဖြစ်နေပြီး "ပုအိုင့်အိုင့်" ဖြစ်နေသည်။
ထုလုပ်သူတို့ ၏ ညံ့ဖျင်းမှု သာဖြစ်၏။
ဗုဒ္ဓဘုရားရှင်ကားဤသို့မဟုတ်ပေ။
"ဗြဟ္မုဇုဂတ္တတာ=ဗြဟ္မာမင်းကဲ့သို့ဖြောင့်စင်းသောကိုယ်တော်ရှိသော၊
နိဂြောဓပရိမဏ္ဍလတာ=ပညောင်ပင်ကဲ့သို့အလံ နှင့်အရပ်ညီမျှသောကိုယ်တော်ရှိသော"
စသည်လက္ခဏာများရှိပေသည်။
ထို့ကြောင့်"ဗြဟ္မာယုပါမောက္ခကြီး"၏တပည့်"ဥတ္တရလုလင်"သည်ခုနှစ်လကြာအောင်ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုကြည့်ရှုစစ်ဆေးခဲ့သော်လည်းအပြစ်ဟူ၍ မြူမှုန် မျှမတွေ့ရ။ဤသို့သပ္ပါယ်လှ၏။
ယခု "ဒက္ခိဏသာခါ ဆင်းတု"များကား ဗုဒ္ဓမြတ်စွာဘုရားရှင်၏ သပ္ပါယ်မှု အသရေ ကိုဖျက်ဆီးနေသကဲ့သို့ ရှိ၏။
ထို့ကြောင့်အမရပူရမြို့၊မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးကယခုပန်းပုဆရာများသည်ဗုဒ္ဓမြတ်စွာဘုရားရှင်၏ရုပ်ဆင်းတော်ကိုမီအောင်မထုနိုင်သောကြောင့်ဆင်းတုထက်စေတီတည်ထားကိုးကွယ်မှုကိုသာ နှစ်သက်ကြောင်း "တစ်ဘ၀သံသရာ"၌ရေးသားခဲ့ပေသည်။
ထို့ပြင်
"ယခု လူတွေထုလုပ်ထားကြတာက လူလောက်တောင်မှမချောဘူး"ဟု
"တစ်ဘ၀သံသရာ"စာအုပ်တွင်လည်း
မိန့်ဆိုထားခဲ့ပေ၏။

No comments:

Post a Comment