လာေရာက္ၾကသူေတြေရာ မလာနိုင္သူေတြပါ မဂၤလာအေပါင္းနဲ႔ ျပည့္စံုၾကပါေစ

Saturday, May 23, 2015

စားပြဲထုိးကေလးငယ္မ်ားကို စာသင္ေပးတဲ့ကား

စားပြဲထုိးကေလးငယ္မ်ားကို စာသင္ေပးတဲ့ကား
လမ္းထဲကို အဲ့လို ကားေလးေတြ ဝင္လာရင္ ၾကိဳဆုိပါ။ ဦးစားေပးပါ။ သူတို႔ဟာ လက္ဘက္ရည္ဆိုင္မွာ စားပြဲထုိးအျဖစ္ လုပ္ကိုင္ေနတဲ့ ကေလးငယ္မ်ားကို ပညာတတ္ၾကီးမ်ား ျဖစ္လာေအာင္ အခမဲ့ ပညာသင္ေပးဖို႔ ေရာက္ရွိလာမယ့္ ကားမ်ား ျဖစ္ပါတယ္။
ျမန္မာျပည္ရဲ႕ ဆင္းရဲႏြမ္းပါးမွုနဲ႔ ဖြံ႔ျဖိဳးတုိးတက္မွုေႏွးေကြးရျခင္းမွာ ပညာကုိ လူတိုင္း စားသံုးခြင့္မရျခင္း ျဖစ္ပါတယ္။ ပညာစားသံုးခြင့္ မရျခင္းေၾကာင့္ လူစြမ္းအား အရင္းအျမစ္ ထိထိေရာက္ေရာက္ အသံုးမခ်ႏိုင္ပဲ ဆင္းရဲတဲ့ ဝဲဂယက္မွာသာ သံသရာ လည္ရျခင္း ျဖစ္ပါတယ္။ ဒါေတြကို ေျဖရွင္းဖုိ႔အတြက္ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္က Myanmar Mobile Education Project (myMe) ဆုိတာ ေပၚေပါက္လာ ပါတယ္။ ျပည္တြင္းက ေစတနာ လုပ္အားေပး လူတစ္စုမွ စတင္ျပီး ယခုေတာ့ ကမၻာက အသိအမွတ္ျပဳ အဖြဲ႔အစည္း ျဖစ္လာျပီး ေရႊ႕လ်ား ပညာသင္ၾကားေရး အစီအစဥ္ကို တုိးခ်ဲ႕ လုပ္ေဆာင္ေနပါျပီ။
ယခင္တုန္းက ဗိုက္ပူကားၾကီးမ်ားနဲ႔ သင္ေပးခဲ့ပါတယ္။ ယခုေတာ့ စာသင္ေက်ာင္းငယ္ေလးတစ္ခုပမာ အဆင့္သင့္ ဖန္တီးထားေပးတဲ့ ကားမ်ားကို Samsung Electornic (ဆမ္ေဆာင္း အီလက္ထေရာနစ္) မွ လွဴဒါန္းခဲ့ျပီး ရန္ကုန္မွ စလုိ႔ ဆင္းရဲႏြမ္းပါး စားပြဲထိုး ကေလးငယ္မ်ားကို ရပ္ကြက္တကာလည့္လို႔ သင္ေပးေနပါျပီ။ သူတို႔ အေၾကာင္းကုိ သိခ်င္ရင္၊ လွဴဒါန္းခ်င္ရင္http://www.mymeproject.org နဲ႔ www.facebook.com/myMEproject မ်ားသုိ႔ ဝင္ေရာက္ ေလ့လာ ႏိုင္ပါတယ္။
.
ေအာင္ခမ္း (ရိုးရာေလး)
‪#‎aungkham_yyl‬
‪#‎news_yyl‬
www.yoyarlay.com
(Unicode version)
စားပွဲထိုးကလေးငယ်များကို စာသင်ပေးတဲ့ကား
လမ်းထဲကို အဲ့လို ကားလေးတွေ ဝင်လာရင် ကြိုဆိုပါ။ ဦးစားပေးပါ။ သူတို့ဟာ လက်ဘက်ရည်ဆိုင်မှာ စားပွဲထိုးအဖြစ် လုပ်ကိုင်နေတဲ့ ကလေးငယ်များကို ပညာတတ်ကြီးများ ဖြစ်လာအောင် အခမဲ့ ပညာသင်ပေးဖို့ ရောက်ရှိလာမယ့် ကားများ ဖြစ်ပါတယ်။
မြန်မာပြည်ရဲ့ ဆင်းရဲနွမ်းပါးမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးရခြင်းမှာ ပညာကို လူတိုင်း စားသုံးခွင့်မရခြင်း ဖြစ်ပါတယ်။ ပညာစားသုံးခွင့် မရခြင်းကြောင့် လူစွမ်းအား အရင်းအမြစ် ထိထိရောက်ရောက် အသုံးမချနိုင်ပဲ ဆင်းရဲတဲ့ ဝဲဂယက်မှာသာ သံသရာ လည်ရခြင်း ဖြစ်ပါတယ်။ ဒါတွေကို ဖြေရှင်းဖို့အတွက် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က Myanmar Mobile Education Project (myMe) ဆိုတာ ပေါ်ပေါက်လာ ပါတယ်။ ပြည်တွင်းက စေတနာ လုပ်အားပေး လူတစ်စုမှ စတင်ပြီး ယခုတော့ ကမ္ဘာက အသိအမှတ်ပြု အဖွဲ့အစည်း ဖြစ်လာပြီး ရွှေ့လျား ပညာသင်ကြားရေး အစီအစဉ်ကို တိုးချဲ့ လုပ်ဆောင်နေပါပြီ။
ယခင်တုန်းက ဗိုက်ပူကားကြီးများနဲ့ သင်ပေးခဲ့ပါတယ်။ ယခုတော့ စာသင်ကျောင်းငယ်ယခင်တုန်းက ဗိုက်ပူကားကြီးများနဲ့ သင်ပေးခဲ့ပါတယ်။ ယခုတော့ စာသင်ကျောင်းငယ်လေးတစ်ခုပမာ အဆင့်သင့် ဖန်တီးထားပေးတဲ့ ကားများကို Samsung Electornic (ဆမ်ဆောင်း အီလက်ထရောနစ်) မှ လှူဒါန်းခဲ့ပြီး ရန်ကုန်မှ စလို့ ဆင်းရဲနွမ်းပါး စားပွဲထိုး ကလေးငယ်များကို ရပ်ကွက်တကာလည့်လို့ သင်ပေးနေပါပြီ။ သူတို့ အကြောင်းကို သိချင်ရင်၊ လှူဒါန်းချင်ရင် http://www.mymeproject.org နဲ့www.facebook.com/myMEproject များသို့ ဝင်ရောက် လေ့လာ နိုင်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment