လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Tuesday, May 26, 2015

ထေရဝါဒ


ကျော်ဦးဟာ
ထေရဝါဒကိုလက်ခံယုံကြည်ပါတယ်လို့
အကြိမ်ကြိမ်ပြောပြီးသားပါ
မိုးကုတ် ဖါးအောက်စတဲ့ဆရာတော်
တွေရဲ့တရားနဲ့အစပြုပြီး
ဦးညာဏရဲ့သာဝကဖြစ်ဖို့
လာဆွယ်နေတယ်။
ပဋ္ဌာန်းဆက်မပါဘူးတဲ့။
မှတ်ထားပါဗျာ ပါနေရင်တောင်ဖြတ်ချမှာပါ။
လွတ်လပ်စွာ တွေးတာ ရေးတာကလွဲရင်
ကျနော်ဟာ ထေရဝါဒ-ပါ။
ကျနော်ယုံတဲ့ထေရဝါဒဆိုတာ
သိဖို့ POST အဟောင်းနှစ်ခုကို
ထည့်ပေးလိုက်ပါတယ်
စိတ်ပျက်ပြီး
block တာ
unfriend လုပ်တာ
စိတ်ကြိုက်သဘောရှိလုပ်ပါ
နည်းနည်းလွမ်းတတ်ပေမဲ့
ကြာရင်မေ့သွားပါလိမ့်မယ်
{{{ ထေရဝါဒ }}}
ထေရာနံ ဝါဒေါ ထေရဝါဒေါ
ဟူသော ဝစနတ္ထအရ သုတ် အဘိဓမ္မာ
ဝိနည်း ပါဠိတော် အဋ္ဌကထာ၌လာသော
တိပိဋကစူဠနာဂ မဟာသုမ မဟာပဒုမ
စသောမထေရ်တို့၏ အယူဝါဒစကားအစဉ် ကိုဆိုလိုပေသည်။
သုတ္တန္တာဘိဓမ္မဝိနယဋ္ဌကထာ သု
အာဂတော သဗ္ဗောပိ ထေရဝါဒေါ
အတ္တနောမတိ နာမ
ကျမ်းကိုး (ဝိ ၊ ဋ္ဌ ၊ ၁ ၊ ၁၉၆)
တိပိဋကစူဠနာဂတ္ထေရာဒီဟိ ဝုတ္တော
ထေရဝါဒေါပိ သင်္ဂဟိတော ဟောတိ။
ကျမ်ကိုး (မူလဋီ ၊ ၁ ၊ ၁၁)
တနည်းအားဖြင့် အရှင်မဟာကဿပ စသော
မထေရ်တို့ဟောပြောပို့ချ ပေါင်းစု ရွတ်ဆိုအပ်သော
ပထမ ဒုတိယ သင်္ဂါယနာသို့ တင်အပ် သောပါဠိ
မဟာကဿပစသောမထေရ်တို့ ထိန်းသိမ်းစောင့်ရှောက်ထားအပ်သော
ဘုရားစကား ပါဠိတော်များကို (((ထေရဝါဒ))) ဟုခေါ်ဆိုလေသည်
ယင်းအနက်အရ ထေရဝါဒပုဒ်ကို
ဝဒီယတေတိ ဝါဒေါ ထေရေဟိ ၀ါဒေါ ထေရဝါဒေါ- ဟုဝစနတ္ထပြုရပါမည်။
အဓိပ္ပါယ်မှာ မထေရ်တို့ ရွတ်ဆိုအပ်သော
ပါဠိတော်ဟုအဓိပ္ပါယ်ရပါသည်။
သဗ္ဗံ ထေရဝါဒန္တိ ဒွေသင်္ဂီတိယော
အာရူဠာ ပါဠိယေဝတ္တ "ထေရဝါဒေါ"တိ
ဝေဒိတဗ္ဗော ။
သာ ဟိ မဟာကဿပ ပဘုတီနံ
မဟာထေရာနံ ဝါဒတ္တာ "ထေရဝါဒေါ"တိ ဝုစ္စတိ
ကျမ်ကိုး [သာရတ္ထ ၊ ၁ ၊ ၁၃၅]
သို့ဖြစ်၍ ထေရဝါဒ၌
(ထေရ)-အရ ရှင်မဟာကဿပ
အရှင်မဟာယဿစသောသင်္ဂါယနာတင်
ရဟန္တာမဟာထေရ်ကြီးများကိုယူရပါမည်။
(ဝါဒ)-အရသင်္ဂါယနာတင်ပွဲ၌ ထိုမထေရ်တို့
ရွတ်ဆိုအတည်ပြုအပ်သော
ဓမ္မက္ခန္ဓာပေါင်းရှစ်သောင်းလေးထောင်ကို
ယူရပါမည်။
အကျဉ်းအားဖြင့်
(ထေရဝါဒ) ဟူသည် သင်္ဂါယနာတင်ဂန္ထ၀င်
ကျမ်းစာများကိုဆိုလိုပါသည်
ထိုသင်္ဂါယနာတင်ဂန္ထ၀င်ကျမ်းစာများဖြစ်သည်
အရှင်မဟာကဿပစသောရဟန္တာမထေရ်
ကြီးများမှစ၍ ယနေ့ခေတ်မြန်မာနိုင်ငံရှိ ဆရာတော်
သံဃာတော်များအစဉ်အဆက်လက်ခံ ကျင့်သုံးနေသော
ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာ
ကျမ်းရွှေစာများကို (((ထေရဝါဒ))) ဟုဆိုခြင်း ဖြစ်ပါသည်။ ။
အရှင်းဆုံးစကားဖြင့် ---
{{{ ထေရဝါဒ}}} ဟူသည်မှာ ဘုရားဟောပိဋကတ်တော်များပင်
ဖြစ်သည်
ထေရဝါဒကိုလက်ခံယုံကြည်သူများကို ((( ထေရဝါဒဗုဒ္ဓဘာသာဝင်များ )))ဟု
ဆိုရပေသည်။
နောက်တစ်ခုက
ထေရဝါဒစည်းကမ်းသုံးချက်ကို အထူးသိရှိ ထားရမည်။
{{{ ထေရဝါဒစည်းကမ်း (၃) ချက် }}}
မဟာသက္ကရာဇ် (၁၄၈)
ဝါခေါင်လဆန်း (၅ )ရက်နေ့မှစ၍
တပေါင်းလ္ဆုပ် (၅ )ရက်နေ့ထိ
(၇)လတိုင်တိုင် ကျင်းပသော
ပထမသံင်္ဂါယနာတင်ပွဲကြီးအပြီး၌
သင်္ဂါယနာတင်မထေရ်မြတ်တို့က
အရေးကြီးသောမူကြီး (၃) ရပ်ကို တညီတညွတ်တည်း
သဘောတူဆုံးဖြတ်ချမှတ်တော် မူခဲ့ကြ၏။
ထိုမူကြီး (၃)ချက်သည်ကား
စစ်မှန်သော ထေရဝါဒသာသနာတော်၏အုတ်မြစ်ပေတည်း။
ထေရဝါဒစည်းကမ်း မူသုံးချက် (၃)ချက်မှာ
{၁} သံဃော အ ပညတ္တံ န ပညပေတိ။
သံဃာတော်သည် မြတ်စွာဘုရား မပညတ်ခဲ့သည်ကို အသစ်ပညတ်ခြင်းကို မပြုအံ့။
{၂} ပညတ္တံ န သမုစ္ဆိန္ဒတိ။
မြတ်စွာဘုရား ပညတ်ခဲ့သည်ကို ဖြုတ်ပယ် ဖျက်ဆီးခြင်း မပြုအံ့။
{၃} ယထာပညတ္တံ သိက္ခာပဒေသု သမာဒါယ ပဝတ္တိ။
မြတ်စွာဘုရား သတ်မှတ်ခဲ့သော သိက္ခာပုဒ်များကို ရိုသေစွာ လိုက်နာကျင့်သုံးပါအံ့။
ဒါတွေက အတိအကျလိုက်နာဖို့ ကျနော်ကြိုးစားနေတဲ့ အရာပါ ဒီလောက်ဆိုနားလည်သင့်ပါပြီ။
လူတိုင်းကို ဖြူစင်စွာ ဆက်ဆံချင်ပါတယ်
ဆက်ဆံလို့ လည်းရပါတယ်။
ဒီလောက်ပါဘဲဗျာ ။
— with ဝိဘဇ္ဇ ဝါဒီ

No comments:

Post a Comment