လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Saturday, July 28, 2012

ခေတ်သစ် ဘာသာရေးဆွဲဆောင်နည်း

ပြီးခဲ့တဲ့အပတ်က မိတ်ဆွေတစ်ဦးဆီက forward လုပ်လိုက်တဲ့ you tube မှာ
Afghanistan က ပိုလီယိုကြောင့် အိပ်ရာမှာလဲနေရာကပျောက်ကင်းလာတယ်ဆိုတဲ့ မူစလင် အမျိုးသမီးက အားမည်ကဲ့သို့ ခရစ်ကကုသပေးပုံ၊ ၏အမ သေမလိုဖြစ်နေတာကိုလည်း အသက်ကယ်ပုံတို့ကို တစ်ခွန်းချင်းအင်္ဂလိပ်လိုပြောပြီး၊ စကားပြန်က ပြင်သစ်လို ဘာသာပြန် ပေးပါသည်။ မိနစ် ၃၀ခန့်ကြာမယ်ထင်ပါတယ်။ ကြည့်ရင်းက ဆက်မကြည့်ချင်တော့ တာနဲ့ ပိတ်လိုက်ပါတယ်။

အဲ့ဒီ ဗီဒီရိုကိုကြည့်ရင်းက မြတ်ဘုရားလက်ထက်က အရှင်ဒေ၀ဒတ်ရဟန်းပြုပြီး ၇ ရက်အရမှာ အဘိဥာဉ်တွေရပြီး၊ ခလေးသာသာ သာရှိသေးတဲ့အဇာတသတ်ကို တန်းခိုးတွေ ပြပြီး သူ့တပည့်ဖြစ် အောင် လုပ်ခဲ့တာတွေကိုမြင်ရောင်လာမိပါတယ်။ ပြင်သစ်ရောက် မြန်မာ ၅၀ လောက်မှာတောင် မြန်မာ၂ယောက် က ခရစ်ယန်ဖြစ်ပါတယ်။ သူတို့အဖိုးကိုခရစ်တော်    က တန်းခိုးတွေပြခဲ့လို့ သူ့အဖိုး ဗုဒ္ဓဘာသာကနေ ခရစ်ယန်ဖြစ်သွားကြောင်း၊ သူတို့လည်း ခရစ်ယန်ဖြစ်သွားကြောင်းပြောပါတယ်။ ဒီနည်းက ခေတ်သစ် ဘာသာဆွဲတဲ့ နည်းသစ်လား?။

မြတ်ဘုရား ကာလမရွာကိုရောက်စဉ်က ရွာသားတွေကလျှောက်ထားကြတယ်။ တပည့်တော် တို့ဆီကို ရောက်တဲ့သူတိုင်းကသူတို့ရဲ့ဘာသာတရားဘယ်လောက်ကောင်းကြောင်းပြောကြ ပါတယ်။ တပည့်တော် တို့အနေနဲ့ ဘယ်ဘာသာကို ကိုးကွယ်ရမှန်းမသိပါဘူး။ မြတ်စွာဘုရားက ငါ့ဘာသာကကောင်း တယ်လို့ မဟောပဲ မိမိဘာသာရွေးချယ်နိုင်မဲ့ ဘာသာတရားရဲ့စံတွေကို အောက်ပါ အတိုင်း ဟောတော်မူပါတယ်။
၁။ တစ်ဆင့်ကြားသိရုံမျှဖြင့်လည်းအမှန်လို့မယူကြနဲ့။
၂။ မိရိုးဖလာလက်ခံသောအယူဝါဒဖြစ်ရုံမျှဖြင့်လည်းအမှန်လို့မယူကြနဲ့။
၃။ ကောဠဟလအကြားနဲ့လည်းအမှန်လို့မယူကြနဲ့။(ကောဠဟလ=အများပြော)
၎။ ကျမ်းစာနဲ့ကိုက်ရုံမျှဖြင့်လည်းအမှန်လို့မယူကြနဲ့။
၅။ ကြံဆ၍သိခြင်းမျိုးဖြင့်လည်းအမှန်လို့မယူကြနဲ့။
၆။ နည်းမှီ၍ယူခြင်းမျိုးဖြင့်လည်းအမှန်လို့မယူကြနဲ့။
၇။ ဆီလျောသည်ဟုသုံးသပ်မိရုံမျှနဲ့လည်းအမှန်လို့မယူကြနဲ့။
အယူခြင်းထပ်မိရုံမျှနဲ့လည်းအမှန်လို့မယူကြနဲ့။
၉။ယုံအပ်သူရဲ့စကားဖြစ်ရုံမျှ နဲ့လည်းအမှန်လို့မယူကြနဲ့။
၁၀။ ဆရာစွဲ နဲ့လည်းအမှန်လို့မယူကြနဲ့။
မိမိကိုယ်တိုင်ကျင့်ကြံအားထုတ်ပြီးမှ ရရှိတဲ့အကျိုးကျေးဇူးကိုဥာဏ်ပညာဖြင့်ဆုံးဖြတ်ပါတဲ့။
ဘာသာအယူဝါဒစစ်တမ်း (မဟာဂန္ဓာရုံဆရာတော်ဇနကာဘိဝံသ)
ဘာသာအယူဝါဒမတူကြ၍၊လောကအတွင်း၊
ငြင်းခုန်ခြင်းဖြင့်၊ဆင်းရဲဒုက္ခ၊ရောက်ကုန်ကြ၏။
ဝါဒအယူ၊မှားခဲ့မူကား၊ဆူဆူဗုဒ္ဓ၊ကယ်မရသည့်၊
လေးဝပါယ်ဘုံ၊ဘေးတွေ့ကြုံလိမ့်၊
စေ့စုံဉာဏ်ဖြင့်၊မြှောက်ထောက်ချင့်ကာ၊
တစ်ဆင့်ကြားသိ၊မိရိုးဖလာ၊
ကောဠာဟလ၊ကျမ်းစာမျှနှင့်၊
ကြံဆနည်းမှီဆီလျော်သုံးသပ်၊
ယူခြင်းထပ်၍၊ယုံအပ်သူပဲ၊
ဆရာစွဲဖြင့်၊လွှဲပုံစိတ်ချ၊
မယူကြလင့်၊ဒိဋ္ဌကျင့်ကြံ။
ကိုယ်ပိုင်ဉာဏ်ဖြင့်၊မှားမှန်ကောင်းဆိုး၊
သိအောင်ကျိုးဟု၊မျိုးကာလာမ၊ဟောညွှန်ပြ၊
ဝါဒအယူစစ်တမ်းပေ။

မာဃဒေဝ
ကုန်ရှုံးတစ်ခေါက်၊လင်ရှုံးတစ်ယောက်၊
ဆရာရှုံးလျှင်တစ်သံသရာလုံးမှောက်။

မန်လည်ဆရာတော်ဘုရားရေးသားခဲ့သလို အယူမှားရင်ဖြင့် တစ်သံသရာလုံးဒုက္ခရောက်မှာမို့
ကာလမသုတ်ပါ စံ များဖြင့်ချင့်ချိန်နိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။

No comments:

Post a Comment