လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Monday, July 16, 2012

* လူ * ဘာကြောင့် ” ဖြစ်” တာလဲ ?

သိပ္ပံပညာကတော့ အဖိုမျိုးဖြစ်တဲ့ (sperm)နဲ့ အမမျိုး (ovum) တို့ပေါင်းလို့ဖြစ်တာတဲ့။ သူတို့ပြောတာမှန်ကြောင်းကိုလည်း လက်တွေ့ အဖိုမျိုးနဲ့ အမမျိုးပေါင်းပြနိုင်ခဲ့တယ်။ ပေါင်း ထားတဲ့ သန္ဓေသားကိုတောင် လူအဖြစ်ကြီးလာအောင် အမျိုးသမီးတွေရဲ့ သားအိမ်မှာဖြစ်ဖြစ် သန္ဓေသားလိုအပ် တာတွေဖြည့်ဆည်းပေးနိုင်တဲ့ ဓါတ်ခွဲခန်းက ဖန်ပေါင်းချောင်မှာ တောင် မွေးပြနိုင်ခဲ့တယ်။ ဒါကြောင့် လည်း အစွမ်းထက်ပြီး လက်တွေ့လုပ်ပြနိုင်တဲ့ သိပ္ပံပညာကို ပညာ ရပ်တစ်ခုလို့တောင်မမြင်ပဲ ယခုခေတ်မှာ sciencetology ဆိုပြီး ဘာသာတရား တစ်ခုလို ကိုးကွယ်လာကြတာကို အံ့သြစွာသိရပါတယ်။

ဗုဒ္ဓမြတ်စွာကတော့ အဖိုမျိုးနဲ့ အမမျိုးပေါင်းလို့ လူဖြစ်လာတာမဟုတ်ဘူး။ လူဖြစ်ရ တာ လူဖြစ် အောင်လုပ်ခဲ့တဲ့ ကုသိုလ်ကံသာဖြစ်တယ် လို့တိတိကျကျဟောခဲ့ပါတယ်။ ဒီအကြောင်းကို သစ်ပင်ဥပမာနဲ့ ရှင်းပြတော်မူပါတယ်။ သစ်ပင်ပေါက်ဖို့ မျိုးစေ့ကအဓိကပဲ။ မျိုးစေ့မရှိပဲ ဘာအပင်မှ မပေါက်နိုင်ဘူး။ ဒါပေမဲ့ မျိုးစေ့ တစ်ခုတည်းနဲ့ အပင်မပေါက်နိုင်ဘူး။ သူမှီတွဲဖို့ မြေလိုအပ်တယ်။ ဒီဥပမာမှာ ကံတရားက မျိုးစေ့နဲ့ တူပြီး၊ အဖိုမျိုးနဲ့ အမမျိုးပေါင်းလို့ ရလာတဲ့ ကာလလရေကြည် (embryo) ဆိုတာ မျိုးစေ့လေး အပင်ပေါက် အောင်လုပ်ပေးတဲ့ မြေကြီးနဲ့တူတယ်။ လူဖြစ်ဖို့အတွက် အဖိုမျိုးနဲ့ အမမျိုးပေါင်းရုံမက လူဖြစ်မဲ့ကံတရားက ဘ၀ တစ်ခုကနေစုတေလာဖို့လဲလိုတယ်လို့ ဟောတော်မူပါတယ်။ ဘုရားဟောမှန်မမှန် စဉ်စားကြည့် ကြ ရအောင်။

သိပ္ပံပညာအလိုအရ အဖိုမျိုးနဲ့ အမမျိုးပေါင်းလို့ဖြစ်တာ ဆိုတဲ့အကြောင်း တစ်ခုထဲ ကြောင့်ဆိုရင် အဖိုမျိုးနဲ့ အမမျိုးပေါင်းတိုင်းလူဖြစ်ရမှာပေါ့။ သဘာဝမှာ အဖိုမျိုးနဲ့ အမမျိုးပေါင်း တိုင်းလူဖြစ်သလား။ အိမ်ထောင်သယ်တော်တော်များများ အဖိုမျိုးနဲ့အမမျိုးပေါင်းတဲ့ အလုပ် တွေ နေ့ရှိသရွေ့လုပ်နေကြတာ လူတွေနေ့ရှိသရွေ့ဖြစ်နေရမှာပေါ့။ ဖြစ်လို့လား။ တစ်ချို့ အိမ် ထောင်ဆို သားသမီးတစ်ယောက်မှတောင် မထွန်းကားဘူး။ ဘာဖြစ်လို့လဲ။ သူတို့ ကိုယ်ထဲမှာ သားသမီး မထွန်းကားနိုင်တဲ့ ရောဂါတွေကြောင့်လို့ စောဒကတက်နိုင်ပါတယ်။ ဒါဆိုရင် ဘာ ရောဂါမှ မဖြစ်နိုင်တဲ့ အစစအရာရာ လူဖြစ်အောင်လုပ်ပေးနိုင်တဲ့ ဓါတ်ခွဲခန်းထဲမှာ အဖိုမျိုးနဲ့ အမမျိုးပေါင်းပေးလိုက်တိုင်း လူဖြစ်သလားဆိုတော့ လူမဖြစ်ဘူး။ လူမပြောနဲ့ ကုသိုလ်ကံ နည်းတဲ့ ဒုဂ္ဂတိဘုံသားဖြစ်တဲ့ ကြောင်တွေ၊ ခွေးတွေဖြစ်အောင် လုပ်တာတောင် အကြိမ် ၃၀၀ ပေါင်းမှ တစ်ကောင်ဖြစ်တယ်တဲ့။ ကုသိုလ်ကံကြောင့်ဖြစ်ရတဲ့ လူ့ဘ၀ဆိုတာ အလွန်ရခဲတယ် လို့ ဘုရား ဟောတဲ့အတိုင်း လူဖြစ်အောင်လုပ်ရတာ  အလွန့်အလွန်ခက်တယ်ဆိုတာကို သိပ္ပံ ပညာက သက်သေပြ နေ ပါတယ်။

လူဖြစ်ဖို့အတွက် လုံလောက်တဲ့ကုသိုလ်ကံကသာ လူဖြစ်အောင်လုပ်ပေးနိုင်တာပါ။ လူတစ်ဦးဆီရဲ့ ကိုယ်တည်ဆောက်ပုံနဲ့ စိတ်နေသဘောထားတွေဟာ သူလုပ်ခဲ့တဲ့ကံ အတိုင်း ဖြစ်ရတာ။ ဒါပေမဲ့ တစ်ချို့ ဆိုသူတို့ မိဘတွေနဲ့တော်တော်တူတယ် ဘာကြောင့်လဲ။ မြန်မာ စကားပုံရှိတယ်။ ကံတူ အကျိုးပေးတဲ့။ ကံချင်းတူလို့ ဒီအဖေ ဒီမေဆီမှာ လူလာဖြစ်တာ။ ရတနာရှိရာ ရတနာစုသလို။ သံလိုက်က သံကို သူ့ဆီဆွဲသလိုပါပဲ။

          မြတ်ဘုရားကသတ္တ၀ါဖြစ်ပုံ လေးမျိုးဟောထားပါတယ်။ တစ်မျိုးက နတ်တွေ၊ဗြဟ္မာ တွေနဲ့  အချို့ပြိတ္တာတွေလို ပဋိသေန္ဓေယူစရာ မိဘမလိုပဲ ကိုယ့်ဘာသာ ဘွားကနဲ ပေါ်လာ တာမျိုးပါ။ ဒီလို ပဋိသေန္ဓေမျိုးမှာတော့ အဖိုမျိုးနဲ့ အမမျိုးပေါင်းလို့ဖြစ်တာဆိုတဲ့ အယူမှား တောင် ၀င်စရာမရှိတော့ပါဘူး။

ပဋိသန္ဓေတည်ပုံလေးမျိုး။
၁။ ဥပပတ်။ ပဋိသန္ဓေစိတ်နှင့်တပါတည်းပင် တကိုယ်လုံးရုပ်တွေအပြည့်အစုံ တပြိုင်နက် ဖြစ်ပေါ်ကြ၏။ တနေရာမှကျလာသကဲ့သို့ဘွားကနဲဖြစ်ပေါ်လာသည်။ ၎င်းမှာ မည်သည့် အရာကိုမျှ မမှီဘဲ ကံသက်သက် ကြောင့်ဖြစ်ပေါ်လာပေသည်။ နတ်၊ဗြဟ္မာတို့၏ ပဋိသန္ဓေမျိုးပေတည်း။ ၎င်းနတ်၊ဗြဟ္မာတို့၏ရုပ်သည် လူတို့တွေ့နေရသော လေရုပ်များ ထက်ပင်သိမ် မွေ့ သေး၏။ ထိုကြောင့်၎င်းတို့ကိုလူတို့မျက်စိဖြင့်မမြင်နိုင်။ စမ်းသပ်၍လည်းမတွေ့နိုင်။

၂။ သံသေဒဇ။ ရေညှိ၊အပုပ်အညှိ၊စသည်ကိုဆွဲမှီ၍ဖြစ်၏။ ပိုးလောက်စသည်တို့၏ ပဋိသန္ဓေမျိုး
ပေတည်း။

၃။ အဏ္ဍဇ။ ဥ၌ဖြစ်သောပဋိသန္ဓေ။
၎။ ဇလဗုဇ။ အချင်း၌ဖြစ်သောပဋိသန္ဓေ။
၃ နှင့် ၄ ပဋိသန္ဓေတို့မှာမိဘတို့၏သုတ်သွေးကိုအမှီရမှဖြစ်နိုင်၏။

လူ့ဘ၀အမိဝမ်း၌ပဋိသန္ဓေတည်ပုံကိုပါဠိကျမ်းဂန်၌အောက်ပါအတိုင်းပြထား၏
၁။ မိဘနှစ်ပါးတို့သံဝါသပြုကြ၏။
၂။ မိခင်မှာလည်းဥတုပန်းပွင့်၏။
၃။လူဖြစ်မယ့်သူကလည်းအသင့်ရှိ၏။ (ဘ၀ဟောင်းမှစုတေလာခြင်း)။


ကျမ်းကိုး။
မဟာစည်ဆရာတော်ဘုရားကြီးဖြေကြားတော်မူသော ဘ၀ပြဿနာ။

No comments:

Post a Comment