လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Friday, June 30, 2017

ပုထုဇဉ်သံဃာမှာ ဘာများ ကြည်ညိုစရာ ရှိလဲ ?

ပုထုဇဉ်သံဃာမှာ ဘာများ ကြည်ညိုစရာ ရှိလဲ ?
****************************
မိလိန္ဒမင်းက ပုထုဇဉ်ရဟန်းတော်များ
အပေါ် အမြင်မကြည်လင်တဲ့အတွက်
အရှင်နာဂသေနမထေရ်က ဟောပြတဲ့
ကြည်ညိုစရာများ...
၁။ ရေနွေးဟာ ပွက်ပွက်ဆူအောင်ပူနေသော်လဲ
မီးခဲကိုတော့ ငြိမ်းစေနိုင်တယ်..။
၂။ နွံဗွက်ရေဟာ နောက်ကျူနေသော်လဲ
မစင်ကိုတော့ ဆေးကြောနိုင်တယ်..
၃။တစ်ခြမ်းပုပ်သစ်သီးမှာလဲ
ပြင်းပြတဲ့ဆာလောင်မှုကို ပြေစေနိုင်တဲ့
တကိုက်စာလောက်တော့ အကောင်းရှိသေးတယ်..တဲ့။
ပုထုဇဉ်ရဟန်းတော်တို့ရဲ့ ကိလေသာကို
ရေနွေးလောက်ပူနေတယ်ထင်ရင်..
ကိုယ့်သန္တာန်မှာလောင်နေတဲ့
ကိလေသာမီးခဲနဲ့ နှိုင်းယှဉ်ကြည်ညိုပါ။
ပုထုဇဉ်ရဟန်းတော်ရဲ့ သီလကို
ဗွက်အိုင်ထဲကရေလို နောက်ကျူနေတယ်
ထင်ရင် ကိုယ့်မှာ စွန်းပေနေတဲ့
ဆင်ခြင်ပြီး ကြည်ညိုပါ။
မစင်လောက်အပြစ်တွေကို
ပုထုဇဉ်ရဟန်းရဲ့ သီလကို
သစ်သီးပုပ်တစ်လုံးလို မြင်ရင်..
ကိုယ်ရဲ့ ပြင်းပြဆာလောင်နေတဲ့
တဏှာရာဂ အဆာဓာတ်ကို
သတိရပြီး ကြည်ညိုပါ..လို့
မိလိန္ဒမင်းကို ဆုံးမတော်မူခဲ့တာပါ။
(ဘုန်းကြီးတွေဟာ ပုထုဇဉ်တွေပါ..ဆိုပြီး မလေးမစား တချို့
တိရစ္ဆာန်နဲ့နှိုင်းပြီး ပြစ်မှားဝံ့ကြသူတို့ သတိပြုကြဖို့ပါ)
မူရင်း..credit.​ပေးပါသည်​။

No comments:

Post a Comment