လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Wednesday, June 21, 2017

#ငါးအသားချောင်းကြော်#

စားမြိန်ဖွယ်ရာ ပျို့လက်ရာ added 4 new photos.
မြစ်ငါးတန်(သို့)ကကတစ် အကောင်ကြီးသားကို အရေခွံနွှာ
ရေဆေး သန့်စင် ရေစစ် ပြီး...
လုံးပတ်လက်တစ်လုံးခန့် အရှည်၃..၄..လက်မလောက် အရှည်လိုက်မြှောင်း လှီးပါ...
ဆား..သကြား..ဟင်းခတ်မှုန့် ထည့်..
ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်နယ်ပြီး
နာရီဝက်ခန့် နှပ်ထားပါ...
ပြီးလျင် ပန်းကန်ထဲ ကြက်ဥ၂လုံးဖောက်ထည့် ခလောက်ထားပါ...
ကိုရီးယား အကြော်မှုန်(city mart တွင်ရပါသည်)..
ပန်းကန်ပြားထဲထည့်..ပေါင်မုန် ခြောက်မှုန့်ကို
သပ်သပ် ပန်းကန်ပြားထဲထည့်..
ငါးအသားချောင်းကို အကြော်မှုန်နဲ့လူးပါ..
ပြီးလျင် ကြက်ဥခလောက်ထားတဲ့ပန်းကန်ထဲ နှစ်လိုက်ပါ...
ပြီး ပေါင်မုန်ခြောက်မှုန်နဲ့ အသာလှည့် လူးလိုက်ပါ..
ပြီးလျင် ဆီကို ပွက်အောင်တည်...ငါးအသားထည့်ခါနီး
မီးပိတ် ပြီးထည့်ပါ...ပြီးလျင် မီးပြန်ဖွင့် ပြီး
မီးအေးအေးနဲ့ကြော်ပါ....
#ဘိတ်အချဉ်ရည်#
ABCပဲအချိုရည်ကို အနေတော် ပန်းကန်ထဲထည့်
သကြား အနည်းငယ်ထည့်..သံပုရာရည် အနည်းငယ်ထည့်
ကြက်သွန်ဖြူ ငရုတ်သီးစိမ်း ပါးပါးလှီးထည့်
ရောသမမွှေပါ...
Chili sault နဲ့လည်း တွဲဖက်သုံးဆောင်နိုင်ပါတယ်..
မနွယ်လည်း သူများလုပ်တာလေးတွေ..လိုက်ကြည့်ပြီး
စမ်းသပ်လိုက်တာ...အရမ်းကောင်း..

No comments:

Post a Comment