လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Wednesday, June 14, 2017

မြန်မာ့စကားဝှက်တမ်း

ပညာသား လေး ဝေမျှသူသုတဘဏ်တိုက်

မေး – သူ့ကိုရိုက်တော့ ချာချာလည်၊ ကြိုးကိုဆွဲပြီး ငိုရှာတယ်။
ဖြေ – ကြေးစည်။
မေး – ကန်ထဲမှာရေ၊ ရေထဲမှာမြွေ၊ မြွေခေါင်းမှာရွှေ
ဖြေ – မီးခွက်။
မေး – အညာကဆင်ဖြူ၊ အမွှေးထူ။
ဖြေ – ကြက်သွန်ဖြူ။
မေး – ဖူးခနဲထောင်၊ ဖောင်ခနဲလဲ၊ ရဲရဲနဲ့ တွဲလွဲဆွဲ။
ဖြေ – ငှက်ပြောဖူး။
မေး – သူ့အပင်နွဲ့ချောင်း မတက်ကောင်း၊ စားကောင်းပါရဲ့ ဖူးတံနဲ့။
ဖြေ – ပြောင်းဖူး။
မေး – ပ၀ါခြုံလုံပါပေ့၊ ဆံမြိတ်ချ လှပါပေ့၊ ကျောက်တန်းစီ ညီပါပေ့။
ဖြေ – ပြောင်းဖူး။
မေး – အသီးပေါ် အပင်ပေါက်၊ ခြေထောက်တစ်ချောင်းထောက်။
ဖြေ – နာနတ်သီး။
မေး – ခြုံကြားထဲက မင်းကုသ၊ ခေါင်းပေါင်းစနှင့်ထ။
ဖြေ – နာနတ်သီး။
မေး – တစ်နှစ်တစ်ခါ ပေါ်လို့လာ၊ ရာဇာမင်းလောင်း ထီးဖြူဆောင်း။
ဖြေ – မှို။
မေး – ဆုပ်လျှင် စူး၊ နမ်းလျှင် မူး၊ စားလျှင် ရူး။
ဖြေ – ပဒိုင်းသီး။
မေး – တို့နွားတစ်ကောင် ဘို့တစ်ထောင်။
ဖြေ – ကြက်ဟင်းခါးသီး။
မေး – တို့နွားတစ်ကောင် ဘို့တစ်ထောင် ခြေရာလည်းပျောက် ရေလဲနောက်။
ဖြေ – ကြက်ဟင်းခါးသီး နှင့် ဆန်ဆေးရေ
(ကြက်ဟင်းခါးသီးချက်လျှင် ဆန်ဆေးရေနှင့်ဆေးပါက အခါးသက်သာသည်ဟု ဆိုကြသည်။)
မေး – သူ့ပင်စည်က မြွေပွေးပြောက်၊ သူ့အသီးက ပြည်တောင်းလောက်။
ဖြေ – သင်္ဘောသီး။
မေး – နွားမတစ်ရာ ရေဆင်းလာ၊ ခြေရာလည်းပျောက် ရေလည်းနောက်။
ဖြေ – ဆန်ဆေးသည်။
မေး – ဖတ်လတ် ဖတ်လတ် ၂ ဖတ်လတ်၊ တွဲလွဲ တွဲလွဲ ၂ တွဲလွဲ၊
ဒေါက်လောက် ဒေါက်လောက် ၄ ဒေါက်လောက်။
ဖြေ – ၂ ဖတ်လတ် = နားရွက် ၂ခု၊
၂တွဲလွဲ = နှာမောင်းနှင့်အမြီး။
၎ ဒေါက်လောက် = ခြေ ၄ ချောင်း။
ဆင်
မေး – ရေမရှိ မြစ်လယ်ကောင်
ထင်းမရှိ တောင်သုံးတောင်
နှမမရှိ ခြောက်ယောက်မောင်
ဖြေ – မေတ္တာတရား
အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော
အာရုံခြောက်ပါး။
မေး – ပန်းဇော်တကို၊ နေ့ညမဆို၊ ဆင်စေလိုသည်၊ ဗဟိုရင့်ကျူး၊ နာရီမှူး။
ဖြေ – ကြက်ဖ (ဗဟိုစည်နှင့် နာရီပမာ အချိန်မှန်မှန် တွန်ကျူးတတ်သည်။)
မေး – ဆယ့်ခြောက်ပြည်ထောင် ပိုင်စိုး၊ မင်းမျိုးငဲ့ရာဇာ ရှေးကုသိုလ် ကံမကောင်းတာကြောင့်
ခေါင်း ခြေ လက် မပါ။
ဖြေ – တင်းတောင်း ( ၁၆ ပြည်ဆံ့)
မေး – သဒ္ဒါလည်း မတတ်၊ ပရမတ်လည်းမကျေ
လူရှေ့မှာလည်းနေ၊ မှန်လျှင် မှန်စေ၊ မမှန်လျှင် လျှာထုတ်ပြသည်။
ဖြေ – ချိန်ခွင်
မေး – ခြေရှစ်ချောင်း၊ ခေါင်းဘယ်ညာ၊ အမြီး ခါးလယ်မှာ။
ဖြေ – ချိန်ခွင်
မေး – ရေလယ်ကောင်သောင်ထွန်း၊ နတ်သမီးနေတဲ့ကျွန်း
ဖြေ – ကျောက်ပျဉ်
မေး – ချောင်ငယ်ကောက်ကောက်၊ ရေလယ်နောက်နောက်။
ဖြေ – ကျောက်ပျဉ်။
မေး – နတ်သမီးအိမ်တိုင် ပိုးမဖောက်နိုင်၊ ဖောက်ပြန်သော်လည်- တစ်ပေါက်တည်း။
ဖြေ – အပ်
မေး – ငုပ်ချည်ပေါ်ချည်၊ သူ့ဖင်ကို ကြိုးနဲ့ချည်။
ဖြေ – အပ် နှင့် ချည်။
မေး – နတ်သမီး တံတွေးပေါက် ကြက် မကောက်နိုင်။
ဖြေ – နေပြောက်
မေး – နွားနို့ တစ်ပန်းကန် တစ်ပြည်လုံးလျှံ။
ဖြေ – လ နှင့် လရောင်
မေး – နတ်သမီးအိမ်တိုင် သူခိုးမတက်နိုင်။
ဖြေ – ငှက်ပျောပင်
မေး – နတ်သမီးသောက်ရေကန် တံတိုင်း သုံးထပ်ရံ။
ဖြေ – အုန်းသီး။
မေး – မဖွပ်ဘဲဖြူ၊ မခပ်ဘဲ ပြည့်။
ဖြေ – အုန်းသီး
မေး – မဖွပ်ဘဲဖြူသည့် နတ်ပုဆိုး၊ မခပ်ဘဲပြည့်သည့် နတ်ရေအိုး။
ဖြေ – အုန်းသီး
မေး – ဒိုက်ခုတ်တော့ အုတ်ပေါ်၊ အုတ်ခုတ်တော့ ကြွေပေါ်၊
ကြွေခုတ်တော့ ရေပေါ်၊ ဘာသီးလဲနော်။
ဖြေ – အုန်းသီး
မေး သွားတော့ ခွေခွေ၊ နေတော့ စင်းစင်း။
ဖြေ – ခေါင်းခု။
မေး – လေးထောင့်စပ်စပ်၊ သူ့မျက်နှာ ငါ့မှာကပ်။
ဖြေ – မှန်
မေး – အပင် နွဲ့နှောင်း၊ အသီးဖောင်းဖောင်း မစားကောင်း။
ဖြေ – ဆံပင်နှင့် သန်းဥ။
မေး – ငါ့နွားနက်နက် ချုံပေါ်တက်၊ ချက်ချက်သံမျှ မကြားရ
ဖြေ – ဆံပင်နှင့်သန်း
မေး – သူ့အပင်က တစ်ရုံကြီး၊ သူ့အသီးက တစ်လုံးတည်း။
ဖြေ – ဆံပင်နှင့် ဆံထုံး
မေး – နှစ်ယောက်တစ်တွဲ၊ နေ့မှာခွဲ၊ ညဘက်ကျလျှင် ပြန်ပေါင်းချင်။
ဖြေ – တံခါးရွက်။
Credit….69:

No comments:

Post a Comment