လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Monday, April 24, 2017

ရွှေ ငွေ ကျောက် သံ ပတ္တမြားတို့ဖြင့် စီချယ်ထားသောဘုရား

အချို့ဘုရားဆင်းတုများကိုေ ရွှ ငွေ ကျောက် သံ ပတ္တမြားတို့ဖြင့် စီချယ်ထားသည်မှာ
ဘုရားပုံတော်ပင် ပျောက်လုမခန်း ဖြစ်နေ၏။

အမြင်ရအဆိုးဆုံးကား ဗုဒ္ဓရုပ်ပွားတော်ကို ဆွဲကြိုးများ ထပ်နေအောင် ဆွဲထားခြင်းပင်ဖြစ်၏။
 ရွှေ ငွေ ကျောက် သံ ပတ္တမြားတို့ကို ဘုရားရှင်ကိုယ်တော်တိုင်ပင် မသုံးဆွဲသလို တပည့်ရဟန်းများကိုလည်း
 မသုံးဆွဲဟုပစ်ညတ်တော်မူပါတယ်။
ထိုသို့ ရွှေ ငွေ ကိုပယ်ထားသော ဗုဒ္ဓရုပ်ပွားတော်အား ရွှေ ငွေ များ ညွတ်နေအောင် ဆင်ခြင်းသည် မည်သို့မျှ မသင့်တော်ပေ။
ယခုကဲ့သို့ သိပါလျှက် ရတနာများကို ဆက်လက်ဆင်မြန်းနေမည် ဆိုလျှင် ဗုဒ္ဓဂရုက - ဘုရားကို အလေးထားခြင်း မဟုတ်တော့။ လာဘဂရုက - လာဘ်လာဘကို အလေးထားခြင်းသာ ဖြစ်၏။
ဗုဒ္ဓဂရုကသည် ဘုရားကို ကြည်ညိုသော သဒ္ဓါဓာတ် (ကုသိုလ်တရား) သာဖြစ်သည်။
လာဘဂရုကကား လာဘ်ကိုလိုချင်သော လောဘဓာတ်(အကုသိုလ်တရား)သာဖြစ်သည်။
ရုပ်ပွားပိုင်ရှင်များသည် လောဘစသော ကိလေသာကင်းသော ဘုရားကို အကြောင်းပြုပြီး မိမိကိုယ်တိုင် လောဘကင်းအောင် ကြိုးစား
သင့်သည်။ လောဘပွားအောင်ကား မပြုလုပ်သင့်။

*မေတ္တာရှင် ရွှေပြည်သာ*
.

No comments:

Post a Comment