လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Saturday, April 22, 2017

အလပ်မ

ကျမတို့ဆေးကျောင်းနောက်ဆုံးနှစ်မှာ speciality ဌာနတွေ ဥပမာ eye, ENT, mental Hospital
စတာတွေကိုလေ့လာရေးသွားရပါတယ်။ ENT သွားစဉ် ဌာနမှူး ဦးသိန်းမောင်ကပကျမရဲ့အက်ကွဲနေတဲ့အသံကိုသတိထားမိပြီး
အသံထွက်ရာအင်္ဂါဖြစ်တဲ့ larynx ကို indirect larynscopy နဲ့ကြည့်ပါတယ်။ ကျမတို့ရဲ့ larynx ဟာ
ပုလွေနဲ့တူပါတယ်။ ပုလွေထဲမှာ အသံထွက်ဖို့အဖတ်ကလေးရှိသလို ကျမတို့ရဲ့ larynx ထဲမှာလဲ အသား
ဖတ်လေးနှစ်ခုရှိပါတယ်။ vocal cord လို့ခေါ်ပါတယ်။ ကျမရဲ့ vocal cord နှစ်ခုလုံးက ထူပြီးတွန့်လိမ်နေတာမို့ အကောင်း vocal cord တွေလို အသံပြုရာမှာ တိတိကျကျ မပိတ်နိုင်ပါဘူး။ ဒါကြောင့်ကျမအသံ
အက်ကွဲသံဖြစ်နေတာပါ။ ဆရာက ကျမကို CXR ရင်ပတ်ဓါတ်မှန်ချက်ချင်းရိုက်ခိုင်းပြီး ဓါတ်မှန်အဖြေမစောင့်ပဲ ဓါတ်မှန်အဆို (wet film) အတိုင်းယူလာခိုင်းပါတယ်။ ဓါတ်မှန်ရတဲ့အခါ ဆရာက မင်းရဲ့ရောဂါအကြောင်း မင်းသူငယ်ချင်းတွေရှေ့မှာပြောရမလားတဲ့။ ကျမမှာလှိုက်ဝှက်ထားတဲ့ အကြောင်းဘာမှမရှိလို့ပြောပါ ဆရာဆိုတော့ ဆရာက မင်းရဲ့ vocal cord က chronic inflammation (တာရှည်ရောင်ရမ်းခြင်း)
 ကြောင့် မုံပျက် ( deformed) နေတယ်။ အဲ့ဒီ chronic inflammation ဖြစ်စေတဲ့အကြောင်း (cause)က
နှစ်ခုပဲရှိတယ်။ တစ်ခုက TB infection မင်းရဲ့ CXR ကအကောင်းပဲ ဘာ TB ရောဂါမှမရှိဘူးဆိုတော့
 နောက်တစ်ကြောင်းပဲကျန်တယ်။ အဲ့ဒါက Hysteria (စိတ်ကစဉ်ကလျာဖြစ်ခြင်း) တဲ့။ စိတ်ကြောင့်ရုပ်ရောဂါရခြင်းပေါ့။
ဆရာပြောမှကျမရဲ့ငယ်စဉ်ဘ၀ကိုပြန်လဲတွေးတော်မိပါတယ်။
ကျမသိတတ်တဲ့အရွယ် ၄-၅ နှစ်လောက်က ကျောက်မြောင်းကအိမ်လေးမှာ မေမေနဲ့အမကြီးက အ်ျီးတွေကိုလက်ခယူပြီး စမောကင်ထိုးပါတယ်။ အမြန်ပြီးအောင်အပ်ချီးကိုကပ်ကျေးနဲ့မဖြတ်ပဲ ပါစပ်နဲ့ကိုက်ဖြတ်ပြီး
ချီစကိုထွေးထုပ်ပါတယ်။ အဖေမသိအောင်ဝင်ငွေတဘက်တလမ်းကရအောင်လုပ်တာမို့အဖေအလုပ်က
မပြန်ခင် ပစ္စည်းတွေသိမ်းရပါတယ်။ ကျမက အိမ်အောက် ၀င်ပြီးချီစတွေကောက်ပေးရပါတယ်။
နောက်ပိုင်း အဖေရဲ့ရိုးသားကြိုးစားမျုကြောင့် မြစ်ဝကျွန်းပေါ်ရှိ BOC and IVP ဓါတ်ဆီဆိုင်တော်တော်များများရဲ့ ကိုယ်စာလှယ်လွှဲခြင်းခံရတဲ့အတွက် အဖေနဲ့မေမေရယ်၊မောင်လေးရယ်၊ညီမငယ် နှစ်ယောက်ရယ်
ဖေဖေ့ကားတွေနဲ့လဲနီး သင်္ဘောဆိပ် BOC ရုံးနဲ့လဲနီးတဲ့ စဉ်အိုးတန်းကတိုက်ကိုပြောင်းနေကြပါတယ်။
ကျောက်မြောင်းအိမ်မှာ ကျမရယ်။ အမကြီးရယ် အဖွါးရယ်ကျန်ခဲ့ပါတယ်။
စနေနေ့ဆိုကျမနဲ့အမကြီးက အမေတို့တပတ်စာအ၀တ်တွေကိုလျောဖွတ် မီးပူတိုက်ယူသွားပေးပြီး အ၀တ်ဟောင်းတွေကိုပြန်သယ်လာပါတယ်။ အဖေအလုပ်များနေတာမို့ အဖေနဲ့မတွေ့ပါဘူး။ မောင်လေးကိုသာ အဖေအလုပ်ကအပြန်ပေးထားတဲ့ ပိုက်ဆံအကြွေတွေရယ်။ သူကစားဖို့ဝယ်ပေးထားတဲ့ electric car, motor boat တွေကိုသာငေးမောရင်ပြန်လာခဲ့ပါတယ်။ သြပြောဖို့မေ့နေတယ်။ မောင်လေး ငယ်ငယ်
က TYPHOID ဖြစ်လို့ ယခင် american hospital  မှာတင်ပြီးကုခဲ့ရတယ်။ အဲ့ဒီအချိန်ကဆေးကောင်းတွေမရှိသေးလို့ လူနာကိုအရည်ပဲတိုက်ရတာကြောင့် မောင်လေးကို day and night nurse ထားပြီး ပုဂံလှလှတွေ အရုပ်တွေနဲ့မနဲကုယူရတယ်။ ကျမကခလေးမို့ဆေးရုံထဲမ၀င်ရဘူး။ ဘာရမလဲခိုးဝင်ကြည့်ပြီး လူနာဖြစ်ချင်တဲ့စိတ်တွေတားမရစီးမရဖြစ်ခဲ့တယ်။ ညတိုင်းလဲ ဆေးရုံတက်ရပါစေလို့ဆုတောင်းမိခဲ့တယ်။
 တစ်နေ့တော့ ကျမ မိုးမိပြီးဖျားတယ်။ ၀မ်းသာလိုက်တာ ဆေးရုံတက်ရတော့မယ်ပေါ့။ ဒါပေမဲ့ အဖွါးက ဆရာမောင်ဆေးနီမှုန့်တိုက်တာတစ်ခွက်ထဲနဲ့အဖျားကဘယ်ပျောက်သွားမှန်းမသိဘူး။
ကျမတို့မှာတကယ်က မွေးချင်း ၈ ယောက်ရှိတယ်။ ယောကျား ၄ ယောက် မိန်းမ ၄ ယောက်၊ဒါပေမဲ့ ကျမမမွေးခင် အကို ၃ ယောက်က ရှေးဆင့်နောက်ဆင့်ဆိုသလိုဆုံးပါးသွားကြတယ်။ ကျမ ကိုယ်ဝန်နဲ့မေမေ
လိမါကျပြီးလက်ကြိုးတယ်။ ကျမမွေးပြီးမေမေအိပ်ရာထဲလဲတာ ကျမ ၈ လသမီးအထိ၊အိမ်နီးနားချင်းတွေက မေမေသေပြိးလားလို့နေ့စဉ်လာကြည့်ကြတယ်တဲ့။ အဖွးက ကျမဂျီုကောင်မဆြို့ပီးပေးပြစ်ဖို့စီစဉ်တယ် နောက် အဖေအိမ်နောက်ဖေးမှာမျက်ရည်ကျနေတာမြင်လို့မပေးဖြစ်ဘူး၊ဒါပေမဲ့ အဖွါးကသူနဲ့တူတူမသိပ်ဖူး။ အသက် ၁၁ နှစ်သာရှိသေးတဲ့ အမကြီးကပဲကျမကိုတာဝန်ယူရတယ်။ နောက်ပိုင်းစီးပွါးရေးတွေအစဉ်ပြေ
တော့ အမကြီးက ကျမနဲ့တူတူစာသင်ရမှာရှက်တယ်ဆိုပြီးကျောင်းမနေတော့ဘူး။ ညီမအငယ်ထဲက ညီမအကြီးကလဲ သူ ၅တန်းလောက်မှာဖျားရာကနေ septicemia ရဲပြီး vegitative endocarditis နဲ့ဆေးရုံ
တက်ရတဲ့အပြင် severe ventricular tachycardia ကြောင့်ကျောင်းခဏထွက်ရတယ်။
အဆိုးလောကဓံတွေ အေးသွားပေမဲ့ အိမ်မှာ ကျမကလွဲရင် အားလုံးက အခွင့်ထူးခံတွေ၊
အမကြိးက အနစ်နာခံခဲ့ရတယ်ဆိုပြီး ကျမနဲ့သူနဲ့ဖြစ်လို့ကတော့ မေမေတို့က အမကြိးဘက်ကပဲ။
မောင်လေးကျတော့ precious child မေမေတို့အပြင် အမကြိးကရောညီမတွေကပါ တစ်ဦးတည်းသော
 မောင်၊အကို မို့ချစ်ကြတယ်။
ညီမအကြီးက နှစ်လုံးရောဂါသယ်။
ညီမအငယ်က အငယ်ဆုံးလေး။ ပြီးတော့ သူကချွဲတတ် နွဲ့တတ်တယ်။
မိသားစုထဲကမေတ္တာမရတော့ ကျမ Hysteria ဖြစ်တာမဆန်းပါဘူး၊ mental ဆေးရုံမရောက်တာပဲ
ကံကောင်းတယ်လို့ဆိုရမယ်။ ကျမငယ်ငယ်ကတော့ အမကြိးက မောင်လေးမို့ချစ်တာ၊ ကျမမှာ အကိုရှိရင်လဲ ကျမကိုချစ်မှာပဲလို့မျော်လင့်ပြိး အကိုရူး ရူးခဲတယ်။ ကျမ ၄ တန်းတုန်းကစာသင်ပေးတဲ့ အကိုသောင်းတင်ကိုလဲ အကိုတစ်ယောက်လိုအရမ်းချစ်ခဲ့တယ်။ သူလက်ထပ်ပြီဆိုတော့ ကျမကိုချစ်တော့မှာမဟုတ်ဘူး
ဆိုပြိး လုံးဝအဆက်အသွယ်မလုပ်တော့ဘူး။
ဒါတွေအားလုံးဟာ ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်တွေရဲ့အကျိုးကြောင့်ပဲလို အခုအချိန်မျာ အသိတရားရပေမဲ့ကိုယ်မှာရခဲ့တဲ့ ဒဏ်ရာကတော့ ပြန်မကောင်းတော့ပါဘူး။ အသံက ကွဲရက်ပါပဲ။ တစ်ခါတစ်လေ ငယ်စဉ်က ဘယ်သူမှမသိအောင် မေမေတို့ကုတင်နောက်က ဖျာလိပ်တွေကြားဝင်ပုံးပြီး တစ်ယောက်ထဲ ၀မ်းနည်းပက်လက် တိတ်တဆိတ် ငိုခဲ့တာတွေကို စဉ်းစားမိရင်တော့ မျက်ရည်က၀ဲချင်ချင်။

No comments:

Post a Comment