လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Tuesday, April 25, 2017

အသုဘလောဂျီ၊အသုဘလောဂျစ်။

ကျမအပါအ၀င် ဆေးကျောင်းနောက်ဆုံးနှစ်ကျောင်းသား၊ကျောင်းသူ ၂၀ ယခင်တံတားလေးဆေးရုံ၊စာသင်ခန်းတွင်စိတ္တဇရောဂါအထူးကုဆရာဝန်ကြီး၏ ပို့ချချက် (Lecture) အတွက်စောင့်ဆိုင်းနေကြပါတယ်။  ဆေးရုံဝင်းထဲဝင်လာကထဲက ၀င်းထဲမှာ လူတွေဥဒဟိုသွားလာနေတာတွေ့ခဲ့ရပါတယ်။ တစ်ချို့က ကျမတို့ကိုလူထူးလူဆန်းတွေလို စိတ်ဝင်တစားလိုက်ကြည့်တာ၊ချောင်းကြည့်တာတွေရှိသလို၊အချို့ကတော့ ဘယ်သူမှလူမထင်ဘူးဆိုတဲ့ မိုက်ကြည့်ကြည့်တာ။ တစ်ချို့ကတော့သနားစဖွယ်ညှိုးငယ်တဲ့မျနျာတွေနဲ့ဘုကြည့်ကြည့်တာကိုတွေ့ရပါတယ်။ ကျမတို့သူငယ်ချင်းတသိုက်လဲ ကြောက်ကြောက်နဲ့ စာသင်ခန်းဆီ ခတ်သုတ်သုတ်
လာခဲ့ပါတယ်။ မကြာခင်မှာ Lecturer ရောက်လာပါပြီ။ တိုက်ပုံအဖြူပေါ်မှာဘွဲ့ဝတ်စုံဝတ်ထားတဲ့ ရုပ်ရည်သားသားနားနားနဲ့အမျိုးသားတစ်ဦးပါ။ Lecturer က မြန်မာပြည်မှာက Lecture ပေးရင် ဘွဲ့ဝတ်စုံမ၀တ်ကြကြောင်း၊တကယ်က Lecturer ပေးရင်ဘွဲ့ဝတ်စုံဝတ်သင့်ကြောင်း နိုင်ငံခြားမှာဆို ဘွဲ့ဝတ်စုံနဲ့သာ Lecture ပေးကြကြောင်းရှင်းပြပါတယ်။ သြ သူရှင်းပြမှဘဲ မရောက်ဖူးတဲ့နိုင်ငံရပ်ခြားဗဟုသူတရ ပါလားလို့ ကျေးဇူးတင်မိခဲ့ပါတယ်။ နောက်ဆက်တွဲအနေနဲ့ စကားလုံးတွေရဲ့ရာဇ၀င်ကိုရှင်းပြပါတယ်။ ဥပမာ Zoolgy, Zoologist; pathology, pathologist: botany, botanist; pharmacology, pharmacologist; အသုဘလောဂျီ ၊အသဘလောဂျစ် ။။။
ဟင် ဘယ်လိုဖြစ်တာလဲ ? အဲ့ဒီအချိန်မှာ လူတစ်ယောက်နဲ့ ယူနီဖေါင်ဝတ်ထားတဲ့သူ၂ ဦးဝင်လာပြီး ဘွဲ့ဝတ်စုံဝတ်ထားတဲ့သူကိုခေါ်သွားဖို့ နောက်ဝင်လာသူက ယူနီဖေါင်ဝတ်၂ ဦးကိုမျက်ရိတ်ပြလိုက်ပါတယ်။ တဆက်ထည်းမှာ ဘွဲ့ဝတ်စုံနဲ့သူကို ဦးကျော်မင်း ဟိုဘက်ခန်းကဆေးကျောင်းသားတွေကိုစာသွားသင်ပေးလိုက်ပါလို့ပြောလိုက်ပါတယ်။ ဘွဲ့ဝတ်စုံနဲ့သူလည်း ok ဆိုပြီးလိုက်သွားပါတယ်။
 နောက်ဝင်လာသူက သူအနည်းငယ်နောက်ကျတဲ့အတွက်တောင်းပန်ကြောင်း၊ခုဏက ဘွဲ့ဝတ်စုံနဲ့သူက
ပရောဖက်စာတစ်ဦးဖြစ်ကြောင်း အိမ်ထောင်ရေးအဆင်မပြေမှူကြောင့်အနည်းငယ်ချောင်နေကြောင်း၊ စာသင်ခန်းမှာ စာ ၀င်ဝင်သင်တတ်ကြောင်း၊သူတို့ကယဉ်ယဉ်လေးရူးကြတာဖြစ်ပြီး အန္တရယ်မရှိတာကြောင့်
ဝင်းထဲမှာလွတ်လွတ်လပ်လပ်သွားလာခွင့်ပြုထားကြောင်းပြောပါတယ်။ လောကီပညာတွေ ပရောဖက်စာအဖြစ်တတ်ထားပေမဲ့ လောဂဓံတရားကိုရင်ဆိုင်နိုင်တဲ့မြတ်ဘုရားရဲ့ တရားတော်တွေကိုမတတ်ရှာပါလားလို့သံဝေဂရမိပါတယ်။
တကယ့်ဆရာက Lecture ပေးပြီးတော့ ဆေးရုံဝင်းထဲလိုက်ပြပါတယ်။ ဆေးရုံကိုရောက်လာတဲ့သူတွေထဲမှာ လယ်သမားတွေ၊ဥယျာဉ်စိုက်ပျိုးသူတွေလည်းပါလာလို့သူတို့ကိုဥျာယဉ်စိုက်ပျိုးခွင့်ပေးထားကြောင်း။
လူနာအနေနဲ့သူစိတ်ဝင်စားတာလုပ်နေရလို့စိတ်ချမ်းသာပြီးရောဂါပျောက်လွယ်ကြေင်း၊ ဆေးရုံအတွက်လဲအသီးအနှံတွေရရှိကြောင်းပြောပြပါတယ်။ အဲ့ဒီအချိန် ဆေးရုံဝန်ထမ်းတစ်ဦးဆရာ့ကိုအပြေအလွှာလာခေါ်ပါတယ်။ ကျမတို့လဲ ဆရာနဲ့အတူ ခေါ်သူဝန်ထမ်းနောက်လိုက်သွားကြပါတယ်။ သစ်ပင်တစ်ပင်အောက်မှာ
လူတစ်ဦးကသစ်ပင်ပေါ်ကသူကိုအော်ဟစ်ဆဲဆိုနေတာပါ။ အပေါ်ကလူက ဆဲနေသူစိုက်တားတဲ့ဖရဲသီးတွေခူးစားသွားလို့ပါတဲ့။ ဆရာလဲ သစ်ပင်ပေါ်ကသူကိုဆင်းလာဖို့ချော့မော့ပြောပေမဲ့ဆင်းမလာပါဘူး။ ကြာရင် သစ်ပင်ပေါ်ကလိမ့်ကျနိုင်တာမို့ ဆရာက ဆင်းမလာရင် သစ်ပင်ကိုခုတ်ပစ်မယ်လို့ချိန်ချောက်ပြောဆိုပါတယ်။ ဒါပေမဲ့ဆင်းမလာပါဘူး။ စောစောက သစ်ပင်အောက်ကဆဲနေသူလဲ ဆရာပြောတဲ့အတိုင်း မင်းမဆင်းရင် ငါသစ်ပင်ခုတ်ပစ်မယ်လို့ပြောလိုက်ပါတယ်။ အဲ့ဒီစကားကြားကြ့ားခြင်း သစ်ပင်အောက်ကို အပြေးအလွှာဆင်းလာပါတော့တယ်။ အောက်ေ၇ာက်တော့ ဆရာက မင်းကငါပြောတော့ဆင်းမလာပဲ ဘာလို့
သူပြောမှဆင်းလာတာလဲ။ ငါ့စကားတော့ နားမထောင်ပဲ သူ့စကားတော့နားထောင်တယ်ပေါ့ ဟုတ်လား ?
ဆင်းလာသူက ဆရာကလူကောင်းလေ၊ ကျနော်ဒုက္ခရောက်အောင်ဘယ်လုပါပါ့မလဲ ၊ဟိုကောင်းက လူကောင်းမဟုတ်ဘူး။ ပြောတဲ့အတိုင်းသစ်ပင်ခုတ်ချင် ခုတ်မှာတဲ့။ သြ အရူးက တစ်မူသာ ဆိုတာ ဒါကိုပြောတာထင်ပါရဲ့။


No comments:

Post a Comment