လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Wednesday, August 3, 2016

"မကြာမီ … သေမည် မျှော်"•••

Aye Chan Mon with Hla Win Aung and 2 others.
6 hrs
"မကြာမီ … သေမည် မျှော်"•••
တ လောက … နိုင် ငံကျော် ဆေးရုံပိုင် ရှင်
သူဋ္ဌေးကြီးတစ်ဦး … ဆုံးသွားတဲ့သတင်း ကြားရတယ်။
သိပ်မကြာခင် ပဲ … နာမည်ကြီး အလှမယ်တစ်ဦး...
ငယ်ငယ် နဲ့ … ဆုံးသွားတဲ့ သတင်း ကြားရတယ်။
အခု … နိုင် ငံကျော် သမားတော်ကြီးတစ်ဦး
ဆုံးသွားတဲ့သတင်း ကြားရတယ်။

ဒီနေ့ ဒီအချိန် … ငါ သေလိမ့်မယ်လို့ 
ဘယ်သူကြိုသိထားမှာလဲ။
ဒီနေ့ ဒီအချိန် … သူတို့ သေလိမ့်မယ်လို့ 
ဘယ်သူ ကြိုသိထားမှာလဲ။
ဒီနေ့ ဒီအချိန် … ငါ သေမယ် လို့ သာ
လူတိုင်းကြိုသိကြရင် … ရှိသမျှ စည်းစိမ်
အကုန်လှူပြီး … တရားအားထုတ်ကြမှာပဲ။
ခုတော့ တော်တော်နဲ့ … မ သေနိုင် သေးပါဘူးလို့ 
ကိုယ့်ကိုယ်ကို … အပိုင် တွက်ကြရင်း
တစ်ယောက်ပြီး တစ်ယောက် သေသွားကြတယ်။
ရှာသမျှ ပိုင် သမျှ စည်းစိမ် အကုန်ထားသွားကြရတယ်။
ကျနော်တို့ ဟာ … သူများသေတာသာ သိတယ်။
ကိုယ်သေမှာကို … မေ့နေကြပါတယ်။
ကြက်သည်မ ရဲ့ ကြက်ခြင်းထဲက ကြက်တွေလို
စဉ်းတီတုံးလည်း မြင် သား …
ဓားမ ကြီးလည်း မြင် နေသား …
တစ်ကောင် ပြီး တစ်ကောင် …
ဆွဲထုတ်ပြီး သတ်နေတာလည်း မြင် ရသား …
မြင် ပေမယ့်လည်း … ကြက်ခြင်းထဲမှာ
တစ်ကောင် နဲ့ တစ်ကောင်
တွန်လိုက် ခွပ်လိုက် … မိတ်လိုက် လိုက်နဲ့
ပျော်လို့ ကောင်းနေတုန်းပဲ။
ငါ့အလှည့်လည်း မလွဲမ သွေ
ရောက်လာဦးမယ်လို့ 
ကြောက် ရ ကောင်းမှန်း … မသိကြဘူး။
သေ ရ မှာ … တွေးကို မ တွေးကြလို့ ပါပဲ။
ငါ ဘယ်လောက် ချမ်းသာတယ်
ငါ့မှာ တိုက်တွေ ကားတွေ ဘယ်လို ပိုင် တယ်
ငါ့ လုပ် ငန်းတွေ စည်းစိမ်တွေဟာ
ဘယ်လောက်ထိ ကျယ်ပြန့် တယ်
ငါ့ဘဝမှာ ငွေရှိရင် ဘာမဆို ပြည့်စုံတယ်
လို့ မာန တက်နေပြီဆိုရင် တစ်ခုပဲ
သတိရလိုက်ပါ။
ငါ … သေရဦးမယ် လို့ ။
ငါ့ကို ဘယ်သူမှ မယှဉ်နိုင် ပါဘူး။
ငါ့လောက် ဘွဲ့တွေ ဒီဂရီတွေ ဘယ်သူမှ မရဘူး။့
ငါ့ဘဝမှာ ငါမသိတဲ့အရာ ဘာမှ မရှိဘူး လို့ 
ထင် ခဲ့ရင် ဒီမေးခွန်းလေး ငါးခုကို
ဖြေကြည့်လိုက်ပါ။
• ဘယ်အရွယ်မှာ သေမှာလဲ
• ဘယ်ရောဂါနဲ့ သေမှာလဲ
• နေ့မှာ သေမှာလား … ညမှာ သေမှာလား
• ဘယ်သချိင်္ုင်းမှာ အမြှုပ်ခံရမှာလဲ
• ဘယ်ဘဝကို ရောက်မှာလဲ။
လောကီပညာ … တစ်ဖက်ကမ်းခပ် တတ်နေပါစေ
ဒီမေးခွန်းတိုင်းမှာတော့ … "မသိပါ" ဆိုတဲ့
အ ဖြေသာ … ထွက်လာလိမ့်မယ်။
ဘဝမှာ … သေရမှာက လွဲလို့ 
ဘာတစ်ခုမှ … သေချာတာ မရှိပါဘူး။
'သေရဦးမယ်'လို့ … ကိုယ့်ကိုယ်ကို
သတိပေးနေရင် … မာန်မာန တွေ
လျော့ကာ … ကုသိုလ်ပြုဖြစ်နေမှာပါ။
လူတိုင်းဟာ မွေးလာပြီဆိုကတည်းက
သေမိန့် ကျထားပြီးသားပါ။
သေမိန့် စောင့် နေကြရတဲ့ ကာလ လေးမှာ
ဘဝမှာ ပျော်ဖို့ ပါးဖို့ အာဏာရှိကြီးဖြစ်ဖို့ 
သူဋ္ဌေးကြီးဖြစ်ဖို့  အထင်ကြီးခံရဖို့ ဆိုတာ
ဘဝရဲ့ အနှစ်သာရ တစ်ခု … မဟုတ်ဘူးဆိုတာ
သတိထားမိဖို့ ပါပဲ။
မ သေ ကြဘူး … ဆိုရင် တော့
ပျော်ဖို့ ပါးဖို့ ဆိုတာ … အနှစ်သာရ
ဖြစ်ကောင်း ဖြစ်လိမ့်မယ်။
ခုတော့ … နတ်တွေ ဗြဟ္မာတွေတောင်
မလွတ်တဲ့ … သေခြင်းတရားမှာ
ဘယ်ဟာ … အနှစ်သာရလဲ စဉ်းစားသင့်လှတယ်။
ရှိဖို့ လား … သိဖို့ လား …
မရှိတာက … ရှိအောင် လုပ်လို့ ရပါတယ်။
မသိပြီဆိုမှဖြင့် … သံသရာရေဝဲမှာ မြုပ်ဖို့ သာပါပဲ။
ငါသေရင် … အပါယ်မကျဘူးလို့ 
ဘာများအာမခံချက် ရှိထားပြီးပြီလဲ။
လူ့ ဘဝရဲ့ အနှစ်သာရဆိုတာ …
ကုသိုလ်တရားမှန်သမျှ … ပါရမီမြောက်
ဖြည့်ကျင့်ဖို့ နဲ့ … သီလ သမာဓိ ပညာဆိုတဲ့
အကျင့်မြတ်ကို … ကျင့်သုံးပြီး
အရိယာသစ္စာကို … သိမြင် ကာ
ဘဝဒုက္ခတွေ … ဇာတ်သိမ်းနိုင် ဖို့ မှတစ်ပါး
ဘာများ … အနှစ်သာရ ရှိဦးမှာလဲ။
3.8.2016
Lwinoo Ko

No comments:

Post a Comment