လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Wednesday, August 10, 2016

ိနိဗ္ဗာန်တံခါးဖွင့်တရားတော်

ဗန်းမော်ဆရာတော်ဘုရားကြီးဟောကြားတော်မူသောနိဗ္ဗာန်ဖွင့်တရားတော်မှ ဓါတ်  ၁၈ ပါးလင်္ကာ။

မျက်စိ၊ အဆင်း၊ ကြောင်းရင်း နှစ်ဖြာ၊ မြင်စိတ်တရားဖြစ်ပွါးပေါ်လာ၊
ဖြစ်ပြီးပျက်ရ၊ အနိစ္စပါ။ ဖြစ်ပျက်မှုရှု ကြ ဖန်ခါခါ။

နား၊ အသံဓါတ် ရိုက်ခတ်တုန်လာ။ ကြားစိတ်တရား ဖြစ် ပွါးပေါ်လာ၊
ဖြစ်ပြီးပျက်ရ၊ အနိစ္စပါ။ ဖြစ်ပျက်မှုရှု ကြ ဖန်ခါခါ။
နှာခေါင်း၊ အနံ၊ သင်းပျံ့ဝင်လာ၊နံစိတ်တရား ဖြစ် ပွါးပေါ်လာ၊
ဖြစ်ပြီးပျက်ရ၊ အနိစ္စပါ။ ဖြစ်ပျက်မှုရှု ကြ ဖန်ခါခါ။

လျာ၊ အရသာ စားကြအထွေထွေ၊ လျှက်စိတ်တရား ဖြစ် ပွါးပေါ်လာ၊
ဖြစ်ပြီးပျက်ရ၊ အနိစ္စပါ။ ဖြစ်ပျက်မှုရှု ကြ ဖန်ခါခါ။

ကိုယ်၊ အတွေ့ဓါတ် ထိခိုက်လေရာ၊ ထိစိတ်တရား ဖြစ်ပွါး ပေါ်လာ၊
ဖြစ်ပြီးပျက်ရ၊ အနိစ္စပါ။ ဖြစ်ပျက်မှုရှု ကြ ဖန်ခါခါ။

မနော၊ သဘော၊ ထင်လာသောအခါ၊ တွေးစိတ်တရား ဖြစ်ပွါးပေါ်လာ၊
ဖြစ်ပြီးပျက်ရ၊ အနိစ္စပါ။ ဖြစ်ပျက်မှုရှု ကြ ဖန်ခါခါ။

နိဗ္ဗာန်အောင်မြို့ ရောက်ဖို့သေချာ။
မဂ္ဂင်ဖောင်ကြီးတက်စီးကြ ပါ။
သီလ၊သမာဓိ၊ပွါးသည့် ပညာ၊
ဟိုဒီကမ်း ညိစွန်း မတင်ရာ။

No comments:

Post a Comment