လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Tuesday, May 28, 2013

ဘိက္ခုနီသိက္ခာပုဒ်များ။




သံဃာဒိသေသအခန်း။
၁။ အကြင်ဘိက္ခုနီသည် (အိမ်ပိုင် ရာပိုင်ရှိသော) အိမ်ရှင်ယောက်ျား၊အိမ်ရှင်ယောက်ျား၏သား(ညီ အကို)၊ကျွန်၊အလုပ်သမား၊အောက်ထစ်ဆုံးရဟန်း၊ပရိဗိုဇ် ဤသူများနှင့်အငြင်းအခုံဖြစ်ပွါး၍ တရားတွေ့အံ့၊ ထို ဘိက္ခုနီသည် ပဌမလွန်ကျူးဆဲခဏ၌ သင့်ရောက်အပ်သောတရားသူကြီးတို့ဆုံးဖြတ်ပြီးသည်နှင့် တစ်ပြိုင်နက် သင့်ရော်အပ်သောသံဃာမှနှင်ထုတ်ကြောင်းဖြစ်သောသံဃာဒိသေသ်အာပတ်သင့်၏။

၂။ အကြင်ဘိက္ခုနီသည် သတ်ထိုက်သောခိုးသူမဖြစ်ကြောင်းကိုသိပါလျက်၊အမှန်လည်းသတ်ထိုက်သော သတ်ထိုက်သူဟူ၍ လည်းထင်ရှားသောခိုးသူမကို မင်းကိုဖြစ်စေ၊ဘိက္ခုနီသံဃာကိုဖြစ်စေ၊မင်းအပေါင်း ဟူသောဂိုဏ်ကိုဖြစ်စေ၊ ကုသိုလ်ပြုအသင်းကိုဖြစ်စေ၊ ကုန်သည်တို့၏အစည်းအရုံးကိုဖြစ်စေ မတိုင်းကြား ဘဲပြုပေးကောင်းလောက်အောင် (ကပ္ပာ-အပ်စပ်သူမ)  လည်းမဟုတ်ဘဲ ဥပဇ္ဈာယ်လုပ်၍ဘိက္ခုနီပြုပေးအံ့၊
ထိုဘိက္ခုနီမှာ လွန်ကျူးပြီးလျှင်ပြီးခြင်းသင့်ရောက်အပ်သောသံဃာမှနှင်ထုတ်ကြောင်းဖြစ်သော သံဃာဒိသေသ်အာပတ်သင့်၏။

၃။ အကြင်ဘိက္ခုနီသည် တစ်ယောက်တည်းတခြားရွာသို့သော်လည်းသွားအံ့၊မြစ်တစ်ဘက်ကမ်းသို့သော်လည်းတစ်ယောက်တည်းသွားအံ့၊ညဥ့်အခါ၌အဖော်နှင့်ခွဲ၍သော်လည်းတစ်ယောက်တည်းနေအံ့၊
ခရီးသွားစဉ်အဖော်အပေါင်းမှသော်လည်းနောက်ချန်နေရစ်အံ့၊ထိုကြင်ဘိက္ခုနီသည် လွန်ကျူးလျှင် လွန်ကျူးခြင်းသင့်ရောက်အပ်သောသံဃာမှနှင်ထုတ်ကြောင်းဖြစ်သော သံဃာဒိသေသ်အာပတ်သင့်၏။

၎။  အကြင်ဘိက္ခုနီသည် မှန်ကန်သောသဘောလည်းဖြစ်သော ၀ိနည်းထုံစံအတိုင်းစစ်ဆေးမေးမြန်း မှု လည်းရှိသောဥတ်ကမ္မ၀်စာဖြင့်(ကံပြု၍)သံဃာမှဖယ်ထုတ်ထားအပ်သောဘိက္ခုနီကိုကံပြုသောသံဃာ ကိုလည်းခွင့်အပန်ဘဲ ထိုကံပြုသောဘိက္ခုနီအပေါင်း၏စိတ်ဆန္ဒကိုလည်းမသိရဘဲသံဃာအတွင်းသို့ပြန်၍သွင်းအံ့၊ထိုဘိက္ခုနီလည်းလွန်ကျူးလျှင် လွန်ကျူးခြင်းသင့်ရောက်အပ်သော သံဃာမှနှင်ထုတ်ကြောင်း ဖြစ်သော သံဃာဒိသေသ်အာပတ်သင့်၏။

၅။ အကြင်ဘိက္ခုနီသည် မိမိကိုယ်တိုင်ကကိလေသာမိုးရေစိုစွတ်နေသူဖြစ်လျက်ကိလေသာမိုးရေစိုစွတ်နေ သောယောက်ျား၏လက်မှခဲဖွယ်ကိုဖြစ်စေ၊ ဘောဇဉ်ကိုဖြစ်စေ၊မိမိလက်ဖြင့်ခံယူ၍ခဲစားအံ့၊ထိုဘိက္ခုနီ လည်း လွန်ကျူးလျှင် လွန်ကျူးခြင်းသင့်ရောက်အပ်သော သံဃာမှနှင်ထုတ်ကြောင်း ဖြစ်သော သံဃာဒိသေသ် အာပတ်သင့်၏။

၆။ အကြင်ဘိက္ခုနီသည် အရှင်မ``ဤယောက်ျားသည်ကိလေသာမိုးရေစိုနေသည်လည်းဖြစ်စေ၊မစိုဘဲလည်းရှိစေ အရှင်မမှာကိလေသာမိုးရေစိုမနေလျှင်သူဘာတတ်နိုင်မှာလည်း၊တိုက်တွန်းပါရဲ့၊ဤယောက်ျားပေးသမျှခဲဖွယ်ဘောစဉ်ကိုမိမိလက်ဖြင့်ခံယူ၍ခဲ-စားပါ ဟုပြောဆိုတိုက်တွန်းအံ့၊ထိုဘိက္ခုနီ လည်း လွန်ကျူးလျှင် လွန်ကျူးခြင်းသင့်ရောက်အပ်သော သံဃာမှနှင်ထုတ်ကြောင်း ဖြစ်သော သံဃာဒိသေသ် အာပတ်သင့်၏။

၇။ အကြင်ဘိက္ခုနီသည် စိတ်ဆိုးသည် စိတ်မချမ်းသာသည်ဖြစ်၍ ဘုရားကိုလည်းစွန့်၏၊သံဃာကိုလည်းစွန့်၏၊ သိက္ခပုဒ်ကိုလည်းစွန့်၏၊သာကီဝင်မင်းသားဘုရား၏သမီးဆိုသူတို့သာသမဏီမတဲ့လား၊မကောင်းမှုမှရှက်တတ်-ပြုအပ်လေသလား/မပြုအပ်လေသလားဟု စဉ်းစားတတ်-သိက္ခာ (၃) ပါးကို လိုလားတတ်ကုန်သော အခြားသာမဏိမတို့လည်းရှိကြပါသေး၏။ ထိုသူတို့အထံ၌မြတ်သောအကျင့်ကို
ကျင့်တော့မည်။ ဤသို့ပြောဆိုအံ့၊ထိုဘိက္ခုနီ ကိုမြင်ကုန်၊ကြားကုန်သော ဘိက္ခုနီ တို့က ဤသို့မပြောရန်တားမြစ်၍ အရှင်မ သာသနာတော်၌မွေ့လျောပါ၊တရားတော်ကိုကောင်းစွာစောထားအပ်ပါပြီ၊
ကောင်းမှန်စွာဒုက္ခအဆုံးကိုပြုဖို့ရာမြတ်သောအကျင့်ကိုကျင့်ပါဟု ပြောဆိုရမည်။ အခြားဘိက္ခုနီ ကဤသို့ပြောဆိုအပ်ပါလျက် ထိုရှေးနည်းအတိုင်းပင် (သူ့အပြောကိုမလျော့ဘဲ)ချီးမြှောက်အံ့၊ထိုဘိက္ခုနီ ကို အခြား ဘိက္ခုနီက ထိုအပြောကိုစွန့်လွှတ်ဖို့ရန် (၃) ကြိမ်တိုင်အောင် ဥတ်ကမ္မ၀ါစာဖြင့်ပြောဆိုထိုက်၏။ (၃) ကြိမ် တိုင် အောင် ဥတ်ကမ္မ၀ါစာဖြင့်ဆိုဆုံးမ၍မပြီးခင် ထိုအပြောကို စွန့်လျှင်ကောင်းသေး၏။ ပြောဆိုဆုံးမ ပြီးသည့်တိုင်အောင်မစွန့်လျှင်က ယာဝတတိယကမည်သော သံဃာမှနှင်ထုတ်ကြောင်း ဖြစ်သော သံဃာဒိသေသ် အာပတ်သင့်၏။

၈။ အကြင်ဘိက္ခုနီသည် အဓိကရုဏ်း(အမှု)တစ်ခုခု၌ရှုံးသဖြင့် စိတ်လည်းဆိုး စိတ်လည်းမချမ်းသာရကား
ဘိက္ခုနီမတွေဆန္ဒဂတိလိုက်ကြတယ်။ စသည်ဖြင့်ရန်တွေ့အံ့၊ထိုဘိက္ခုနီ ကိုအခြား ဘိက္ခုနီ တို့က ရန်မတွေ့ဖို့ရန်ပြောရမည်။ ထိုသို့ပြောဆိုဆုံးမပါလျက် သူ၏ရန်တွေ့မှုပြောဆိုမှုကို ရှေးအတိုင်း(အလျော့ဘဲ)ချီးမြှောက်ထားအံ့၊ထိုဘိက္ခုနီကိုအခြား ဘိက္ခုနီ တို့ကထိုအပြောကိုစွန့်ဖို့ရာ(၃) ကြိမ်တိုင်အောင်ဥတ်ကမ္မ၀ါ စာဖြင့်ပြောဆိုဆုံးမရမည်။ (၃) ကြိမ် တိုင် တိုင်ဆုံးမစဉ် ထိုအပြောကို စွန့်လျှင်ကောင်းသေး၏။ ပြောဆိုဆုံးမ ပြီးသည့်တိုင်အောင်မစွန့်လျှင်က ယာဝတတိယကမည်သော သံဃာမှနှင်ထုတ်ကြောင်း ဖြစ်သော သံဃာဒိသေသ် အာပတ်သင့်၏။

၉။ ဘိက္ခုနီအများတို့သည်ပင် လူတို့နှင့်ရောရောနှောနှောနေကြကုန်၏။ယုတ်မာသောအကျင့်-မကောင်းသတင်းကျော်စောခြင်း၊မကောင်းသောအသက်မွေးခြင်းရှိကြကုန်၏။ဘိက္ခုနီသံဃာကို ညှင်းဆဲတတ်ကြကုန်၏။ အချင်းချင်း၏အပြစ်ကိုလည်းဖုံးထားတတ်ကြကုန်၏။ ထိုဘိက္ခုနီ ကိုမြင်ကုန်၊ကြားကုန်သော ဘိက္ခုနီ တို့က ညီးတို လူတို့နှင့်ရောရောနှောနှော မနေကြပါနှင့် စသည်ဖြင့်ပြောဆိုဆုံးမ၍
ညီးတို့ လူတို့နှင့် ကင်းကင်းရှင်းရှင်းနေကြပါ။ ညီးတို့၏ကင်းကင်းရှင်းရှင်းနေခြင်းကိုသာဘိက္ခုနီ သံဃာက
ချီးမွမ်းပါသည် ဟုဖျောင်းဖျပြောဆိုရမည်။ ထိုသို့ပြောဆိုပါလျက်သူတို့၏ထိုအကျင့်ကို ရှေးအတိုင်းပင်(အလျော့ဘဲ)ချီးမြှောက်နေကြသေးအံ့၊ထိုဘိက္ခုနီကိုအခြား ဘိက္ခုနီ တို့ကထိုအပြောကိုစွန့်ဖို့ရာ(၃) ကြိမ်တိုင်အောင်ဥတ်ကမ္မ၀ါ စာဖြင့်ပြောဆိုဆုံးမရမည်။ (၃) ကြိမ် တိုင် တိုင်ဆုံးမစဉ် ထိုအပြောကို စွန့်လျှင်ကောင်းသေး၏။ ပြောဆိုဆုံးမ ပြီးသည့်တိုင်အောင်မစွန့်လျှင်က ယာဝတတိယကမည်သော သံဃာမှနှင်ထုတ်ကြောင်း ဖြစ်သော သံဃာဒိသေသ် အာပတ်သင့်၏။

၁၀။ အကြင်ဘိက္ခုနီသည် ဤသို့ပြောဆိုအံ့ (အဘယ်သို့ပြောဆိုသနည်း) အရှင်မတို့သင်တို့သည်
လူဝတ်ကြောင် မိန်းမတို့နှင့်သာရောနှော၍နေကြပါ၊အသီးသီးခွဲခွာ၍မနေကြပါနှင့်၊သံဃာထဲမျာဒီလိုအကျင့်
ဒီလိုကျော်စောသံဒီလိုအသက်မွေးမှုရှိကြကုန်သောဘိက္ခုနီသံဃာကိုညှည်းဆဲတတ်ကြ၊အချင်းချင်း၏ အပြစ်ကိုလည်းဖုံးထားတတ်ကြကုန်သော(သင်တို့အပြင်) အခြားဘိက္ခုနီတွေရှိကြပါသေးသည်။ ထိုဘိက္ခုနီ တွေကိုလည်း သံဃာကဘာကိုမှမပြောပါ၊သင်တို့ကိုသာသံဃာအောက်တန်းစားတွေဟု အမှတ် ထားခြင်း
ငါတို့ပြောရောဘာတတ်နိုင်မှာလည်း၊ဟုနိုင်ထက်စီးနင်းသိခြင်း၊သင်တို့ဒအပြစ်ကိုမှသည်းမခံနိုင်ခြင်း၊သူတို့စကားသာအောင်နိုင်၏ဟုမှတ်ယူရလောက်အောင်သူတို့ကအားရှိခြင်း၊သင်တို့က(ဘက်သား)အင်းအား နည်းပါးခြင်းတို့ကြောင့် ဘဂိနိယော သံသဋ္ဌ ၀ိဟန္တိ  စသည်ဖြင့်တားမြစ်ခြင်းဖြစ်သည် ဟုပြောဆိုအံ့ ထို ဘိက္ခုနီကိုအခြား ဘိက္ခုနီ တို့ကဤသို့အပြောကိုစွန့်ဖို့ရာ(၃) ကြိမ်တိုင်အောင်ဥတ်ကမ္မ၀ါ စာဖြင့်ပြော ဆိုဆုံးမရမည်။ (၃) ကြိမ် တိုင် တိုင်ဆုံးမစဉ် ထိုအပြောကို စွန့်လျှင်ကောင်းသေး၏။ ပြောဆိုဆုံးမ ပြီးသည့်တိုင်အောင်မစွန့်လျှင်က ယာဝတတိယကမည်သော သံဃာမှနှင်ထုတ်ကြောင်း ဖြစ်သော သံဃာဒိသေသ် အာပတ်သင့်၏။

No comments:

Post a Comment