သူ့အသက်ကို သိလျက်သားနဲ့၊
ဒေါသစိတ်ထား သေစေလို၊
လုံ့လပြုကာ သေအောင်သတ်က၊
ပါဏာတိပါတ် အကုသိုလ်၊
လွန်ကျူးမိလျှင်၊တကယ်ပဲပေါ့ အပါယ်ငရဲ ကျမည်ဆို၊
လွတ်လာပြန်လည်း ရောဂါဆွဲ ဆင်းရဲ အသက်တို၊
အဲ့ဒါကြောင့်ပဉ္စသီလတည်ကြပါစေလို။
သူ့ဥစ္စာကို သိလျက်သားနဲ့၊
လောဘစိတ်ထား ခိုးယူလို၊
လုံ့လပြုကာ ခိုးယူမိက၊
အဒိန္နာ ဒါနာ အကုသိုလ်၊
လွန်ကျူးမိလျှင်၊တကယ်ပဲပေါ့ အပါယ်ငရဲ ကျမည်ဆို၊
လွတ်လာပြန်လည်း ဥစ္စာမွဲ ဆင်းရဲ ဖြစ်တိုင်းကိုယ်၊
အဲ့ဒါကြောင့် ပဉ္စသီလတည်ကြပါစေလို။
ရှောင်ရှားအပ်သူ မိန်းမများ၌၊
ရာဂစိတ်ထားပေါင်းဖေါ်လို၊
လုံ့လထုတ်ကာ ကျူးလွန်ပြုက၊
ကာမေသုတဲ့ အကုသိုလ်၊
ကျူးလွန်မိလျှင်၊တကယ်ပဲပေါ့ အပါယ်ငရဲ ကျမည်ဆို၊
လွတ်လာပြန်က နပုန်းမ မိန်းမ ဖြစ်သကို၊
အဲ့ဒါကြောင့် ပဉ္စသီလတည်ကြပါစေလို။
မဟုတ်မှန်တစ်ဘက်သားကို၊
ချွတ်ယွင်းလှည့်စား မုသားဆို၊
အဓိပ္ပါယ်ကို ထိုသူသိ၍၊
အကျိုးကိုယ်ထိ အကုသိုလ်၊
လွန်ကျူးမိလျှင်၊တကယ်ပဲပေါ့ အပါယ်ငရဲ ကျမည်ဆို၊
လွတ်လာပြန်လည်း ပုပ်ညှီစွဲ သွားကျဲ နှခမ်းတို၊
အဲ့ဒါကြောင့်ပဉ္စသီလတည်ကြပါစေလို။
မူးရစ်တတ်စွာ သေရည်များကို၊
မူးရစ်သောက်စား ဘိန်းရှုလို၊
ဒုစရိုက်တွေ ဖြစ်ပေါ်ကြောင်းမို့၊
မကောင်းစင်စစ် အကုသိုလ်၊
ကျူးလွန်မိလျှင်၊တကယ်ပဲပေါ့ အပါယ်ငရဲ ကျမည်ဆို၊
လွတ်လာစေဦး လူမေ့မူး အရူးဖြစ်တိုင်းကိုယ်၊
အဲ့ဒါကြောင့်ပဉ္စသီလတည်ကြပါစေလို။
အောက်ပါဆိုဒ်တွင်ဓမ္မတေးအဖြစ်နားဆင်နိုင်ပါသည်။
http://www.dhammavideo.com/media/4445/1/
No comments:
Post a Comment