Driverless (or)
self-driving car မှာ ရေဒါ (radar), Lidar, GPS , computer vision တွေထပ်ထားတဲ့ကားဖြစ်တဲ့အတွက် မျက်မမြင်တစ်ဦးပင်မောင်းလို့ရတဲ့ကားလို့ဆိုပါတယ်။
မောင်းတယ်ဆိုတာထက်စီးတယ်ဆိုတာကပိုမှန်ပါတယ်။ လူတစ်ယောက်က ဒရိုင်ဘာနေရာမှာထိုင်ပြီး
ဘယ်သွားမယ်ဆိုတာပြောလိုက်ရုံပါပဲ။ ကားက သူ့ဘာသာ လိုရာနေရာကို မောင်းသွားမှာပါ။ ကားသွားရမဲ့လမ်းကို
GPS ကပြပေးပြီး၊ radar, Lidar တွေက ကားရှေ့ဘေးပတ်ဝန်ကျင်မှာရှိတဲ့ တခြားကားတွေ၊လူတွေကိုသိနိုင်ပြီးရှောင်ရှားသွားမယ်လို့ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စု Nevada state က ပထမဦးဆုံး ၂၀၁၁ ခုဂျွန်လမှာ
အဲ့ဒီကားတွေမောင်းခွင့်ပြုလိုက်ပြီး မတ်လ ၁ ရက်မှာ လိုင်စင်ထုတ်ပေးခဲ့ပါတယ်။ ယခုအခါ
Florida , California မှာလည်း မောင်းခွင့်ပေးလိုက်ပါပြီး။ အဲ့ဒီကားတွေကို Toyota Prius လို့ အမည်ပေးထားပြီး Google ကထပ်မံပြီး ၉၅% အမြင်အားနည်းနေတဲ့ Steve
Mahan ကိုအစမ်းမောင်းစေခဲ့ပါတယ်။
No comments:
Post a Comment