လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Saturday, August 25, 2012

သက်သတ်လွတ်စားတဲ့သူတွေအတွက်သတင်းကောင်း။


 

         သက်သတ်လွတ်စားတဲ့သူတွေမှာရည်ရွယ်ချက်အမျိုးမျိုးရှိကြပါတယ်။ ဗုဒ္ဓဘာသာ များကတော့ ကိုယ့်အစာ အတွက်သတ္တ၀ါတွေ အသတ် မခံရပါစေဆိုတဲ့စေတနာ ကောင်း တွေနဲ့စားကြတာများပါတယ်။ အဲ့ဒီလူတွေအတွက် သတင်းကောင်းပါ။

ဓါတ်ခွဲခန်းအသား (In vitro meat, cultured meat, test-tube meat, victimless meat ) ဆိုတာ ဓါတ်ခွဲခန်းထဲမှာပြုလုပ်တဲ့ တိရစ္ဆာန် အသားပါ။ တစ်ချို့သော သက်သတ်လွတ်စားတဲ့သူတွေ ရသေ့စိတ်ဖြေစားတဲ့ အသားတု (imitation meat, vegetarian food) တွေမဟုတ်ပါဘူး။ အသားတု ဆိုတာတွေက ပဲတွေ၊ ကော် (gluten) တွေနဲ့ အသားပုံသဏ္ဍန်လုပ်ထားတာပါ။ အခုပြောတဲ့ ဓါတ်ခွဲခန်းအသားဆိုတာက တကဲ့ တိရစ္ဆာန် အသားပါ ဒါပေမဲ့ တိရစ္ဆာန် ကိုသတ်ပြီးမှရတဲ့ တိရစ္ဆာန်အသားမဟုတ်ပါဘူး။ တိရစ္ဆာန်အသားစလေးကနေ တိရစ္ဆာန်အသားတွေဖြစ်လာအောင် ဓါတ်ခွဲခန်းထဲမှာလုပ်ထားတာပါ။

 
ဒီအသားတွေကိုအာကာသထဲသွားတဲ့ အာကာသယာဉ်မှူး (Astronauts) တွေအတွက်ရည်ရွယ်ပြီး NASA ကစတင် တည်ထွင်ကြပါတယ်။ ပထမဆုံးလုပ်နိုင်ခဲ့တဲ့အသားက သိုးသားနဲ့ ရွှေငါးရဲ့အသားများကို ၂၀၀၈ မှာလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အသား ၁ ကီလိုရဖို့အတွက် တစ်မီလီယံ ဒေါလာ ကုန်ကျပါတယ်။ ဒါပေမဲ့ တစ်နေ့ကျရင် ဈေးနှုန်းကိုချနိုင်မှာဖြစ်ပြီး ယခုအသုံးပြုနေသော တိရစ္ဆာန်အသားတွေထက် ထက်ဝက်ဈေးအထိတောင်ဈေးပေါသွားနိုင်တယ်လို့ဆိုပါတယ်။ ကမ္ဘာ့လူဦးရေဟာ ၂၀၅၀ မှာ ၈.၉ ဘီလီယံအထိများလာမှာဖြစ်တဲအတွက် တိရစ္ဆာန်မွေးမြူရတဲ့ စရိတ်တွေဟာ ပိုမိုတိုးလာမှာဖြစ်တယ်လို့ဆိုပါတယ်။

ဓါတ်ခွဲခန်းအသားကြောင့်

၁။ တိရစ္ဆာန်တွေမွေးရန်မလိုခြင်း။

၂။ တိရစ္ဆာန်တွေသတ်ရန်မလိုခြင်း။

၃။ တိရစ္ဆာန်များမှလူကိုကူးဆက်နိုင်သောရောဂါများလည်းမဖြစ်နိုင်တော့ခြင်း။

၎။ လူဦးရေးများပြားလို့တိရစ္ဆာန်အသားမလုံလောက်မှုလည်းမဖြစ်နိုင်ခြင်း။

၅။ အဆီမပါသော အသားသက်သက်သာပြုလုပ်နိုင်ခြင်း ကြောင့် အဆီများ ကြောင့်ဖြစ်သောနှလုံးရောဂါစသောရောဂါများကိုလည်းတားဆီးနိုင်ခြင်း။

၆။ အရိုးမပါသောငါးအသားများပြုလုပ်နိုင်ခြင်း။

၇။ တိရစ္ဆာန်များမွေးယူရန်လိုအပ်သောမြေ၊ယာ များလိုအပ်မှုဟာ ၂% အထိလျော့နိုင်ခြင်း။

၈။ တိရစ္ဆာန်များမွေးယူရန်လိုအပ်သော စွမ်းအင်ကို ၄၅% အထိလျော့နိုင်ခြင်း။

စတဲ့အကျိုးကျေးဇူးများကိုပါရကြမှာဖြစ်တယ်လို့ဆိုပါတယ်။

No comments:

Post a Comment