၁၉၇၉ နှစ်လောက်က စပ်စံထွန်းဆေးရုံ အပြင်လူနာဌာနမှာတာဝန်ကျနေစဉ် ပုလိပ်အ၀တ်အစားနဲ့ စုံထောက်ဆိုသူရောက်လာပါတယ်။ တောင်ကြီးမြို့အ၀င် တောလမ်းဘေးမှာ အလောင်း တစ်လောင်းတွေ့လို့လိုက်ကြည့်ပေးဖို့ပါတဲ့။ စပ်စံထွန်းဆေးရုံမှာ လက်တောက်ဆရာဝန်တွေနည်းတာကြောင့် အပြင်လူနာဌာနမှာ တာဝန်ကျတဲ့အချိန်မှာ ဖြစ်ပျက်တဲ့ အရေးပေါ်လူနာရော၊ ရာဇ၀တ်မှုရော၊ ရင်ခွဲရုံရော၊ တရားရုံမှာ သက်သေခံရတာရောအကုန်လုပ်ရပါတယ်။
အပြင်လူနာတွေကုန်အောင်ကြည့်ပြီး၊ထမင်းစားပိတ်တဲ့အခါ ထမင်းကမန်း ကတမ်း စားပြီး၊ စုံထောက်အဖွဲ့နဲ့ လိုက်ခဲ့ပါတယ်။
ကားလမ်းပေါ်မှာကားရပ်ထားပြီးအလောင်းရှိရာကို တောလမ်း ကလေးကနေ လျှောက်သွားကြပါတယ်။ အလောင်းကိုမမြင်ရခင်က ဆိုးဝါးတဲ့အပုပ်နံ့ကိုရလိုက်ပါတယ်။ အနားရောက်တဲ့အခါမှာတော့ အလောင်းပေါ်မှာအပ်ချရာမရှိအောင်အုံနေကြတဲ့ ရင်ကောင်
ကြီးတွေအုပ်လိုက်ထပျံကြတာလန့်ဖို့တောင်ကောင်းပါတယ်။ အလောင်းကဖေါင်းပွနေပြီး အသားရောင်ကလည်းမည်းတဲ့နေရာမဲ၊ ညိုတဲ့နေရာညို၊ အရေပြားတွေကွာကျနေတဲ့ နေရာက ကွာကျ နေ ပါတယ်။ အလောင်းမှာ ခေါင်းလည်းမရှိ၊ လိင်အင်္ဂါတွေ လည်း မရှိပါဘူး။ ကျမတို့နဲ့အတူ မိသားစု ၅ စုလည်းပါလာပါတယ်။ သူတို့မိသားစုထဲက တစ်ဦး ဆီ ပျောက်ဆုံးနေလို့ ၎င်းတို့လူလားဆိုတာ သိရအောင်လိုက်လာတာပါ။ ဒါပေမဲ့ အထက်ပါ အတိုင်း ခေါင်းမရှိ၊ ယောကျာ်းမှန်း မိန်းမမှန်းမသိ၊ အသား ဘာအရောင်မှန်းမသိ၊ ပိန်လား၊ ၀လား မှန်းလည်းမသိနိုင်တာမို့ မိသားစု ၅ စုလုံးလည်း သူတို့မိသားစုလား ဆိုတာ မပြော နိုင်ကြပါဘူး။
တောင်ကြီးမှာ အဲ့ဒီအချိန်က မှောင်ခိုအလွန်ခေတ်စားတဲ့အချိန်ဖြစ်ပါတယ်။ ဒီဘက်ကနေ ကုန်လမ်းနဲ့ ယိုးဒယားဘက်ကို ကုန်ကူးသွားကြပါတယ်။ ဒီဘက်က ကျောက် တွေသွားရောင်းကြပြီ၊ ယိုးဒယားက အ၀တ်အထည်၊ ဆေး၊ စသည်တို့ပြန်သယ်လာကြ ပါ တယ်။ တစ်ချို့ကျောက်ကုန်သည်တွေက ကျောက်အတုတွေရောင်းပြီးပြန်လာကြကြောင်း၊ ယိုးဒယားတွေက လူလယ်ကျ သွားတဲ့သူတွေကို လူသတ်သမားတွေလွှတ်ပြီး အသတ်ခိုင်း တယ်လို့ပြောပါတယ်။ သတ်ပြီးရင် အခုလို ခေါင်းနဲ့လိင်အင်္ဂါတွေကိုဖြတ်ပြီး ချောက်တွေ ထဲပြစ်ပြီး ကိုယ်ထည်ကြီးကိုသာ ချုံတွေ ထဲမှာ ထားခဲ့တာမို့ ပုပ်ပွမှတွေ့ကြရပြီး ဘယ်သူ့အလောင်းမှန်းလည်းမသိနိုင်တော့ဘူးလို့ပြောပါတယ်။ အခု DNA နည်းသစ်တွေပေါ် လာ တဲ့အချိန်မှာတော့ အရိုးကြီးကျန်ရင်တောင် ဘယ်သူ့ အလောင်း ဆိုတာသိနိုင်ပါပြီ။
အသုဘဘာဝနာဆိုတာမြတ်ဘုရားဟောတော်မူတဲ့ သမထဘာဝနာ ၄၀ ထဲမှာပါ ၀င်ပြီး ရာဂစရိုက်(လောဘကြီး)သူများအတွက်သင့်လျော်သော ဘာနာဖြစ် ပါတယ်။
အသုဘ ကမ္မဋ္ဌာန်း ၁၀ ပါးကို http://www.dhammayaungchi.com/2011_11_01_archive.html ကကူးယူဖေါ်ပြထားပါတယ်။ အသုဘ ဆိုသည်မှာ “ မတင့်မတယ် စက်ဆုပ်ဖွယ် လူသေကောင် ” ဟု ဆိုလို၏။
အသုဘ ကမ္မဋ္ဌာန်း ၁၀ ပါးကို http://www.dhammayaungchi.com/2011_11_01_archive.html ကကူးယူဖေါ်ပြထားပါတယ်။ အသုဘ ဆိုသည်မှာ “ မတင့်မတယ် စက်ဆုပ်ဖွယ် လူသေကောင် ” ဟု ဆိုလို၏။
၁။ ဥဒ္ဓုမာတက အသုဘ = သေပြီး ၂ရက် ၃ ရက်ကြာသဖြင့် ဖူးဖူးရောင်နေသော စက်ဆုပ်ဖွယ် လူသေ ကောင်၊
၂။ ၀ိနီလက အသုဘ = အဖြူရောင် အနီရောင်ရောလျက် ညိုမဲဟောင်ပုပ်နေသော စက်ဆုပ်ဖွယ် လူသေ ကောင်၊
၃။ ၀ိပုဗ္ဗက အသုဘ = ပေါက်ပြဲ ကွဲအက်နေ၍ ပြည်ပုပ်တို့ ယိုထွက်နေသော စက်ဆုပ်ဖွယ် လူသေကောင်၊
၎။ ၀ိစ္ဆိဒ္ဒက အသုဘ = ခန္ဓာကိုယ် နှစ်ပိုင်း ပြတ်နေသော စက်ဆုပ်ဖွယ် လူသေကောင်၊
၅။ ၀ိက္ခာယိတက အသုဘ = ခွေး ကျီး လင်းတ တို့ ထိုးဆွ ကိုက်ဆွဲနေသော စက်ဆုပ်ဖွယ် လူသေကောင်၊
၆။ ၀ိက္ခိတ္တက အသုဘ = ခြေ လက်၊ ခေါင်း ခန္ဓာကိုယ် ဖရိုဖရဲ ပြန့်ကျဲ ဟောင်ပုတ်နေသော လူသေကောင်၊
၇။ ဟတ ၀ိက္ခိတ္တက အသုဘ = ဓားဖြင့် မွှန်းထားသဖြင့် ခြေ လက် ခေါင်း ကိုယ် ဖရိုဖရဲပြန့်ကျဲ ဟောင်ပုပ်နေသော စက်ဆုပ်ဖွယ် လူသေကောင်၊
၈။ လောဟိတက အသုဘ = ခန္ဓာကိုယ်အနှံ့အပြား ထိုထိုအရပ်မှ သွေးချင်းချင်းနီ ယိုစီးနေသော စက်ဆုပ်ဖွယ် လူသေကောင်၊
၉။ ပုဠ၀က အသုဘ = ပိုးလောက် တဖွားဖွား သွားလာ ၀င်ထွက် စက်ဆုပ်ဖွယ်သော လူသေကောင်၊
၁၀ ။ အဋ္ဌိက အသုဘ = တစ်ချောင်းစီကွဲထွက် တွဲစပ်ရန် ခက်ခဲသော ပုပ်ညှီနံ့ထွက်နေသော စက်ဆုပ်ဖွယ် အရိုးကောင်အားဖြင့် ဆယ်မျိုးအပြားရှိလေ၏။
No comments:
Post a Comment