အစာမကြေတဲ့ရောဂါကို
ဆေးပညာမှာ Dyspepsia or upset
stomach or indigestion လို့ခေါ်ပါတယ်။ အဲ့ဒီရောဂါမှာ ဗိုလ်အထက်ပိုင်းမှာ မကြာခဏ နာခြင်း၊ အစာစားသည့်အခါ ဗိုလ်ပြည့်သလိုခံစားရခြင်း၊ များဖြစ်ပါတယ်။
များသောအားဖြင့် ဗိုလ်အထက်ပိုင်းရောင်ခြင်း၊ လက်ဖြင့်ဖိကြည့်ပါက
နာခြင်း၊ လေတက်ခြင်း၊ ပျို့ခြင်း၊ အံခြင်းနှင့် ရင်ပတ်နေရာကပူခြင်း များလည်းခံစားရတတ်ပါတယ်။ အစာမကြေတဲ့ရောဂါဟာ အဖြစ်များတဲ့ရောဂါဖြစ်ပြီး၊ အစာအိမ်မှအစာများအထက်ပြန်တဲ့ ရောဂါ (gastroesophageal
reflux disease) နဲ့ အစာအိမ် ရောင်ရောဂါ (gastritis)
တွေကြောင့်ဖြစ်တတ်ပြီး၊ တစ်ခါတစ်ရံအစာအိမ်အနာ (stomach and duodenal ulcer) ကြောင့်လည်းဖြစ်တတ်သလို
အစာအိမ်ကင်ဆာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အသက် ၅၅ နှစ်ကျော်မှ ဘာကြောင့်မှန်းမသိပဲ
အစာမကြေတဲ့ရောဂါဖြစ်ရင်
အရေးကြီးတဲ့အထက်ဖေါ်ပြပါရောဂါများ ဟုတ်မဟုတ်ဆိုတာ စမ်းသပ်စစ်ဆေး ဖို့လိုပါတယ်။ အထက်ပါရောဂါများကြောင့်
မဟုတ်ပဲ တစ်နည်း ဘာရောဂါမှမရှိပဲ အစာမကြေတာကိုတော့ Functional dyspepsia လို့ခေါ်ပါတယ်။ အနောက်နိုင်ငံမှာ လူ
၁၅ % ဟာ Functional dyspepsia ကိုခံစား
နေရတယ်လို့ဆိုပါတယ်။
အရေးဂရုပြုရမည့် လက္ခဏများ။
၁။
ဗိုလ်အထက်ပိုင်းနာခြင်း၊ ရောင်ခြင်း၊ ဟာ ကိုယ်လက်လှုပ်ရှားတဲ့အခါ (physical activity) ပိုဆိုးလာရင်၊ ပျို့ခြင်း၊ချွေးထွက်ခြင်းများလည်းခံစားရပါက နှလုံးရောဂါဖြစ်နိုင်တဲ့အတွက် ဆရာဝန်နှင့် အမြန်ဆုံးပြသဖို့လိုအပ်ပါတယ်။
၂။ အံဖတ်တွင်သွေးပါလျှင်၊ အစာမျိုရာတွင်ခက်ခဲခြင်း၊
ခံတွင်းပျက်ခြင်း၊ ကိုယ်အလေးချိန်လျော့ခြင်းများဖြစ်ပါက အစာအိမ်နာ (၀ါ)
အစာအိမ်ကင်ဆာဖြစ်နိုင်တာမို့အသေအချာဆေး စစ်ဖို့လိုအပ်ပါတယ်။
၃။ အစာမကြေရောဂါဟာ ဆေးများကြောင့်လည်းဖြစ်နိုင်ပါတယ်။
ဥပမာ သွေးတိုးကျဆေးနဲ့နှလုံးဆေးများ
(calcium
antagonists, nitrates),
ရင်ကျပ်ရောဂါဆေး (theophylline),
ဘိုင်စဖိုနိတ် (bisphosphonates),
ကော်တီကိုဆတီရှိုက်
(corticosteroids)
နဲ့ အနာပျောက်ဆေး (non-steroidal
anti-inflammatory drugs) များကြောင့်လည်းဖြစ်နိုင်ပါတယ်။
ကုသခြင်း။
အထက်ပါအရေးကြီးသောရောဂါများကြောင့် မဟုတ်သော Functional dyspepsia ရောဂါသည်များ၊
အထူးသဖြင့်အသက် ၅၅
နှစ်အောက်များကို
၂။ အစာအိမ်ရှိအက်စစ်ကိုခြေသောဆေး (antacid ) ဥပမာ Gelmag, Magnesium tablet ။ လေလည်ကာကွယ်ဆေး (antiflatulents) များအသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ ဒီရောဂါမှာ
အနောက်တိုင်းဆေးတွေထက် ဆေးမြီးတိုများကပိုပြီးအကျိုးရှိတာတွေ့ရပါတယ်။ ဆေးမြီးတိုများထဲက
စစ်ဆေးတွေ့ရှိတဲ့ဆေးတွေက ကရဝေး၊ ချင်းနဲ့ ပင်စိမ်းမျိုးမှရသောပက်ပါမင့်
(peppermint) တို့ဖြစ်ပါတယ်။ ပက်ပါမင့် ပါသောပူရှိမ်းသကြားလုံး၊ပီကယ်များစားကြည့်နိုင်ပါတယ်။
၃။ အစားအစာစားသောက်သောအလေ့အကျင့်ပြောင်းခြင်း။
အစာအာဟာရများကို မှီဝဲသုံးဆောင်ရာတွင် အစာလည်း ဆေး၊ ဆေးလည်း အစာ-ဟူသော လမ်းညွှန်ချက်ကို သတိပြု၍ မိမိတို့အတွက် ဆေးဖြစ်မည့် အစားအစာများကို ဉာဏ်ဖြင့် ရွေးချယ်မှီဝဲရန်နှင့် မှီဝဲနည်းမှန်ကန်ရန် အလွန်အရေးကြီးပေသည်။ ထို့ကြောင့် အင်္ဂုတ္တိုရ်ပါဠိတော် အနာယုသာသုတ်များ၌ အသက်ရှည်ကြောင်း ၇-ပါးတို့ကို မြတ်စွာဘုရား ဟောကြား တော်မူရာတွင် အစာအာဟာရ မှီဝဲသုံး ဆောင်နည်းများနှင့် ပတ်သက်၍ အချက် ၄-ချက်ကိုအောက်ပါအတိုင်းညွှန်ကြားခဲ့ပေသည်။
၁။ အချိန်မှန်မှန် စားရခြင်း ( ကာလစာရီ )
၂။ မိမိနှင့် သင့်လျော်ရာကိုသာ စားရခြင်း ( သပ္ပါယကာရီ )
၃။ သင့်လျော်စေကာမူ ကြေကျက်လွယ်သည်ကိုသာ စားရခြင်း ( ပရိဏတ ဘောဇီ )
၎။ သင့်လျော်ကြေကျက်စေကာမူ အတိုင်းအတာနှင့် စားရခြင်း ( သပ္ပါယေ မတ္တံ ဇာနာတိ )
အစာအာဟာရများကို အချိန်မှန်မှန် စားသောအခါ စားချိန်ကျရောက်လျှင် အလိုလို ဆာလောင်လာတတ်ပေသည်။ ထိုဆာလောင်လာသည့် အချိန်ကား အမှန် အစာအာဟရ စားသင့် သည့် အချိန်ဖြစ်ပါသည်။ ဆာလောင်ခြင်းဆိုသည်မှာ အစာသစ်အိမ်တွင် ပါစက၀မ်းမီး တောက်လောင်စရာ အစာမရှိတော့သဖြင့်၊ ၀မ်းမီးက အစာအိမ်ကို လောင်ကျွမ်း နေသဖြင့် အစာအိမ်က -ငါ့မှာ ၀မ်းမီး အလောင်ခံနေရသည်။ ငါ့ထံသို့ အစာများ ပို့ပေးပါ-ဟု ပူဆာနေသကဲ့သို့ ဖြစ်နေခြင်းမျိုး ဖြစ်ပါသည်။ ထိုအချိန်တွင် အစာမစားပါက ၀မ်းမီးကြောင့် အပူနှင့်လေတို့ ထိပြီး ရင်ဝတွင် လေခံရကား အစာမစားချင် ဖြစ်လာတတ်၏။ ကြာလျှင် အစာအိမ် အချဉ်ပေါက်သည့် ရောဂါ၊ လေပူရောဂါများလည်း ဖြစ်ပွားလာတတ်၏။ ထို့အတူ အစာအိမ်က လောင်စာမတောင်းသေးချိန်တွင် (၀ါ) မဆာသေးသည့်အချိန်တွင် စားပြန်လျှင်လည်း အစာမကြေရောဂါ၊ ပျို့အန်သော ရောဂါများ ဖြစ်လာတတ်သည်။ ထို့ကြောင့် သဘာဝကပေးထားသည့် အစာ စားသောက်ချိန်တွင် အစာမှန်မှန် စားခြင်းဖြင့် ကျန်းမာအောင် ပြုပြင်ကြရမည်။
ဒုတိယအချက်မှာ-ဆာလောင်ချိန်၌ အချိန်မှန် အစာစားရမည်ဆိုသော်လည်း တွေ့သမျှ အစာ အာဟာရတို့ကို မစားရ။ မိမိကျန်းမာရေးနှင့် လျော်ကန် သင့်မြတ်သည့် အစားအစာ များကိုသာ ရွေးချယ်စားကြရခြင်းဖြစ်သည်။ ဥပမာ-အအေးစာ၊ အပူစာ နှစ်မျိုးတွင် မိမိခန္ဓာကိုယ်က အပူစာနှင့်မှ သင့်မည်ဆိုက အအေးစာများကိုရှောင်၍ အပူစာကို ရာသီဥတုအလိုက် ဉာဏ်ဖြင့် ရွေးချယ်စားရ၏။ ထို့အတူ တက်စာ၊ သက်စာ၊ ပွင့်စာ၊ ပိတ်စာ၊ ဖျက်စာ၊ ဖြည့်စာတို့၌လည်း မိမိနှင့် သင့်လျော်ရာအစာများကို ဉာဏ်ဖြင့်ချင့်ချိန်၍ ရွေးချယ်စားတတ်ရမည်။
ထို့ကြောင့် မလတ်ဆတ်ခြင်း၊ မသန့်ရှင်းခြင်း၊ ပိုးရှိခြင်း၊ ပုပ်သိုးခြင်း၊ မှည့်လွန်း စိမ်းလွန်းခြင်း၊ အလွန်ကျက်ခြင်း၊ မနူးမနပ်ခြင်း စသည့် အင်္ဂါလက္ခဏာများ ရှိသော အစားအစာများ မှာလည်း မသင့်လျော်သောအစာများဖြစ်ရာ ထိုအစားအစာမျိုးကို လုံးဝရှောင်ရှားရမည်။

အစာစားပြီး တိုင်း အချိုရည်၊ ရေခဲရည် သောက်သည်ထက်
ရေနွေးကြမ်း သောက်သည်က အစာလည်းကြေ၊ ဆီးချိုသွေးတိုး ရောဂါကို လည်း ကာကွယ်ပြီး သွေးတွင်းအဆီကျ
စေသည့် အပြင် လေဖြတ်ခြင်းမှလည်း ကာကွယ်နိုင်သည့် ငွေကုန်ကြေး ကျနည်းသော ဆေးကောင်းဖြစ်
ပါသည်။
ထာဝယ်မိုင်း အရွက်နုကို ပြုတ်၍ လက်သုပ် လုပ်စားနိုင်သည်။ သနပ် ပြုလုပ်၍ စားနိုင်သည်။ လေထိုး၊ လေအောင့်၊ အစာမကြေ ရောဂါများ အတွက် အရွက်ကို ပြုတ်၍ သောက်ပါက ရောဂါ ပျောက်ကင်းသည်။
ဆီးဖြူသီး ခြောက်ဆေးသည်
အစာကိုကြေလွယ်စေသည်။ ယောကျာ်းတို့၏ ခွန်အားကို ဖြစ်စေသည်။ကာမအားကို ဖြစ်စေသည်။
ကျမ်းကိုး။
၂။ ေhttp://blog.irrawaddy.org/2012/07/blog-post_2480.html
ထားဝယ်မိုင်း http://myittaryik.blogspot.fr/2010_10_01_archive.html
၎။ ဆေးဖက်ဝင် ဆီးဖြူသီး http://www.mawcity.com/2011/05/blog-post.html
၅။ http://en.wikipedia.org/wiki/Dyspepsia
No comments:
Post a Comment