လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Friday, June 15, 2012

အစိမ်းရောင်ရွှေ (Golden Green)



စိမ်းရောင်ရွှေဆိုလို့ မြတွေ၊ ကျောက်စိမ်းတွေကိုဆိုလိုခြင်းမဟုတ်ပါ။ အံ့သြဖွယ်ရာ
ကွမ်းရွက်ရဲ့ ကျန်းမာရေးနဲ့အာဟာရတန်ဖိုးကိုခေတ်မှီနည်းများဖြင့်သုတေသနပြုတွေ့ရှိ
တဲ့အတွက် အိန္ဒိယနိုင်ငံအစားအသောက်နဲ့စိုက်ပျိုးရေးဌာနမှ အစိမ်းရောင်ရွှေ (Golden Green) လို့တင်စားမှဲ့ခေါ်လိုက်တာပါ။

ကွမ်းရွက်ရဲ့ဆေးဖက်ဝင်ပုံတွေကို မြန်မာတိုင်းရင်းဆေးတော်တော်များများမှာ တွေ့ရပါတယ်။ ကျမငယ်ငယ်က ချောင်းဆိုးတိုင်း ကွမ်းရွက်ပြုပ်ရည်သောက်ခဲ့ရပါတယ်။ ညီမလေးတွေ နေကောင်းခါစမှ ကွမ်းရွက်ပြုပ်ရည်နဲ့မေမေရေချိုးပေးတာတွေ့ခဲ့ပါတယ်။ တူလေးငယ်ငယ်ကလည်း ၀မ်းချုပ်လေ့ရှိတာမို့ ကွမ်းရိုးနဲ့ ချူပေးတာတွေ့ပါတယ်။

          စာရေးဆရာသာဂဒိုးရဲ့စူလာနဖာ စာအုပ်မှာမျက်စိအားနည်းတာ၊နားလေးတာတွေကို
ကွမ်းရွက်နဲ့ကုသနည်းတွေ၊ စာရေးဆရာ သာဂတိုးရဲ့ စူလာနဖါ၊ စာအုပ်မှာ မျက်စိအားနည်းတာ၊ နားလေးတာတွေ ကိုကွမ်းရွက်နဲ့ ကုသနည်းတွေ၊ ၎င်းကိုယ်တိုင် ဟတ်အတက် (heart attack) ရတဲ့အခါ အလွယ် တကူရှိနေတဲ့ ကွမ်းရွက်ကိုပဲ နှလုံးနေရာမှာ ကပ်ထားခြင်းဖြင့် သက်သာရာရ ခဲ့ ကြောင်းများ ရေးထား ပါတယ်။ ဒါပေမဲ့ ကွမ်းရွက်မှာဘာတွေရှိလို့ ဒီရောဂါတွေပျောက်ရတာလဲ။ တိုက်ဆိုင်မှုလား၊ ဆိုတဲ့ မေးခွန်းတွေပေါ်ပေါက်လာပါတယ်။ဒီမေးခွန်းတွေကို ဖြေနိုင်မဲ့ ခေတ်မှီ သုတေသနပြု ချက်များ ကြောင့် သိပ္ပံနည်းကျကျဖြေနိုင်ပါပြီ။


လပ်ဆပ်သောကွမ်းရွက်တွင်ပါဝင်သောအာဟာရဓါတ်များ။

၁။ ရေ ၈၅-၉၀%။
၂။ အသားဓါတ် (Protein) ၃-၃.၅%။
၃။ အဆီ (Fat) ၀.၄ -၁.၀%။
၎။ သတ္ထုဓါတ် (Minerals) ၂.၃-၃.၃%။
၅။ အမျှင်ဓါတ် (Fibre) ၂.၃%။
၆။ အစိမ်းရောင်ဓါတ် (Chlorophyll) ၀.၀၁-၀.၂၅%။
၇။ ကဆီဓါတ် (Carbohydrate) ၀.၅-၆.၁%။
၈။ ဗီတာမင် အေ ၁.၉-၂.၉ mg/100g။
၉။ ဗီတာမင် စီ ၀.၀၀၅-၀.၀၁%။
၁၀။ ဗီတာမင် ဘီ ၁ (Thiamine) ၁၀-၇၀ mg/100g။
၁၁။ ဗီတာမင် ဘီ ၂ (Riboflavin) ၁.၉-၃.၀ mg/100g။
၁၂။ ဗီတာမင် ဘီ ၃ (Nicotinic acid) ၀.63-၀.၈၉ mg/100g။                                             
၁၃။ Astringent (Tannin) ၀.၁-၁.၃%။                                                                       
၁၄။ Nitrogen ၂-၇%။
၁၅။ Phosphorus ၀.၀၅-၀.၆%
၁၆။ Potassium ၁.၂-၄.၆%
၁၇။ Calcium ၀.၂-၀.၅%
၁၈။ Iron ၀.၀၀၅-၀.၀၀၈%
၁၉။ Iodine ၃.၄ mg/100g။                                             
၂၀။ Essential oil ၀.၀၈-၀.၂%
၂၁။ Energy  ၄.၄ Kcal/100gm၊

ကွမ်းရွက်ရဲ့အာဟာရတန်ဖိုးများ။
၁။ ကွမ်းရွက်မှာဗီတာမင်နဲ့ သတ္ထုဓါတ်များစွာပါဝင်ပါတယ်။ ကွမ်းရွက် ၆ ရွက်မှာပါဝင်တဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်များဟာ နွားနို့ ၃၀၀ cc  မှာပါတာနဲ့ တူညီတယ်လို့ဆိုပါတယ်။
၂။ Diastase and catalase  ကဲ့သို့သော ကဆီဓါတ်ကို ခြေဖျက်သည့် enzyme အင်ဇိုင်းများပါဝင်ပါတယ်။အင်ဇိုင်းများ (enzymes) ပါဝင် ပါတယ်။                                                                                ၃။ လူတို့အတွက် မရှိမဖြစ်လိုအပ်သော အမိုင်နိုအက်စစ် ၃။ လူတွေအတွက်မရှိမဖြစ်လိုအပ်သော (essential amino acids) အားလုံး နီးပါး ပါဝင် ပါတယ်။ Lysine.Histidine နဲ့ Arginine ကတော့ အနည်းငယ်မျှသာပါဝင် ပါတယ်။                                                                                         ၄။ Bacteria ပိုးများကိုသေစေသည့် (anti-bacterial property) သတ္တိရှိပါတယ်။                              ၅။ သံကောင်များကိုသေစေသည့် (anti-protozoan property) သတ္တိရှိပါတယ်။                               ၆။.ရောဂါဖြစ်စေသောမှိုများကိုသေစေသည့် (anti-fungal property) သတ္တိရှိပါတယ်။
၇။ ငြင်သာသော လှုံဆော်သော (၀ါ) အားပေးသောသတ္တိ (mild stimulant effect) ရှိပါတယ်။
၈။ Aspirin သတ္တိရှိပါတယ်။
၉။ Cooling  property အေးမြသောသတ္တိရှိပါတယ်။
၁၀။ အရောင်သက်သာစေသောသတ္တိ (Anti-inflammatory) ရှိပါတယ်။
၁၁။ ကိုယ်မှာရှိတဲ့ အသက်ရှင်ဖို့လိုအပ်တဲ့ အလုပ်များ ဥပမာ နှလုံးခုန်ခြင်း၊ အသက်ရှုခြင်း စသည်တို့ကို လိုအပ်သလိုထိမ်းချုပ်သောအာရုံကြောများကိုလှုံဆော်သောသတ္တိရှိပါတယ်
(stimulation of sympathetic autoimmune system)။
၁၂။ ဆီးသွားစေခြင်းသတ္တိ (Diuretic effect) ရှိပါတယ်။


ကွမ်းရွက်ရဲ့ကျန်းမာရေးဆိုင်ရာအသုံးဝင်ပုံများ။                                                                        ၁။.ခံတွင်းနံ့ကောင်းခြင်း။ (bad breath) ခံတွင်းနံဆိုးရတာဟာ ပါးစပ်မှာ ရှိတဲ့ စားကျွင်း စာကျန်တွေမှာပေါက်ဖွါးတဲ့ပိုးတွေကြောင့်ပါ။ ကွမ်းရွက်ရဲ့ mild stimulant effect ကြောင့်
တံတွေးများထွက်စေပါတယ်။ တံတွေးကပိုးတွေကိုသတ်ပါတယ်။ ထိုအပြင်ကွမ်းရွက်ရဲ့ anti-bacteria effect ကြောင့်လည်းပါးစပ်ထဲကပိုမွှားတွေသေပါတယ်။ mild stimulant effect ကြောင့် ကွမ်းရွက် ၀ါး ခြင်းဖြင့် တံတွေးများ ပိုထွက်စေပါတယ်။ တံတွေးက ပါးစပ် တွင်းက ပိုးတွေ ကိုသေစေပါတယ်။ ဒီ့အပြင်ကွမ်းရွက်မှာပါတဲ့ anti-bacterial သတ္တိကြောင့် လည်းပိုးတွေ သေပါတယ်။                           

၂။.အနာများ၊ပြည်တည်နာများ (boils and abscesses ) ဖြစ်ရတာ bacteria ပိုးတွေကြောင့် ပါ။ ဒါကြောင့် anti-bacteria & astringent သတ္တိရှိတဲ့ ကွမ်းရွက်ကို ပျော့သွားအောင်အနည်း ငယ်အပူပေးပြီး ကြက်ဆူဆီနှင့်သုတ်၍ အနာပေါ်ကပ်ပေးပါ။ ကွမ်းရွက်ကို နာရီအနည်းငယ် ခြား၍ လဲလှဲပေးပါ။ ညအိပ်သည့်အခါကပ်ထားပြီး မနက်တွင်လဲလှဲပေးပါ။ အနာပြည် ပေါက် သွားပါ လိမ့်မယ်။                   

၃။ သွားဖုံရောင်ခြင်း (swelling of gum & conjunctivitis) ဟာ ဗီတာမင်စီဓါတ်ချို့တဲ့ ရာက စပြီး နောက်ပိုင်း ပါးစပ်မှာရှိတဲ့ပိုးမွှားတွေကြောင့်အနာတွေဖြစ်တာပါ။ ဒါကြောင့်ကွမ်းရွက် ၀ါး ခြင်းဖြင့် ကွမ်းရွက်မှာပါတဲ့ ဗီတာမင်စီနဲ့ ပိုးသတ်နိုင်တဲ့သတ္တိတွေကြောင့် ရောဂါပျောက်ကင်း စေတာဖြစ်ပါတယ်။  

၎။ ရင်သာရောင်ခြင်း (mastitis) ဟာ နို့တိုက်သောမိခင်များမှာ ရင်သားမှာနို့တွေ အကြောင်း အမျိုးမျိုးကြောင့်စုမိပြီး bacteria ခေါ်တဲ့ ပိုးတွေ ပွါးများတာ ကြောင့်ဖြစ်ရတာပါ။ ကွမ်းရွက်ကို ဆီသုတ်ပြီး ရင်သားပေါ်ကပ်ပေးပါက နို့ထွက်ကောင်းစေခြင်းနှင့် ကွမ်းရွက်ရဲ့ ပိုးသတ် သတ္တိ ကြောင့် ရင်သာရောင်ခြင်းနှင့် ရင်သားပြည်တည်ခြင်းကိုကာကွယ်နိုင်တယ်လို့ဆိုပါတယ်။                               

၅။ နားရိုးရောင်ခြင်း (mastoiditis) ဟာလည်း bacteria ခေါ်တဲ့ ပိုးကြောင့်ဖြစ်ရတာပါ။                       

၆။ အဖြူဆင်းခြင်း( leucorrhoea) ဟာ bacteria ခေါ်တဲ့ ပိုးများ fungus ခေါ်တဲ့ ပိုးများ protozoa ခေါ်တဲ့ ပိုးများကြောင့်ဖြစ်ရတာပါ။ ကွမ်းရွက်မှာ ဒီပိုးသုံးမျိုးလုံးကိုသတ်နိုင်တဲ့ အာနိသင်တွေရှိပါတယ်။              

၇။ ပွေးရောဂါ (ringworm) ဆိုတာ ရောဂါဖြစ်စေတဲ့ မှိုကြောင့်ဖြစ်တာပါ။ ကွမ်းရွက်မှာ ရောဂါမှိုကိုသတ်နိုင်တဲ့ သတ္တိတွေပါ ပါတယ်။                                                                         

၈။ ထိခိုက်၊ရှနာခြင်း (abrasion၊ cuts and injuries etc) များဟာ သဘာဝအရ အနာ ကျက်ပါတယ်။ ဒါပေမဲ့ အနာကိုပိုးတွေဝင်ရင်တော့ အနာမကျက်ပဲ ပြည်တည်နာ ဖြစ် သွား ပါတယ်။ ကွမ်းရွက်ရဲ့ ပိုးသတ်တဲ့သတ္တိနဲ့ သွေးတိတ်စေတဲ့ astringent ကြောင့် ထိခိုက်၊ ရှနာတဲ့နေရာမှာ ကွမ်းရွက်ကပ် ထားရင်အနာပျောက်စေနိုင်ခြင်းဖြစ်ပါတယ်။ အနာပေါ်မှာ ကွမ်းရွက်နေ့တိုင်းကပ်ပေးရင် ၂ရက် အတွင်း ပျောက်ကင်း စေတယ်လို့သိရပါတယ်။ ကွမ်းရွက်ကပ် လို့မရတဲ့နေရာများမှာ ကွမ်းရွက်ရည်ထဲ့ပေး နိုင်ပါတယ်။                                                                                                                  

၉။ ခေါင်းကိုက်ခြင်း (Headache)။ ကွမ်းရွက်ရဲ့ aspirin သတ္တိနဲ့ အေးမြသော သတ္တိများကြောင့် ခေါင်းကိုက်တဲ့အခါ ကွမ်းရွက်ကို နားထင်မှာကပ်ထားခြင်းဖြင့် ခေါင်းကိုက်သက်သာ စေပါ တယ်။         

၁၀။ အဆစ်အမြစ်ကိုက်ရောဂါ (Rheumatism) များတွင်လည်း နာကျင်ကိုက်ခဲသော အဆစ် အမြစ်များပေါ်တွင် ကပ်ထားခြင်းဖြင့် anti-inflammatory effect and aspire effect များ ကြောင့် အရောင်သက်သာစေပြီး အနာသက်သာစေပါတယ်။                                                               

၁၁။ ခါးနာခြင်း (lumbago)။ အပူပေး၍ပျော့နေသောကွမ်းရွက်ကို အဆီတစ်မျိုးမျိုး ဥပမာ အုံးဆီသုတ်၍ နာသောနေရာတွင်ကပ်ထားခြင်းဖြင့်သက်သာစေပါတယ်။                                                        

၁၂။ ၀မ်းချုပ်ခြင်း (Constipation)။ ကွမ်းရွက်မှာပါတဲ့ အမျှင်ဓါတ်များနှင့် Astringent ဓါတ်ကြောင့် ၀မ်း ချုပ်ခြင်းကိုပျောက်စေနိုင်ပါတယ်။ ခလေးငယ်များတွင် ကွမ်းရိုးကို ကြက်ဆူဆီ (castor oil) တွင်နှစ်ပြီး၊ စအိုတွင်းထိုးသွင်းနိုင်ပါသည်။ တုတ်ကောင်များရှိပါက ကွမ်းရွက်၏ သံကောင်များကို သေစေသည့် (anti-protozoan property) သတ္တိ ကြောင့် တုတ်ကောင်များ ပါထွက် ကျလာ ပါတယ်။                          

၁၃။ ယားခြင်း (itches) သည် မတည့်သောပစ္စည်း (allergens) များကြောင့်ဖြစ်ပြီး ကွမ်းရွက်ရဲ့ Astringent astringent သတ္တိကြောင့် ပျောက်စေပါတယ်။                                                                       

၁၄။ နားရည်ယိုခြင်း (otorrhoea = drainage of CSF through the ear) ကိုပျောက် စေတာကလည်း Astringent astringent သတ္တိကြောင့်ပါ။                                                                             

၁၅။ အာရုံကြောအားနည်းခြင်း (weakness of nerves)၊ အာရုံကြောများနာခြင်း (nervous pains)၊ များတွင် ကွမ်းရွက်ရည်အနည်းငယ်နှင့် ပျားရည်ရောပြီး တစ်နေ့နှစ်ကြိမ် လက်ဖက် ရည်တစ်ဇွန်းခန့်သောက်ခြင်းဖြင့်ပျောက်ကင်းစေသည်ဟုဆိုပါသည်။ သာဂဒိုးရဲ့စာအုပ်ထဲမှာ မျက်စိအားနည်းသူများ မျက်လုံး၏အပေါ်၊နှာခေါင်းဘက်ဒေါင့်တွင်ကွမ်းရွက်ကပ်ခြင်း၊ နားလေး သူများကွမ်းရွက်ကိုနားထဲထဲ့ထားခြင်းများဟာ မျက်လုံးနှင့်နားတို့ရဲ့ အာရုံကြောများကိုအားပေး သော၊လှုံ့ဆော်သောသတ္တိကြောင့်ဖြစ်မယ်ထင်ပါတယ်။ နှလုံးရောဂါကိုပျောက်စေတာကတော့ နှလုံးခုန်နှုန်းကိုထိမ်းချုပ်သောနှလုံးတွင်းရှိအာရုံကြောကိုနှလုံးခုန်နှုန်းမှန်ကန်စေခြင်းကြောင့်လို့ထင်ပါတယ်။ ထိုပြင် ကွမ်းရွက်ဟာသွေးကြောတွေကို ဖြေလျော့စေ (Relaxation of blood vessels) တာကြောင့်နှလုံးအားစိုက်ရမှုကိုလျော့စေပါတယ်။                                                                 
၁၆။ စိတ်ချောက်ချားရောဂါ(စိတ်ကစဥ့်ကလျားရောဂါ) (Hysteria) များတွင်လည်း ကွမ်းရွက် နှင့် ပျားရည်ရော၍သောက်ခြင်းဖြင့်ပျောက်ကင်းစေသည်ဟုဆိုပါတယ်။

၁၇။ အသက်ရှုလမ်းကြောင်းရောဂါများ (Respiratory Disorders) အထူးသဖြင့်နိုင်ငံခြား ဆေးပြင်းများကိုမခံနိုင်သော ခလေးသူငယ်များနှင့်သက်ကြီးရွယ်အိုများတွင် ကွမ်းရွက်ကို မုံညင်းဆီဆွတ်ပြီး အနည်းငယ်အပူပေး၍ရင်ပတ်ပေါ်တွင်အုပ်ပေးခြင်းဖြင့် ချောင်းဆိုးခြင်း၊ အသက်ရှုကြပ်ခြင်းကိုပျောက်ကင်းစေပါတယ်။

၁၈။ လည်ချောင်းနာခြင်း (Sore throat) နှင့် ချောင်းခြောက်ဆိုးခြင်း(irritating cough) များတွင်လည်း ကွမ်းရွက်ရည်၊ပျားရည်ရောကိုသောက်ခြင်းဖြင့်ပျောက်ကင်းစေပါတယ်။

၁၉။ ကွမ်းရွက်မှာ (diuretic property) ဆီးသွားစေတဲ့သတ္တိလည်းရှိတာမို့ဆီချုပ်၊ဆီနည်း တဲ့အခါ မျိုးမှာကွမ်းရွက်ရည်နဲ့နွားနို့ရောပြီးသကြား (၀ါ) ပျားရည်ထဲ့သောက်နိုင်ပါတယ်။

၂၀။ အစာစားပြီးနောက် ကွမ်းရွက်စားခြင်းအားဖြင့် ခံတွင်းကောင်းခြင်း၊ အစာကြေခြင်း စတဲ့အကျိုး  များကိုရစေပါတယ်။ ကွမ်းရွက်မှာပါတဲ့ အစာခြေတဲ့ အင်ဇိုင်းများ၊ တံတွေး ထွက်စေခြင်း၊ အူလမ်းကြောင်းလှုပ်ရှားမှုကို လှုံဆော်ခြင်း၊ တို့ကြောင့်ဖြစ်ပါတယ်။

၂၁။ ကွမ်းရွက်မှာကင်ဆာရောဂါကိုပျောက်စေနိုင်တဲ့ (anti –carcinogens များဖြစ်တဲ့ hydroxy chavicol  and chlorogenic acid) တွေလည်းပါတာမို့ သွေးကင်ဆာရောဂါ အတွက်ဆေး ထုတ်လုပ်နိုင်မယ်လို့ဆိုပါ တယ်။

 ၂၂။ ကွမ်းရွက် ၅ ရွက်ကိုရေနှစ်ဖန်ခွက်ဖြင့် တစ်ခွက်ကျန်အောင်ကြိုပြီး သောက်ခြင်းဖြင့် ကိုယ်နံ့နံခြင်းနှင့် မီးရပ်သွေးနံ့များကိုပျောက်စေပါတယ်။ သွားဖုံနှင့်သွားတွေကိုလည်း သန့်ရှင်း ကြံ့ခိုင်စေပါတယ်။

၂၃။ ယိုးဒယားနိုင်ငံ တွင်ကွမ်းရွက်အစိမ်း(၀ါ)ချက်ထားသောကွမ်းရွက်ကို သရေစာ (snack) အဖြစ် စားသုံးလေ့ရှိပါတယ်။ အသား၊ပုဇွန်၊ပဲပင်ပေါက်၊မြေပဲ စသည်တို့ကိုကွမ်းရွက်ဖြင့်လိပ်၍ တစ်လုပ်စာ ပြုလုပ်စား သုံးကြတယ်လို့ဆိုပါတယ်။

၂၄။ မလေးရှားနိုင်ငံတွင် ကွမ်းရွက်ကိုခေါင်းကိုက်ခြင်း၊အဆစ်အမြစ်နာခြင်း၊ကိုက်ခြင်းများတွင်အသုံးပြုကြပါတယ်။

၂၅။ တရုပ်ပြည်နဲ့ယိုးဒယားမှာ ကွမ်းရိုးကိုခြေပြီးဆားနှင့်ရော၍သွားကိုက်ရောဂါကိုကုသကြပါတယ်။

၂၆။ အင်ဒိုနီးရှားမှာ ကွမ်းရွက်နဲ့ကွမ်းသီးကိုဝါး၍ရသောအရည်ကို ရင်ကျပ်နာနှင့် ချောင်းဆိုးရောဂါ များကိုကုသပါတယ်။ ထိုအပြင် ကွမ်းရွက် ၁၀ ရွက်ကိုပါးပါးလှီးပြီး ရေဆူဆူတစ်ဖန်ခွက်တွင် ၅-၁၀ မိနစ်ထား၍သောက်ခြင်းဖြင့် ကိုယ်နံ့ကောင်းအောင်၊ သွားနှင့်သွားဖုံးများ ကျန်းမာအောင် သောက်ကြ ပါတယ်။
၂၇။ မြန်မာ့ဆေးကျမ်း များအလိုအရ ကွမ်းရွက်ဟာ ဖန်၊ ခါး၊ ပူ၊ စပ်သော အရသာရှိပြီး နှုတ်ကို မြိန် စေတယ်။ သလိပ်ကို ကြေစေပြီးလေ ကိုနိုင်တယ်။ ထက်မြက်တယ်။ အားကို တိုးစေ တယ်။ အဆိပ်ကို ပယ်တတ်တယ်။ ၀မ်းမီးကို တောက်စေတယ်။ ကာမကို အားပေး တယ်။ နှလုံးကို အကျိုးပြုတယ်။ နှလုံး၊ ချောင်းဆိုးစတဲ့ ရောဂါတွေကို ပျောက်ကင်းစေတယ် လို့ ဆိုပါတယ်။
(၁) ကွမ်းရွက် ညှစ်ရည်ကို ပျားရည်နဲတိုက်ပေးပါက ကလေးများ လေပွခြင်း၊ အစာမကြေခြင်း၊              ၀မ်းသွားခြင်း၊ ဖျားနာ ခြင်းများ ပျောက်ပါတယ်။

(၂) ကွမ်းရွက်ညှစ်ရည်ကိုနွားနို့နဲ့ သောက်ပါက၊ မီးယပ်ကြောင့်ဖြစ်သော စိတ္တဇရောဂါ ပျောက် ကင်း ပါတယ်။
(၃)ကွမ်းရက်ညှစ်ရည်ကို ဂျင်း ပြုတ် ရည်နှင့်သိန္ဓောဆားအနည်းငယ်ထည့် သောက်က ပန်းနာ ရင်ကြပ် ရင်အောင့် ရင်ကယ်၊ ကြက်ညှာချောင်းဆိုး ရောဂါများ ပျောက်ကင်းပါတယ်။
(၄)ကွမ်းရွက်ညှစ်ရည်အားမျက်စဉ်း ခတ်ပေးခြင်းဖြင့်ကြက်မျက်သင့်နာ (မျက်စိအား နည်းပြီး အနီးမမြင်ခြင်း)၊ မျက်စိနာ၊ မျက်စိ ရောင်ခြင်း၊ ကိုက်ခြင်း စတဲ့ မျက်စိနဲ့ ဆိုင်တဲ့ ရောဂါများ ပျောက်ကင်း ပါတယ်။
(အထက်ပါနည်းထက် အောက်ပါနည်းကပိုပြီးအန္တရာယ်ကင်းပါတယ်။ ယခုအခါ ကွမ်းရွက်ကို ရေဖြင့် စင်ကြယ်စွာ အထပ်ထပ်ဆေးသော်လည်း ပိုးသတ် ဓာတ်ဆေးများ ကျန်နေတတ်၍ ဖြစ်ပါတယ်။)
(ကွမ်းရွက်ရိုးကို ထုခြေ၍ မျက်ခမ်းတလျှောက် အပေါ်အောက် သုတ်လိမ်းခြင်း၊(၀ါ) ကွမ်း ရွက်စိမ်းဖြင့် မျက်စိအပေါ် အုပ်ပေးခြင်း၊ ပြုလုပ်ပေးပါက မျက်စိနာသက်သာ၍ ပျောက်ကင်း စေပါသည်။)
(၅) ကွမ်းရွက်ကို နနွင်းနဲ့ကျိုးပြီး ဆားအနည်းငယ် ခတ်သောက်ပါက ဖျားနာ ရောဂါ ပျောက် ကင်းပါတယ်။
(၆)ကွမ်းရွက်ကို မီးကင်ပြီး ကလေးများ ငယ်ထိပ်တွင် အုန်းဆီနှင့် ဆွတ်ကာကပ်ပေးထား ပါက နှာစေး ရောဂါ ပျောက်ကင်းပါတယ်။
(၇) ကွမ်းရွက်ကို ထန်းလျက်၊ ဂျင်း၊ ဆားထည်ပြီး ပြုတ်သောက်သော် အပူလွန် ပြီးဖျားသော အဖျားရောဂါ ပျောက်ကင်းပါ တယ်။

သတိပြုရမှာက
၁။ ကွမ်းရွက်ကိုအသုံးမပြုခင်ရေနဲ့စင်အောင်ဆေးဖို့လိုပါတယ်။ ယခုခေတ်မှာ ကွမ်းစိုက်သူများ ပိုးသတ်ဆေးများဖြန်းကြသောကြောင့်ဖြစ်ပါတယ်။
၂။ ကွမ်းရွက်ကို ပါးစပ်တွင်ဖြစ်သော အနာပေါက်များ (ulcers)၊ ကင်ဆာအနာများ (cancer)၊ သွားပိုးပေါက် (dental caries) များ တွင်အသုံးမပြုရပါ။

၃။ ကွမ်းရွက်ကို ကွမ်းသီး၊ tobacco ဥပမာ ဆေးရွက်ကြီး၊ ဆေးလိပ်၊ cigarettes စတာ တွေနဲ့ ရောစားရင် ဥပမာ ကွမ်းရာများဟာ ပါးစပ်၊နှခမ်း၊သဖုံး၊လျှာ စသည်တို့တွင် ကင်ဆာရောဂါများ ဖြစ်စေပါတယ်။ ကွမ်းသီးနဲ့ tobacco တို့ဟာကင်ဆာဖြစ်စေတဲ့ပစ္စည်းများဖြစ်ပါတယ်။ လေးညှင်းပွင့် (clove) ၊ ဖာလာ (cardamom)၊ သစ်ကြံပိုးခေါက် (cinnamon)၊ တို့နှင့်မူ စား သုံးနိုင်ပါတယ်။ ဒါပေမဲ့ ကွမ်းရာ အစားများရင် ကွမ်းရာမှာပါတဲ့ ထုံးဓါတ်ရဲ့ တိုက်စားမှု ကြောင့် ထုံးဓါတ်တိုက်စားသည့်နေရာများမှာ ကင်ဆာဖြစ်စေ နိုင်ပါ တယ်။

၎။ ကွမ်းရာစားသုံးခြင်းဟာ ဆေးဆွဲသကဲ့သို့ ကွမ်းရာကိုဆွဲလမ်းခြင်းများဖြစ်တတ်ပါတယ်။ များသော အားဖြင့်ကွမ်းရာတွင်ပါဝင်သောဆေးရွက်ကြီးစသည်တို့ကြောင့်ဖြစ်သော်လည်း၊ ကွမ်းရွက် ကိုအများ အပြားအသုံးပြုပါက (addition) ဆွဲလမ်းနိုင်သည်ဟုဆိုပါသည်။

ကျမ်းကိုး။                                                                                                           
၁။ စူလာနဖါ၊သာဂဒိုး။၂၀၀၅                                                                                                  
၂။ Medicinal values of Betel Leaf http://www.ayurvedictalk.com/medicinal-values-of-betel-leaf/1511/                                                                                        
၃။ Health effects. http://en.wikipedia.org/wiki/Betel
၎။ J Biomed Sci. 2001 May-Jun;8(3):229 36.                                                                                                                                  
၈။http://kwzn186.multiply.com/journal/item/70/70?&show_interstitial=1&u=%2Fjournal%2Fitem                                                                                                                
၉။ http://www.mawluu.com/2011/11/blog-post_11.html                                 
၁၀။ကွမ်းစားခြင်းနှင့် ကျန်းမာရေးဆိုင်ရာ http://luthuorthan.blogspot.fr/2012/06/blog-post_9510.html                                                                                   




No comments:

Post a Comment