လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Tuesday, March 24, 2015

ပဋ္ဌာန်း (၂၄) ပစ္စည်း မေတ္တာပို့

ပဋ္ဌာန်း (၂၄) ပစ္စည်း မေတ္တာပို့
••••••••••••••••••••••••••
၁။ ဟေတုပစ္စယော
အကုသိုလ်တရားဖြစ်ကြောင်းများ ပယ်ရှားနိုင်ပါစေ။
ကုသိုလ်တရားဖြစ်ကြောင်းများ တိုးပွားနိုင်ပါစေ။
၂။ အာရမ္မဏပစ္စယော
ကောင်းသောအာရုံမြဲတွေ့ကြုံ ပြည့်စုံကြပါစေ။
ဆိုးသောအာရုံတွေ့ကာကြုံ မတုန်မလှုပ်နေနိုင်စေ။
၃။ အဓိပတိပစ္စယော
ဆန္ဒနှင့်ဇွဲ စိတ်ဥာဏ်တွဲ ကြီးကဲပုဂ္ဂိုလ်ဖြစ်ပါစေ။
ဆန္ဒနှင့်ဇွဲ စိတ်ဥာဏ်တွဲ ကြီးကဲမဂ်ဖိုလ်ရပါစေ။
၎။ အနန္တရပစ္စယော
ကုသိုလ်ပြီးရာကုသိုလ်သာ ကောင်းစွာဖြစ်ပါစေ။
၅။ သမနန္တရပစ္စယော
ကောင်းမှု့ပြီးရာကောင်းမှု့သာ ကောင်းစွာဖြစ်ပါစေ။
၆။ သဟဇာတပစ္စယော
စိတ်တူကိုယ်တူ တရားတူ ကြည်ဖြူကြပါစေ။
၇။ အညမညပစ္စယော
သတ္တဝါအများ ချင်းချင်းအား သနားငဲ့ညှာရှိပါစေ။
၈။ နိဿယပစ္စယော
သူ့ကိုလည်းမှီ ကိုယ့်လည်းမှီ ရွှင်ကြည်ချမ်းမြရှိပါစေ။
၉။ ဥပနိဿယပစ္စယော
ကုသိုလ်ကိုမှီ နိဗ္ဗာန်ဆီ ရွှင်ကြည်တက်လှမ်းနိုင်ပါစေ။
၁၀။ ပုရေဇာတပစ္စယော
ရှေ့ကလူများ နောက်လူအား သနားငဲ့ညှာရှိပါစေ။
၁၁။ ပစ္ဆာဇာတပစ္စယော
နောက်ကလူများ ရှေ့လူအား သနားမေတ္တာရှိပါစေ။
၁၂။ အာသေဝနပစ္စယော
ကုသိုလ်တရား အစဉ်ပွား စိတ်ထားလှပါစေ။
၁၃။ ကမ္မပစ္စယော
အကုသိုလ်ရှောင် ကုသိုလ်ဆောင် ဖြူအောင်စိတ်ကို ထားနိုင်စေ။
၁၄။ ဝိပါကပစ္စယော
များမြတ်အကျိုး စည်းစိမ်တိုး ဖွံ့ဖြိုးကြပါစေ။
၁၅။ အာဟာရပစ္စယော
ရုပ်နာမ်နှစ်ဝ အာဟာရ စိတ်တရွှင်ကြည်ရနိုင်စေ။
၁၆။ ဣန္ဒြိယပစ္စယော
ကောင်းသောဣနြေ္ဒ မြဲခိုင်လေ စိတ်နေတည်တန့်ငြိမ်းပါစေ။
၁၇။ ဈာနပစ္စယော
စိုက်စိုက်စူးစူး အထူးမြဲမြံရှု့အားသန် ဈာန်သမာပတ်ရပါစေ။
၁၈။ မဂ္ဂပစ္စယော
ရုပ်နာမ်ဖြစ်ပျက် ဥာဏ်သိမဂ် တွဲလျက်မြဲခိုင် ရှု့နိုင်စေ။
၁၉။ သမ္ပယုတ္တပစ္စယော
ရဟန်းရှင်လူ စိတ်ညီတူ ကြည်ဖြူကြပါစေ။
၂၀။ ဝိပ္ပယုတ္တပစ္စယော
သဘောတူတူ မတူတူ ကြည်ဖြူလက်တွဲနိုင်ပါစေ။
၂၁။ အတ္ထိပစ္စယော
ကုသိုလ်ပညာ မြတ်ဥစ္စာ ကောင်းစွာရှိ၍ ပြည့်စုံစေ။
၂၂။ နတ္ထိပစ္စယော
ငါမရှိငြား ကွယ်လွန်သွားလည်း များပြားဗိုလ်လူ တရားယူ ကြည်ဖြူကြပါစေ။
၂၃။ ဝိဂတပစ္စယော
ငါမရှိငြား ကင်းမဲ့သွားလည်း များပြားဗိုလ်လူ တရားယူ ကြည်ဖြူကြပါစေ။
၂၄။ အဝိဂတပစ္စယော
မကင်းနိုင်သူ များဗိုလ်လူ ကြည်ဖြူကြပါစေ။
.
(ပိဋကတ်တစ်ပုံအောင် ရွှေမြင့်မိုရ်ဆရာတော်)

No comments:

Post a Comment