လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Friday, March 13, 2015

"ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက၏ သဝဏ်လွှာ"

"ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက၏ သဝဏ်လွှာ"
ဘုန်းကြီးလူထွက်ဟာ ဘုန်းကြီးအမူအကျင့် မပျောက်သလို အာဏာရှင်လူထွက်
ဟာလည်း အာဏာရှင်အမူအကျင့် မပျောက်ဘူးဆိုတာကို လက်ပံတန်း အကြမ်းဖက်မှု
က ထင်ရှားစွာ သက်သေပြလိုက်ပါပြီ။
အကြမ်းမဖက်တဲ့နည်းနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြတဲ့ ကျောင်းသား၊ကျောင်းသူ
တွေကို အကြမ်းဖက်တဲ့နည်းနဲ့ အငြိုးကြီးစွာ ရိုက်နှက်နှိပ်စက်လိုက်တာဟာ အာဏာရှင်
လူထွက်တွေရဲ့ အာဏာရှင်သရုပ်သဏ္ဍာန်ကို အမှန်အ တိုင်း ထုတ်ဖော်ဝန်ခံ
လိုက်တာပါပဲ။
ဒီမိုကရေစီအစိုးရလို့ နာမည်ခံထားတဲ့ လက်ရှိအစိုးရရဲ့ နိုင်ငံတော်အကြီးအကဲအားလုံး
နီးပါးနဲ့ ဒေသဆိုင်ရာ အကြီးအကဲအားလုံးနီးပါးဟာ အာဏာရှင်လက်ထက်က
အစိုးရအဖွဲ့အစည်းထဲမှာ ဦးဆောင်ပါဝင်ခဲ့ကြတဲ့သူတွေဖြစ်လို့ အာဏာရှင်လူထွက်တွေ
လို့ပဲ ပြောရမှာပါ။
နိုင်ငံသားတွေရဲ့ ရင်နှစ်သည်းချာ သားရတနာ၊ သမီးရတနာတွေဖြစ်တဲ့ကျောင်းသား၊
ကျောင်းသူတွေကို ရန်သူလို သဘောထားခြင်းဟာ မေတ္တာ တရားအားနည်းမှုကို
ဖော်ထုတ်ပြသရာရောက်တဲ့အတွက် မေတ္တာတရား အားနည်းတဲ့ နိုင်ငံ့ခေါင်းဆောင်
တွေဟာ နိုင်ငံသားတွေရဲ့ ကောင်းကျိုးကို ဘယ်လိုနည်းနဲ့မှ ထိရောက်အောင်မြင်
အောင် စွမ်းဆောင်နိုင်မှာ မဟုတ်ဘူး ဆိုတာကို နိုင်ငံသားအားလုံးက နားလည်
သဘောပေါက်နေကြပါပြီ။
"အက္ကောဓေန ဇိနေ ကောဓံ = ဒေါသအမျက် ချောင်းချောင်းထွက်နေသူကိုဒေါသမပွား
မေတ္တာထားခြင်းဖြင့် အောင်နိုင်ရာ၏" ဆိုတဲ့ ဗုဒ္ဓတရားတော် အရ ဒီမိုကရေစီပညာရေး သပိတ်မှောက်ကျောင်းသား၊ ကျောင်းသူတွေဟာ ဒီပွဲမှာ ခမ်းနားစွာ အနိုင်ရကြတဲ့
သူတွေပါ။ အကြမ်းဖက် အနှိပ်စက်ခံ ကျောင်းသား၊ ကျောင်းသူတွေကို သူတော်ကောင်း
တရားနဲ့ရော၊ သူရဲကောင်းသတ္တိနဲ့ ပါ ပြည့်စုံကြပါပေတယ်လို့ ချီးကျူးဂုဏ်ပြုပါရစေ။
"မိဘပြည်သူများခင်ဗျာ" ဆိုတဲ့ နှုတ်ခွန်းဆက်စကားကို ရင်ထဲကမပါတဲ့ လေသံနဲ့
အပေါ်ယံဟန်ပြ မပြောဆိုသင့်သလို 'သား သမီး ကျောင်းသား၊ ကျောင်းသူတို့ရေ'
ဆိုတဲ့ နှုတ်ခွန်းဆက်စကားကို မိဘကောင်းတစ်ယောက်ရဲ့ စစ်မှန် တဲ့ မေတ္တာ
နှလုံးသားနဲ့ ကရုဏာသံပြည်ဝစွာ နွေးနွေးထွေးထွေး ပြောဆိုနိုင် ဖို့ကိုလည်း လုံးဝ ဝန်မလေးသင့်ပါဘူး။
မတ်လ (၁ဝ) ရက်၊ လက်ပံတန်းကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲမှုကို အပြင်း
အထန် ရှုတ်ချပါတယ်။ နောက်နောင်ဖြစ်ပေါ်လာမယ့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှု
များကို အကြမ်းမဖက်တဲ့နည်းနဲ့ ငြိမ်းချမ်းစွာ၊ လူကြီးလူကောင်း ဆန်စွာ ဒီမိုကရေစီ
နည်းကျ (မေတ္တာနည်းကျ) ဖြေရှင်းကြပါလို့လည်း အလေး အနက် မေတ္တာရပ်ခံ
ပါတယ်။
မြန်မာနိုင်ငံသားအားလုံး မင်းကောင်းမင်းမြတ် (ခေါင်းဆောင်ကောင်း)နဲ့ အမြန်ဆုံး တွေ့ကြုံဆုံစည်းခွင့် ရကြပါစေ ... ။
မေတ္တာဖြင့်...
အရှင်ဆန္ဒာဓိက
ရွှေပါရမီတောရကျောင်း
ကေသာသတောင်၊ သထုံမြို့ ။
၂ဝ၁၅၊ မတ်လ ၁၂ ရက်၊ ကြာသပတေးနေ့။

No comments:

Post a Comment