လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Sunday, January 18, 2015

ဘူဒိုဇာ မုန်တိုင်းနဲ့ ရိုင်းလိုက်တဲ့ သမိုင်း

အလင်း ရှင် နှစ်ကိုယ်ခွဲ's photo.
အလင်း ရှင် နှစ်ကိုယ်ခွဲ's photo.

အလင်း ရှင် နှစ်ကိုယ်ခွဲ's photo.




ဘူဒိုဇာ မုန်တိုင်းနဲ့ ရိုင်းလိုက်တဲ့ သမိုင်း
ဘာရယ်တော့မဟုတ်ဘူး လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ လယ်တီသိမ်တော်ကို ဘူဒိုဇာနဲ့ ထိုးဖျက်နေတဲ့ပုံတွေ မြင်ရတော့ ။ ဦးဇင်း...ခပ်ငယ်ငယ် စာသင်သားဘဝ ကျောက်ဆည်မှာနေစဉ်က အဖြစ်အပျက်တစ်ခုကို သတိရမိတယ် ။
အဲဒီအချိန်က ဆရာသမားရဲ့ ကျောင်းတိုက်ထဲမှာ သိမ်မရှိလို့ သိမ်သမုတ်ခွင့်ပြုဘို့အတွက် မြို့နယ် ရပ်ကျေးကနေစပြီး ဗဟိုအထိ သက်ဆိုင်ရာ သံဃမဟာနာယကရုံးနဲ့ သာသနာရေးဝန်ကြီးဋ္ဌာန တွေကို စာတင်ထားတာ ငါးနှစ် ခြောက်နှစ်လောက်ကြာတော့ ခွင့်ပြုမိန့်ကျလာလို့ သိမ်သမုတ်ပွဲ ကျင်းပဘို့ ပြင်ဆင်နေကြလေရဲ့ ။ ကျောက်ဆည်မြို့က သိမ်သမုတ်ခွင့် တင်ထားကြ တဲ့ ကျောင်းတိုက်အသီးသီးထဲမှာ ကျုပ်ဆရာသမားကျောင်းက ငါးနှစ်လောက်နဲ့ ခွင့်ပြုမိန့် ကျလာတာဟာ အမြန်ဆုံးပါဘဲတဲ့ ။ တချို့ကျောင်းတိုက်တွေ ၁၀ နှစ် ၁၅ နှစ်ကြာတဲ့အထိ ခွင့်ပြုမိန့် မရကြဘူးဆိုဘဲ ။
ဒါနဲ့ကျုပ်လည်း စပ်စုချင်တာနဲ့ ဆရာသမားကို မေးကြည့်မိတယ် ။ ဘုန်းကြီးဘုရား သိမ်တစ်လုံး သမုတ်ခွင့်ပြုဘို့အတွက် ဘာလို့ အချိန်အဲဒီလောက်ကြီးကြာနေရတာတုန်းဘုရားဆိုတော့ ။ အော် ငါ့တပည့်ကလည်း သိမ်ဆိုတာ သီမသဒ္ဒါကနေ ဆင်းသက်လာတာကွ သူ့ရဲ့အဓိပ္ပာယ်ကိုက သီးခြားနယ်မြေလို့ အဓိပ္ပာယ်ရတယ် ။ နိုင်ငံတော်အစိုးရဆိုတာ တစ်နိုင်ငံလုံး ရှိရှိသမျှ ရေပေါ်ရေအာက် မြေပေါ်မြေအောက် သစ်ပင် တောတောင်မှန်သမျှ သူပိုင်တယ်လေ ။ တကယ်လို့ သိမ်တစ်လုံး သမုတ်ခွင့်ပြုလိုက်ပီဆိုတာနဲ့ အဲဒီသိမ်နေရာကလေးကို သက်ဆိုင်ရာ ကျောင်းတိုက် သာသနာကို အပြီးတိုင် လှူလိုက်ရတော့တာကွ အစိုးရက မပိုင်တော့ဘူး ။ မင်းတုန်းမင်းကြီးလက်ထက်က ဗန်းမော်ဆရာတော်ကို မင်းတုန်းမင်းက နယ်နှင်ဒဏ်ပေးတဲ့အခါ ဗန်းမော်ဆရာတော်က ဘယ်မှမသွားဘဲ သိမ်ထဲကနေ ခံတိုက်လို့ မင်းတုန်းမင်း အကြပ်ရိုက်ခဲ့ဘူးတယ်ဆိုတာ ကြားဘူးတယ်မဟုတ်လားတဲ့ ။
မှန်ပါ ကြားဘူးပါတယ်ဆိုတော့ ။ အေး သိမ်ဆိုတာ အဲဒါဘဲလေကွာ။ အစိုးရဘက်ကလည်း အဲဒီသိမ်မြေနေရာကို အပြီးတိုင် အာလယပြတ် စွန့်လွှတ်ရမှာဆိုတော့ အချိန်အကြာကြီး စဉ်းစားရတာပေါ့တဲ့ ။ အော် ဟုတ်ပေသားဘဲလို့ ကလေးပီပီ ကလေးတွေး တွေးပြီး လေးစားခဲ့ဘူးတယ် ။
ခုချိန် ပြန်တွေးကြည့်တော့မှ ရယ်စရာလိုလို ရင်နာစရာလိုလို ဘယ်လိုမှန်းမသိတဲ့ ဝေဒနာတစ်ရပ် ရင်ထဲမှာ ခံစားလိုက်မိတယ် ။
သာမညဆရာတော် အလောင်းတော်ကို ခိုးယူဖျောက်ဖျက်ရုံမက လယ်တီသိမ် ဖျက် အုတ်ကျိုး အုပ်ပဲ့ တွေနဲ ယတြာ ချေ အုန်းမယ် ထင်ပါရဲ့ .....၊၂၀၁၄မှာ တိုက်ခတ်တဲ့ ဘူဒိုဇာမုန်တိုင်းက ဘိုးဘွားအမွေအနှစ်သာသနာမြေလယ်တီသိမ်ကိုပါဖြိုဖျက်သွားတယ်လယ်တီသိမ်ကိုဖြိုဖျက်ထားတဲ့ မြေကြီးတွေကို အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသူတွေပါလို ပြောတဲ့ သူတွေရဲ့  ပါးစပ်ထဲ ထည့်ပေးရမှာ ။
လက်ပတောင်းတောင်ကြားမှာတည်ရှိတဲ့လယ်တီသိမ်နဲ့ စေတီ ကျောင်း ကန် ဘုရားများကို ဝမ်ပေါင် လက်အောက်ခံ(Seino Hydro 2) အဖွဲသားတရုတ်လူမျိုးများ(29.4.2014) ရက်နေ့မှာဖျက်ဆီးနေတဲ့ပုံတွေပါ ဘာမှမလုပ်နိုင်တောင်မှာ စစ်တပ်ကိုယ်ပွား အစိုးရရဲ့  သာသနာဖျက်တဲ့သမိုင်းပါ၊ ဘယ်လောက်လွတ်လပ်ပါပြီးလို့ ပြောပြော ဆရာတော်တွေ-ပြည်သူတွေဟာ အကြောက်တရားနဲ့  နေရတာကြောင့် ရှယ်မပေးနိုင်ရင်တောင် ဒီမှတ်တမ်းပုံကို စွဲနေအောင်ကြည့်ထားကြပါလို့ ။
အရှင် ပဏ် သစ္စာ
___________________
Rachanok Min Burma's status

No comments:

Post a Comment