လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Thursday, January 29, 2015

၉၈ ရာခိုင်နုန်းရှိသေးတယ်



၉၈ ရာခိုင်နုန်းရှိသေးတယ်
-----------------------
ကြားဘူးပါတယ် ညည်းသံလေးတွေ
...
တချို့ က အလုပ်လုပ်ရတာ ပင်ပမ်းလိုက်တာတဲ့
တရားထိုင်ကြတော့လည်း တရားထိုင်ရတာ
မလွယ်ဘူး သေချင်စော်နံနေတာပဲတဲ့
နှစ်ပေါင်း သုံးလေးဆယ်မအိပ်ပဲတရားအားထုတ်
သွားတဲ့ ကိုယ်တော်တွေ အများကြီးရှိပါတယ်
သိပ္ပံပညာရှင်တွေကလည်း စမ်းသပ်ပြီး
ထုတ်ပြန်ထားပါတယ် လူတွေဟာ ကိုယ်လုပ်နိုင်တဲ့
စွမ်းရည်ရဲ့ နှစ်ရာခိုင်နုန်းကိုပဲ ဖေါ်ထုတ်အသုံးပြု
နေကြတယ်တဲ့ မသုံးပဲကျန်နေတဲ့ စွမ်းအင်က
၉၈ ရာခိုင်နုန်းတောင် ကျန်ပါသေးတယ်တယ်
ဗုဒ္ဓကလည်းအညံ့စားလုံ့ လဝိရိယဖြင့် အမြတ်စား
နိဗ္ဗါန်ကို မရောက်နိုင်ဘူးလို့  ဟောထားခဲ့ပါတယ်
ဓူတင် ၁၃ ပါးမှာ နိသဇ္ဇိဓူတင်ဆိုတာ ရှိပါတယ်
ကျောခင်းပြီးမအိပ်တဲ့ဓူတင်ပါ
ဒါဟာ ဘာမှမဖြစ်နိုင်လို့ ဘုရားရှင်ခွင့်ပြုခဲ့တာပါ
ဘုရားရှင်ဟာ သင်္ကန်းသုံးထည်နဲ့ နေတဲ့
တိစီဝရိတ်ဓူတင်ကို ခွင့်ပြုဖို့  သူကိုယ်တိုင်
နေပြပြီးမှ ဖြစ်နိုင်တဲ့အတွက် ခွင့်ပြုတော်မူခဲ့တာပါ
ဒါ့ကြောင့် တရားရှာတဲ့အခါ ခန္ဓာကိုယ်ရဲ့
လုပ်နိုင်စွမ်းကို အကုန်အသုံးချရပါလိမ့်မယ်
ဘာဖြစ်လို့ လဲဆိုတော့
ခန္ဓာရတိုင်း အသုံးမတည့်ပါဘူး
တိရစ္ဆာန်တွေရဲ့ခန္ဓာဟာ သူများခိုင်းတာခံရတဲ့ခန္ဓာပါ
သာသနာမရှိရင်လည်း လူဖြစ်ပေမဲ့
ခန္တာကိုယ်ဟာ သားမယားအတွက်ပဲ
အသုံးချခဲ့ကြရတာလည်း တသံသရာလုံးပါပဲ
သာသနာနဲ့ ကြုံချိန်တချိန်ပဲ
ကိုယ့်အတွက်အသုံးချခွင့်ရှိတာပါ
ဒါ့ကြောင့်
၉၈ ရာခိုင်နုန်းစွမ်းအားရှိသေးတဲ့
ခန္ဓာကိုယ်ကြီးကို ကိုယ့်အတွက်
မညှာတမ်းအသုံးချ့ပြီး
နိဗ္ဗါန်ကို အရယူနိုင်ကြပါစေ---- လို့ 

No comments:

Post a Comment