လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Tuesday, January 20, 2015

*** အောင်ဇေယျာမင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ***

Page Like အမြန်ဆုံးတတ်အောင် ဆောင်ရွက်ပေးသည် အဖွဲ့ -၂'s photo.
Page Like အမြန်ဆုံးတတ်အောင် ဆောင်ရွက်ပေးသည် အဖွဲ့ -၂'s photo.

Page Like အမြန်ဆုံးတတ်အောင် ဆောင်ရွက်ပေးသည် အဖွဲ့ -၂'s photo.

Page Like အမြန်ဆုံးတတ်အောင် ဆောင်ရွက်ပေးသည် အဖွဲ့ -၂'s photo.






*** အောင်ဇေယျာမင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ***
တည်နေရာ။ ။ အလယ်ရွာကြီးကျေးရွာ၊ ငွေပင်လယ်စက်မှုဇုန်အနီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ဆရာတော် ဦးဇေယျာနန္ဒ
ဖုန်း - 09 732 102 72 // 09 862 3011
အဆိုပါကျောင်းတွင် ကျောင်းအိပ်ကျောင်းစား မိဘမဲ့ကလေးငယ်( ၄ လသားအရွယ် တစ်ဦး အပါအ၀င် ) အသက် ၂၀ ကျော်အရွယ်ထိ ၇၈၂ ဦးရှိပါသည်။ ရဟန်း ၅၀ ပါး၊ ကိုရင် ၁၅၀ ပါး၊ သီလရှင် ၈၅ ပါး၊ ကျား ၃၈၂ ဦးကျော်နှင့် မ ၁၃၅ ဦး ဖြစ်ကြပါသည်။
ကလေးငယ်အများစုသည် နာဂစ်ဒဏ်ခံဒေသ ဧရာဝတီတိုင်းမှ ဖြစ်ကြပြီး ပအို့ဝ်၊ ပလောင်၊ ရှမ်း စတဲ့ တိုင်းရင်းသား မိဘမဲ့ကလေးငယ်များလည်း ပါဝင်ကြပါသည်။
ကျောင်းအိပ်ကျောင်းစားကလေးငယ် ၇၈၂ ဦးအပါအ၀င် အနီးအနားရှိ ဆင်းရဲချို့တဲ့ကလေးငယ် ၁၅၁၈ ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ ၂၃၀၀ ကျော်ကို မူကြိုမှ ၈ တန်းအထိ အတန်းပညာများကို ဆရာတော်များနှင့် ဆရာ၊ ဆရာမ ၅၃ ဦးတို့မှ အခမဲ့သင်ကြားပြသပေးလျက်ရှိပါသည်။
အာဟာရဒါနကျွေးမွေးမှုအနေဖြင့် တစ်နေ့ ၃ ကြိမ် ကျွေးမွေးပြီး နံနက်ခင်းစာအတွက် (မုန့်ဟင်းခါးကျွေးမည် ဆိုပါက ) ကျပ် ၃ သိန်း ကျော်၊ နေ့လည်စာအတွက် ကျပ် ၆ သိန်းကျော် ကုန်ကျပြီး ညနေစာအတွက် ကျပ် ၃ သိန်းကျော် ကုန်ကျသဖြင့် တစ်နေ့တာ ကုန်ကျမှုမှာ ကျပ် ၉ သိန်းနီးပါးခန့်ရှိကြောင်းနှင့် အသားဟင်းကို တစ်ပါတ်လျှင် ၂ ကြိမ်ခန့်သာ ကျွေးမွေးနိုင်ကြောင်းလည်း သိရှိရပါသည်။ အလှူရှင်များ၏ လှူဒါန်းမှုပေါ် မူတည်ပြီး အဆင်ပြေအောင် စီစဉ်ပေးကြောင်းလည်း ဆရာတော်မှ မိန့်ကြားခဲ့ပါသည်။
အလှူရှင်များ လာရောက်ကျွေးမွေးမှုမရှိသည့်အချိန်တွင် ပုံပါအတိုင်းသာ အဆင်ပြေသလို စားသောက်နေကြရကြောင်းလည်း သိရှိခဲ့ရပါသည်။
သို့ဖြစ်ပါ၍ မွေးနေ့အလှူရှင်များ၊ ပရဟိတအဖွဲ့များနှင့် စေတနာရှင် မိဘပြည်သူများအနေဖြင့် အဆိုပါ ကျောင်းသို့ ဆက်သွယ်စုံစမ်းလှူဒါန်းလိုပါက
ဆရာတော် ဦးဇေယျာနန္ဒ
ဖုန်း - 09 732 102 72 // 09 862 3011
သို့ တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
ဤ Post ကို Share ပေးခြင်းဖြင့် ပါဝင်ကုသိုလ်ယူနိုင်ပါစေကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ပါသည်။
လေးစားစွာဖြင့်
ဖိုးစီ (ရွှေညောင်မြေ) 09 420 746 023
ဓာတ်ပုံ - Sawthuwai Thu Wa

No comments:

Post a Comment