လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Saturday, January 17, 2015

မိဘမဲ့ ကလေးများကျောင်း နှင့် ဘုန်းကြီးကျောင်း လိပ်စာများ

မိဘမဲ့ ကလေးများကျောင်း နှင့် ဘုန်းကြီးကျောင်း လိပ်စာများ's photo.
မိဘမဲ့ ကလေးများကျောင်း နှင့် ဘုန်းကြီးကျောင်း လိပ်စာများ's photo.

မိဘမဲ့ ကလေးများကျောင်း နှင့် ဘုန်းကြီးကျောင်း လိပ်စာများ's photo.

မိဘမဲ့ ကလေးများကျောင်း နှင့် ဘုန်းကြီးကျောင်း လိပ်စာများ's photo.


… ဤ Post ကို Share ပေးခြင်းဖြင့် ကုသိုလ်ပါဝင်ယူကြပါ ခင်ဗျာ ...
*** ရွှေရတနာ ပရဟိတ သီလရှင် စာသင်တိုက် ***
တည်နေရာ။ ။ အမှတ်(၂၀)၊ သံဒင်းရပ်ကွက်၊ မကွေးလမ်း၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
နာယက သီလရှင်ဆရာကြီး ဒေါ်ကဉ္စနမာလာ
အုပ်ချုပ်ရေးတာဝန်ခံ သီလရှင်ဆရာလေး ဒေါ်ပညာစာရီ
ဖုန်း .. 09 512 4408 // 01 611 523
အနယ်နယ်အရပ်ရပ်မှ မိဘမဲ့ကလေးများ၊ ခိုကိုးရာမဲ့ကလေးငယ် ၈၀ ဦးကို ပြုစုစောင့်ရှောက် ကျွေးမွေးပြီး လောကီ၊ လောကုတ္တရာ နှစ်ရပ်သော ပညာများကို အခမဲ့သင်ကြားပေးလျက် ရှိပါသည်။ ကလေးငယ် အားလုံးမှာ သီလရှင်ဝတ်များ ဖြစ်ကြပါသည်။ ၁ နှစ်ခွဲကျော်အရွယ် ကလေးငယ် ၂ ယောက်လည်း ရှိပါသည်။
အာဟာရဒါနကျွေးမွေးမှုအနေဖြင့် အာရုံဆွမ်းအတွက် ကျပ် ၅ သောင်းခန့် ကုန်ကျပြီး နေ့လည်ဆွမ်း အတွက် ကျပ် ၁ သိန်းခန့် ကုန်ကျကြောင်းနှင့် အလှူရှင်များ၏ စေတနာသဒ္ဓါတရားပေါ်မူတည်ပြီး အဆင်ပြေအောင် ကျွေးမွေးပေးကြောင်းလည်း သိရှိရပါသည်။
ပညာသင်ကြားမှုအနေဖြင့် မူကြိုမှ ၄ တန်းအထိကို သီလရှင်ဆရာလေး ၂ ပါး အပါအ၀င် ဆရာ၊ ဆရာမ ၆ ဦး တို့ဖြင့် သင်ကြားပြသပေးလျက်ရှိပါသည်။ ၅ တန်းမှ ၁၀ တန်းအထိကို အနီးအနားရှိ ဘကကျောင်းတွင် တက်ရောက် ပညာသင်ကြားစေလျက်ရှိပြီး တက္ကသိုလ်တန်းဝင် သီလရှင်များကို အဝေးသင်တက္ကသိုလ်များ တွင် တက်ရောက်ပညာသင်ကြားစေလျက်ရှိပါသည်။
ဆရာ၊ ဆရာမ ၅ ဦးအတွက် နိုင်ငံတော်မှ တစ်လလျှင် ၃၆၀၀၀ ကျပ်စီ ထောက်ပံ့ပေးသော်လည်း ကျောင်းမှ ထပ်ဆောင်းငွေအဖြစ် တစ်ဦးလျှင် ၆၀၀၀၀ ကျပ်စီ ညီတူညီမျှရရှိအောင် လစဉ်ထောက်ပံ့ပေးလျက်ရှိကြောင်း လည်း ဆရာလေးမှ မိန့်ကြားခဲ့ပါသည်။
လက်ရှိတွင် ၂ ထပ်စာသင်ဆောင်သစ် တည်ဆောက်လျက်ရှိရာ ယာယီအကြမ်းထည် ပြီးမြောက်နေပြီ ဖြစ်ပါသည်။ လိုအပ်နေမှုများမှာ စာသင်ခန်း ၂၀ × ၂၂ ပေ အကျယ်အ၀န်းရှိ အခန်း ၁၀ ခန်းကို ကန့်ရန် အတွက် အလှူရှင်များ လိုအပ်လျက်ရှိနေပါကြောင်းလည်း သိရှိရပါသည်။
သို့ဖြစ်ပါ၍ မွေးနေ့အလှူရှင်များ၊ ပရဟိတအဖွဲ့များနှင့် စေတနာရှင် မိဘပြည်သူများအနေဖြင့် အဆိုပါကျောင်းသို့ ဆက်သွယ်စုံစမ်း လှူဒါန်းလိုပါက
အုပ်ချုပ်ရေးတာဝန်ခံ သီလရှင်ဆရာလေး ဒေါ်ပညာစာရီ
ဖုန်း .. 09 512 4408 // 01 611 523
သို့လည်း ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
ဤ Post ကို Share ပေးခြင်းဖြင့် ပါဝင်ကုသိုလ်ယူနိုင်ပါစေကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ပါသည်။
လေးစားစွာဖြင့်
ဖိုးစီ (ရွှေညောင်မြေ) 09 420 746 023
ဓာတ်ပုံ - Panna Cari
https://www.facebook.com/profile.php?id=100008215867835

No comments:

Post a Comment