လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Wednesday, May 7, 2014

သောတာပန်၏ဂုဏ်ရည်လေးချက်။


ပါဠိတော်။ ။တသ္မာတိဟာနန္ဒ ဓမ္မာဒါသံနာမ ဓမ္မပရိယာယံ ဒေသေဿာမိ၊ ယေန သမန္နာဂတော အရိယ သာဝကော အာကင်္ခမာနော အတ္တနာဝ အတ္တာနံ ဗျာကရေယျ၊ ခီဏနိရယောမှိ ခီဏ တိရစ္ဆနယောနိ ခီဏပေတ္တိ ၀ိသယော ခီဏာပါယဒုဂ္ဂတိ ၀ိနိပါတော၊ သောတာပန္နော ဟမ သ္မိ အ၀ိနိပါတ ဓမ္မော နိယတော သမ္မောဓိပရာယဏောတိ။

မြန်မာပြန်။ ။ဘုရားဂုဏ်တော် ၉-ပါး၊ တရားဂုဏ်တော် ၆-ပါး၊ သံဃာဂုဏ်တော် ၉-ပါး၊ ဤဂုဏ်တော်များ၌ အဝေစ္စပသာဒ (ဉာဏ်ဖြင့် သက်ဝင်ယုံကြည်ခြင်း) ၃-မျိုး၊ ငါးပါးသီလနှင့် ပြည့်စုံခြင်း ဤဂုဏ်အင်္ဂါ ၄-ပါးနှင့် ပြည့်စုံသူသည် မိမိ ကိုယ်ကို သောတာပန်ဖြစ်ပြီဟု ဆုံးဖြတ်နိုင်သည်။

၁။ ဘုရားရတနာကိုအသက်နှင့်လဲ၍ယုံကြည်သည်။
၂။ တရားရတနာကိုအသက်နှင့်လဲ၍ယုံကြည်သည်။
၃။ သံဃာရတနာကိုအသက်နှင့်လဲ၍ယုံကြည်သည်။
၎။ ငါးပါးသီလကိုအသက်နှင့်လဲ၍လုံခြုံသည်။
သောတာပန်သည်အထက်ပါဂုဏ်အင်္ဂါလေးချက်နှင့်ပြည်စုံသောကြောင့် အပါယ်မကျခြင်းဖြစ်သည်။
ပုထုဇဉ်သည်လည်းဤဂုဏ်အင်္ဂါလေးချက်နှင့်ပြည်စုံနေလျှင်အပါယ်မကျတော့ပေ။ ထို့ကြောင့်ပင်ကို ငါးပါးသီလ စင်ကြယ်သူများအတွက် ယခုလို သာသနာတွင်း၌ သောတာပန်ဖြစ်ဖို့မခဲယဉ်းဟု မှတ် သင့်ပါသည်။

မဟာဂန္ဓာရုံဆရာတော်၏လင်္ကာဆောင်ပုဒ်။
ထောက်မှန်ပေါ်တွင်၊ ကိုယ့်အသွင်ကို၊ ဆင်ပြင်လိုဘိ၊ နေ့စဉ်ကြည့်သို့၊ မိမိသီလ၊ ဆိုင်သမျှကို၊
န့ညခပင်း၊ လွန်သန့်ရှင်း၍၊ ပြန့်သင်းမွှေးမူ၊ အလေးပြုလျက်၊ သုံးလူထွတ်ထား၊ မြတ်ဘုရားနှင့်၊
တရား၊ သံဃာ၊ အရိယာ၏။ ဆိုင်ရာ ဂုဏ်တော်၊ ဉာဏ်၌ပေါ်အောင်၊ ရွှင်ပျော်ရူစား၊ သဒ္ဓါပွားမူ၊ မလားအပါယ်၊ တရားကယ်မည်၊ ရူဖွယ်ထောက်မှန် အစစ်တည်း။
 


ကျမ်းကိုး
၁။ မဟာဂန္ဓာရုံဆရာတော်၏ကိုယ်ကျင့်အဘိဓမ္မာ၊သောတာပန်ဖြစ်ဖို့ခက်သလားပို့၊ရနံ့စံအိမ်မှကူး ယူ ပါသည်။
၂။ မေတ္တာရှင်(ရွှေပြည်သာ)၏ သင်လူတစ်ယောက်ဖြစ်ပြီလား။ (နှာ ၁၆၇)။

No comments:

Post a Comment