လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Thursday, May 15, 2014

သောတာပန် နှစ်မျိုး။


သဒ္ဓါတရားကိုအဦးမူ၍မဂ်ဖိုလ်ရသော သဒ္ဓါဓုရသောတာပန် နှင့်ပညာတရားကိုအဦးမူ၍မဂ်ဖိုလ်ရသော ပညာဓုရသောတာပန် ဟူ၍ နှင့်မျိုးရှိ၏။ ထိုနှစ်မျိုးတွင် ပညာဓုရသောတာပန်သည် ရုပ်နာမ် တရားတို့၏အဖြစ်အပျက်ကိုထင်ရှားစွာ သိမြင်၏။ သဒ္ဓါဓုရသောတာပန်ကပညာဓုရသောတာပန်လောက် ရုပ်နာမ် တရားတို့၏အဖြစ်အပျက်ကိုထင်ရှားစွာ မသိမမြင်ပေ။ သို့သော်ရတနားသုံးပါးကိုမူအသက်နှင့်လဲ၍ ကြည်ညိုသူဖြစ်၏။ ဗုဒ္ဓလက်ထက်တော်က ကာဠီသေဌေးသမီးသည်ကောင်ကင်၌ဟေမ၀တနှင့်သာတာဂိရိ
နတ်ဘီးလူးနှစ်ဦးတို့ဘုရားရှင်၏ဂုဏ်တော်များဆွေနွေးသံကြားပြီး ဘုရားရှင်ကိုကြည်ညိုသော စိတ်ဖြင့် သောတာပန်တည်သည်။ နတ်ဘီးလူးတို့ဆွေနွေးသောစကားများတွင်ရုပ်နာမ်၊ခန္ဓာ၊ပဋိစ္စသမုပ္ပါဒ်၊သစ္စာ စသည်တို့မပါ။ ဘုရားရှင်၏ကြည်ညိုဖွယ်ရာဂုဏ်များသာပါသည်။ အသောကမင်း၏မိဘုရားအသဒ္ဓိမိတ္တာ
သည်ကရ၀ိတ်ငှက်(အချို့ကကြိုကြားငှက်)၏ တွန်ကြူးသံကိုကြားရ၍ကိလေသာဆယ်ပါးအပြည့်ရှိသော
ကရ၀ိတ်ငှက်မင်း၏ တွန်ကြူးသံပင်လျှင် ဤမျှလောက်သာယာလျှင်ကိလေသာဆယ်ပါးလုံးအငွေ့မျှမကျန် အောင်ကင်းစင်တော်မူပြီးသောဘုရားရှင်၏အသံတော်ဆိုပါကမည်မျှလောက်သာယာလိုက်လေမည်နည်း
ဟုတွေးတောကြည်ညိုကာသောတာပန်တည်ခဲ့သည်။ သူသည်လည်း သဒ္ဓါဓုရသောတာပန် ဖြစ်သည်။ (သာသနာတော်တွင်ထင်းရှားသောအနာထပိဏ်  သူဌေးသည်မြတ်စွာဘုရား ကိုဖူးမြင်ရ၍သောတာပန် တည်သည်။ ၀ိသာခါကျောင်းအမကြီးသည်လည်း အသက် ၇ နှစ်အရွယ်ကပင်မြတ်စွာဘုရားကိုဖူးမြင်ရ၍ သောတာပန် တည်သည်။ ၎င်းတို့နှစ်ဦးသည်လည်း သဒ္ဓါဓုရသောတာပန်များဖြစ်ကြသည်)
ထိုကြောင်ရတနာသုံးပါးနှင့်ပတ်သက်သည့်ကြည်ညိုဖွယ်ရာသုတ္တန်အားလုံးကိုဖတ်ကြားနာယူကြရမည်
ဖြစ်သည်။ ၀ိပဿနာတရား၊သစ္စာတရားမဟုတ်၍မနာလိုဟူသောအစွဲကိုချွတ်ပြစ်ကြရမည်ဖြစ်သည်။



ကျမ်းကိုး
မေတ္တာရှင်(ရွှေပြည်သာ၏သင်လူတစ်ယောက်ဖြစ်ပြီလား။နှာ ၃၁)။

No comments:

Post a Comment