လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Saturday, May 26, 2018

ကာကြာထိုင်​နိုင်​မှ တရားရမှာလား

ကာကြာထိုင်​နိုင်​မှ တရားရမှာလား
👇👇👇👇👇👇👇👇👇
{ဓမ္မဒူတဆရာတော်ဘုရားကြီး}
ဘုန်းကြီးတို့ မြန်​မာနိုင်​ငံကို ​ထေရဝါဒနိုင်​ငံလို့်​ ဂုဏ်​ယူ​နေကြ
ပါတယ်​။ ​ထေရဝါဒဆိုတာ ဘုရား​ဟောကြား မြတ်​တရား​တွေကို
မပြုမပြင်​ မဖြည့်​မစွက်​ မနုတ်​မဖျက်​ဘဲနဲ့ ဘုရားရှင်​ ​ဟောကြား
တော်​မူခဲ့တဲ့အတိုင်း လက်​ခံကျင့်​သုံးတဲ့ ရှင်​မဟာကဿပ အစရှိတဲ့
မ​ထေရ်​များမှ ဆက်​စပ်​လာတဲ့ ဝါဒအတိုင်း ကျင့်​သုံးခဲ့တဲ့ ၀ါဒကို
ထေရဝါဒလို့ ​ခေါ်ပါတယ်​။ အ​ပြောက ​ထေရဝါဒ ဖြစ်​​သော်​လည်း
အလုပ်​က ​ထေရဝါဒမဟုတ်​ဘဲ ထည့်​ချင်​တာ​တွေ ထည့်​၊ နှုတ်​ချင်
တာ​တွေ နှုတ်​ ​နေတာ​တွေ အများကြီးမြင်​​တွေ့​နေရပါတယ်​။
အထူးသဖြင့်​ ဝိပဿနာတရား အားထုတ်​တဲ့​နေရာမှာ ​ထေရ၀ါဒ
မကျတာ​တွေ အများကြီး ​တွေ့ရပါတယ်​။
အားထုတ်​တဲ့အခါ ဣရိယာပုတ်​ ပြင်​ မပြင်​နှင့်​ ပတ်​သက်​ပြီး
ထေရဝါဒ မကျတာ​တွေ အများကြီး​တွေ့ရပါတယ်​။ ဣရိယာပုတ်
မပြင်​ရ၊ ကြာကြာထိုင်​ရမယ်​ဆို၍ အ​တော်​ဒုက္ခ​ရောက်​ပြီး တရား
ကြောက်​​နေသူဦး​ရေ အ​တော်​များပါတယ်​။ ဒါ​ကြောင့်​ ဒီ​နေ့ ကြာ
ကြာထိုင်​အားထုတ်​နိုင်​မှ တရားရမှာလား။ အားထုတ်​ရင်​ ဣရိယာ
ပုတ်​ ပြင်​သင့်​ မပြင်​သင့်​၊ ဣရိယာပုတ်​ ပြင်​လျှင်​ ဘယ်​အကျိုး
အပြစ်​ ဖြစ်​ပါသလဲ စတဲ့ အ​မေး​တွေကို ​ဖြေ​သောအားဖြင့်​ ​ဟော
ကြားပါမယ်​။
မိမိတို့ အလွတ်​​နေတဲ့ အချိန်​အခါမှာ ​လျောင်း၊ ထိုင်​၊ ရပ်​၊ သွား
လေးပါးဣရိယာတစ်​ပါး​ ညောင်း တစ်​ပါး​ပြောင်းလဲ​နေကြသလို
အားထုတ်​တဲ့အခါမှာလည်း ​လျောင်း၊ ထိုင်​၊ ရပ်​၊ သွား ​လေးပါး
ဣရိယာ တစ်​ပါး​ညောင်း တစ်​ပါး​ပြောင်းလဲပြီး အားထုတ်​လို့ရပါ
တယ်​။ အဲဒီအ​ပေါ်မှာ ဘယ်​လို သ​ဘောမ​ပေါက်​ ဖြစ်​​နေကြသလဲ
ဆို​တော့ -
ဣရိယာပုတ်​ ဖုံးကွယ်​အုပ်​၊
ဒုက္ခမထင်​ပြီ။
တရားနယ်​ပယ်​မှာ နားမလည်​ဘဲ အ​တော်​​ခေတ်​စား​နေတာ ရှိပါ
တယ်​။ ` ဣရိယာပုတ်​ ဖုံးကွယ်​အုပ်​၊ ဒုက္ခမထင်​ပြီ ´ ဆိုတာပါပဲ။
ဒုက္ခကို ဣရိယာပုတ်​ ဖုံးထားတဲ့အတွက်​ ဒုက္ခမထင်​ရှားပါ။ ဒုက္ခ
ထင်​ရှားလာ​အောင်​ ကြာကြာ​လေး ထိုင်​​ပေးရမယ်​လို့ အယူမှား
သွားကြပါတယ်​။ ကြာကြာထိုင်​လို့ နာလာတဲ့ ဒုက္ခကို သိတာကို
ဒုက္ခသစ္စာသိပြီလို့ အမှန်​မ​ပြောနိုင်​​သေးပါ။ ဟုတ်​ပါတယ်​။ အထိုင်
ကြာလို့ နာတဲ့ဒုက္ခကို တရားအားမထုတ်​တဲ့ ပုဂ္ဂိုလ်​​တွေ၊ က​လေး
တွေ၊ ဘာသာခြား​တွေ​တောင်​ သိပါတယ်​။ အမှန်​တကယ်​ သိရမှာ
က ရုပ်​နာမ်​နှစ်​ပါးရဲ့ ဖြစ်​ဒုက္ခ၊ ပျက်​ဒုက္ခ​တွေကို သိရမှာပါ။ ဒီကိုယ်
ကြီးက ကြာကြာထိုင်​ထိုင်​ မထိုင်​ထိုင်​၊ ဘယ်​လို​နေ​နေ ​နေချင်​သလို
နေ၊ ဖြစ်​ဒုက္ခ၊ ပျက်​ဒုက္ခက အမြဲရှိ​နေပါတယ်​။ အမှတ်​သတိမရှိဘဲ
ပြောင်း​ရွှေ့တဲ့ ဣရိယာပုတ်​က ဖုံးထားလို့ ဖြစ်​ပျက်​ဒုက္ခ မထင်​တာ
ကို " ဣရိယာပုတ်​ဖုံးကွယ်​အုပ်​လို့ ဒုက္ခမထင်​တာ၊ ဒုက္ခထင်​​အောင်
ကြာကြာထိုင်​ခိုင်းမယ်​" ဆိုရင်​ မှားပါတယ်​။
ဣရိယာပုတ်​ ဖွင့်​ကာထုတ်​၊
ဒုက္ခ ထင်​လာမည်​။
ဖြစ်​ဒုက္ခ ပျက်​ဒုက္ခ ထင်​လာ​အောင်​ ရှုပွားအားထုတ်​ရင်​ ​ပြောင်း
ရွှေ့​သောအားဖြင့်​ ဣရိယာပုတ်​ကို ဖွင့်​ထုတ်​​ပေးရပါမည်​။ ဣရိယာ
ပုတ်​ ဖွင့်​ထုတ်​​ပေးကမယ်​ဆိုတာ ရှုပွားရင်းနဲ့ ဣရိယာပုတ်​တစ်​ပါးမှ
တစ်​ပါးသို့ ​ပြောင်းပြင်​​ပေးရမယ်​လို့ ဆိုတာပါ။ မ​ပြောင်းမပြင်​ဘဲနဲ့
အကြာကြီး ​ပေ ထိုင်​​နေရမယ်​လို့ မဆိုလိုပါ။ မိမိတို့ တစ်​သက်​လုံး
နေလာခဲ့တာ အမှတ်​တမဲ့ ဣရိယာပုတ်​ ​ပြောင်းပြင်​ပြီး​ နေလာခဲ့ကြ
လို့ ဖြစ်​ဒုက္ခ ပျက်​ဒုက္ခ မမြင်​တဲ့အတွက်​ ဒုက္ခကို ဣရိယာဖုံးတယ်​လို့
ခေါ်တာပါ။ တရားအားထုတ်​စဉ်​ ဣရိယာပုတ်​​ပြောင်းချင်​ရင်​ သတိ
ပညာနဲ့ ​ပြောင်းပါ။ " ​သြော်​....ငါက ချမ်းချမ်းသာသာ ​အေး​အေး
ဆေး​ဆေး တစ်​နာရီလုံး မလှုပ်​မယှက်​ငြိမ်​ငြိမ်​သက်​သက်​ ရှုပွားချင်
တာ။ ဒီ ဖြစ်​ဒုက္ခ ပျက်​ဒုက္ခ​ တွေက မထိုင်​နိုင်​​အောင်​ နှိပ်​စက်​​နေလို့
ဒုက္ခကြီးပါလား" လို့ ဒုက္ခ​ပေါ်လာမှာပါ။ ဒါ​ကြောင့်​ ​ပြောင်းချင်​ပြင်
ချင်​တဲ့အခါ မ​နေနိုင်​လို့ နှိပ်​စက်​လွန်းလို့ ​ပြောင်းရ ပြင်​ရပါလားလို့
သိပြီး သတိထား၊ အသိတရားနဲ့ ရှုပွားရင်းပြင်​ပါ။ ​ပြောင်းပါ။ ဒုက္ခ
ထင်​လာပါလိမ့်​မယ်​။
လျောင်း၍ ချည်းသာ​နေခဲ့ပါ၊
လျောင်းနာနဲ့ ​သေမည်​။
ဣရိယာပုတ်​​လေးပါးထဲမှာ ​လျောင်းတာ ​ကောင်းတာဆိုပြီး
လျောင်းချည်းပဲ ​နေကြည့်​ပါ။ အ​လျောင်းကြာရင်​ အနာ​ရောဂါ
ပေါ်လာမှာပါ။ အချို့မထိုင်​ မရပ်​နိုင်​၍ အိပ်​ရာထဲမှာ ​လျောင်း​နေ
ရပါတယ်​။ ဣရိယာပုတ်​ တစ်​ပါးပျက်​သွားလျှင်​ ကြာကြာမခံပါ။
မကြာမီ​ သေမှာပါ။
ထိုင်​၍ချည်းသာ ​နေခဲ့ပါ၊
ထိုင်​နာနှင့်​ ​သေမည်​။
အများအားဖြင့်​ တရားအားထုတ်​သွားတဲ့အခါ တရားထိုင်​သွား
မလို့ လို့​ပြော​လေ့ရှိကြပါတယ်​။ ထိုင်​မှတရား၊ ထသွားရင်​ တရား
မပါတာ များပါတယ်​။ ဘုရားရှင်​လက်​ထက်​က သာဝတ္ထိပြည်​မှာ
လူခုနှစ်​ကု​ဋေရှိပြီး ငါးကု​ဋေက အရိယာပါ။ ဘယ်​ရိပ်​သာ၊ ဘယ်
ခုနှစ်​ရက်​၊ ၁၀ရက်​စခန်းမှ မ​ရောက်​ဖူးပါ။ အိမ်​မှာ​လျော်​သလို
အားထုတ်​ရင်း အရိယာဖြစ်​ကြတာပါ။
ယောဂီတစ်​​ယောက်​ ` ကြာကြာထိုင်​မှ တရား´ ဆိုတဲ့ ဋ္ဌာနမှာ
တရားအားထုတ်​ရာ ဒူးနာသာ အဖက်​တင်​လာပြီး ယခုဘယ်​လိုမှ
အားထုတ်​ခိုင်းလို့ မရ​တော့ပါ။ တစ်​​ယောက်​က​တော့ ​လေငန်း
ဖြတ်​လာတာ ယခုတိုင်​ မ​ပျောက်​​သေးပါ။
တရားဂုဏ်​​တော်​ကို သတိပြုပါ။ " ကြားနာရုံတင်​ အပူစင်
၍ ကျင့်​လျှင်​ ချမ်းသာ " တဲ့။ ကျင့်​လို ဒုက္ခဖြစ်​လျှင်​ ဘုရားတရား
တော်​ ​ထေရဝါဒနည်း မဟုတ်​ပါ။ ပုဂ္ဂိုလ်​တစ်​ဦးတစ်​​ယောက်​ရဲ့
နည်းသာဖြစ်​တယ်​လို့ မှတ်​ပါ။ တရား​တော်​က မချမ်းသာ​စေ​သေး
သော်​လည်း မဆင်းရဲ​စေရပါ။
ရပ်​၍ချည်းသာ ​နေခဲ့ပါ၊
ရပ်​နာနှင့်​​သေမည်​။
မထိုင်​ မ​လျောင်းဘဲ ရပ်​၍ချည်း​နေပြန်​က အရပ်​ကြာရင်​ အနာ
ရောဂါ ​ပေါ်လာပြန်​ပါတယ်​။ အနာ​ပေါ်ရင်​ အနာကို ခံစားရတဲ့
ဝေဒနာ ​ပေါ်လာမှာပါ။ အနာ​ရောဂါက အ​ကြောင်း၊ ခံစားတဲ့​ဝေဒ
နာက အကျိုးပါ။ အ​ကြောင်းအကျိုးအ​နေနဲ့ သိမှာပါ။
သွား၍ချည်းသာ ​နေခဲ့ပါ၊
သွားနာနှင့်​ ​သေမည်​။
မ​လျောင်း၊ မထိုင်​၊ မရပ်​ဘဲ သွာ၍ချည်းသာ ​နေပြန်​ပါကလည်း
အသွားကြာရင်​ အနာ​ရောဂါ ​ပေါ်တာပါပဲ။ ဣရိယာပုတ်​​ လေးပါး
မှာ ဘယ်​ဣရိယာပုတ်​နဲ့ပဲဖြစ်​ဖြစ်​ တစ်​ပါးပါးနဲ့ အ​နေများရင်​ အနာ
ရောဂါပေါ်တာပါပဲ။ အနာ​ရောဂါ​ပေါ်ရင်​ဝေဒနာလည်း​ပေါ်ပါတယ်​။
အနာ​ရောဂါက နာကျင်​ကိုက်​ခဲတဲ့ သ​ဘောပါ။ ​ဝေဒနာက ခံစားတဲ့
သ​ဘောပါ။ သ​​ဘောချင်းမတူပါ။ နှစ်​ခုစလုံး အရှုခံတရားချည်းပါ၊
ရှုပါ။ ကုန်​​အောင်​ မလုပ်​ပါနဲ့။
ကွေး၍ချည်းသာ ​နေခဲ့ပါ၊
ကွေးနာနှင့်​​သေမည်​။
ဆန့်​၍ချည်းသာ​နေခဲ့ပါ၊
ဆန့်​နာနှင့်​​သေမည်​။
ကွေး၍ချည်းအ​နေများရင်​လည်း အနာ​ရောဂါ​ပေါ်မှာပါ။ ဆန့်
၍ချည်း အ​နေများရင်​လည်း အနာ​ရောဂါ​ပေါ်မှာပါပဲ။ အဲဒီလို​ ပေါ်
လာတဲ့ အနာ​ရောဂါဟာ လုပ်​ယူလို့​ပေါ်လာတဲ့ အနာ​ရောဂါပါ။
အနာ​ရောဂါလုပ်​ယူပြီး ​ပျောက်​​အောင်​ တစ်​ခါတည်းမလုပ်​သင့်​ပါ။
ဘုရားရှင်​က ​တောသစ်​တစ်​ပင်​ရင်း ၀ါးတစ်​ပင်​​အောက်​ ဆိတ်
ငြိမ်​ရာ အရပ်​တစ်​ခုခုမှာသွားပြီး ​ဖြောင့်​​ဖြောင့်​​လေး တင်​ပျဉ်​​ခွေ
ထိုင်​ခိုင်းပါတယ်​။ ဘာဖြစ်​လို့လဲ။ ​ဖြောင့်​​ဖြောင့်​ထိုင်​မှ ဒုက္ခ​ဝေဒနာ
တော်​​တော်​နဲ့ မ​ပေါ်​အောင်​ပါ။ အဆက်​​တွေ ​ကွေး​ကောက်​​နေရင်
သွေးသား ​လေသွား မမှန်​တဲ့အတွက်​ မကြာမီ ဒုက္ခ​ပေါ်လာတတ်​ပါ
တယ်​။ ဒါ့​ကြောင့်​ ကြာကြာထိုင်​ပြီး ဒုက္ခမရှာရပါ။ တရားအားထုတ်​တဲ့ အလုပ်​ဆိုတာ ကိုယ်​ကိုချမ်းချမ်းသာသာထားပြီး စိတ်​ကိုအလုပ်​လုပ်​ခိုင်း​နေတယ်​လို့
သ​ဘော​ပေါက်​ထားရပါမယ်​။
ဖွင့်​၍ချည်းသာ ​နေခဲ့ပါ၊
ဖွင့်​နာနှင့်​ ​သေမည်​။
မှိတ်​၍ချည်းသာ ​နေခဲ့ပါ၊
မှိတ်​နာနှင့်​​သေမည်​။
မျက်​စိကို ဖွင့်​၍ချည်း ကြာကြာ​နေပြန်​လည်း ဒုက္ခ​ပေါ်ပါတယ်​။
ဒါဖြင့်​ မှိတ်​​နေတာ ​ကောင်းတယ်​ဆိုပြီး မှိတ်​​နေပြန်​ပါက မှိတ်​နာနဲ့
သေပါလိမ့်​ဦးမည်​။ ဘုန်းကြီးတို့ ဘုရားရှင်​ရဲ့ တရား​တော်​ကအစွန်း
လွတ်​တရားပါ။ အစွန်းနှစ်​ပါးရဲ့ အလယ်​ကသွားမှ ဘုရားတရားပါ။
ထေရဝါဒပါ။ ဘုရားရှင်​ရဲ့ အယူအဆအတိုင်း အားထုတ်​ပါက
အားထုတ်​ရတာ မခဲယဉ်းပါ။ စိတ်​ ၀ီရိယပဲ လိုပါတယ်​။
ရှူ၍ချည်းသာ ​နေခဲ့ပါ၊
ရှူသွင်းနာနှင့်​ ​သေမည်​။
မိမိတို့ ​မွေးလာကတည်းက ရှူထုတ်​ ရှူသွင်းပြီး​နေလာခဲ့လို့
မ​သေမ​ကြေ ကျန်းမာစွာနဲ့ ​နေထိုင်​နိုင်​ခဲ့တာပါ။ မိမိတို့အသက်​ဆို
တာ သတိထားကြည့်​ရင်​ အနှစ်​သာရမရှိလှပါ။ တစ်​ရှူတစ်​ရှိုက်
က​လေးနဲ့ပဲ အသက်​ရှင်​​နေတာပါ။ အသက်​သမုတ်​ နာမ်​နဲ့ရုပ်​ပါ။
အမှန်​တကယ်​ အသက်​ဆိုတာ မရှိပါ။ တစ်​ရှူကတစ်​ရှိုက်​မလာ
ရင်​၊ တစ်​ရှိုက်​က တစ်​ရှူမလာရင်​ ​သေပါပြီ။
ဘုရားရှင်​က " ရဟန်း​တော်​များ အို ချစ်​သားတို့ အနာ​ရောဂါ
ဆိုတာ တခြားရဲ့အမည်​မဟုတ်​ပါ၊ ခန္ဓာကိုယ်​ကြီးရဲ့အမည်​ပါတဲ့
မိမိတို့ခန္ဓာကြီးနဲ့ အ​နေကြာလာခဲ့​ပေမဲ့လို့ ကိုယ့်​ခန္ဓာအ​ကြောင်းကို
ကိုယ်​သိ​အောင်​ မကြည့်​ဘဲ သူများအ​ကြောင်း အပြင်​အ​ကြောင်း
တွေသာ လိုက်​ပြီးစပ်​စု​နေတဲ့အတွက်​ ကိုယ့်​ခန္ဓာအ​ကြောင်း မသိ
တာပါ။
မ​သေစိမ့်​ဌာ ဣရိယာ၊
ရွှေ့ကာကုရမည်​။
ယခု ဘုန်းကြီးတို့​ဟောလို့ ​ပြောလို့ ကြာကြာထိုင်​မယ်​ သို့မဟုတ်
ကြာကြာရပ်​မယ်​၊လျောင်းမယ်​၊ သွားမယ်​ဆိုရင်​ အနာ​ရောဂါ​ပေါ်မှာ
ပါ။ အနာ​ပေါ်ပြီး မ​သေ​အောင်​ ဣရိယာပုတ်​​ပြောင်းပြီး ​ဆေးကု​နေ
ရပါတယ်​။ ​အေး...မ​သေချင်​ရင်​ ဣရိယာပုတ်​​ပြောင်းပြီး​ဆေးကုပါ
တဲ့။ တချို့က တရားမရရင်​ မထဘူးဆိုပြီး ထိုင်​တတ်​ပါတယ်​။အား
ထုတ်​တတ်​ပါတယ်​။ တရားမရဘဲရူးသွားတာ၊ ​ရောဂါဖြစ်​သွားတာ
တွေ ​တွေ့ရပါတယ်​။ အားထုတ်​ခါစမှာ မသိတဲ့လူ​မြှောက်​​ပေးတိုင်း
အရမ်းမလုပ်​ပါနဲ့။ တရားမရဘဲ တရားလန့်​သွားတတ်​ပါတယ်​။
` တရားမရရင်​ ဒီ​နေရာက မထ​တော့ဘူး ´လို့ အားထုတ်​တာ
ဘုရားအ​လောင်း၊ ပ​စ္စေကဗုဒ္ဓအ​လောင်း၊ အရိယာအ​လောင်းများ
ဘုရား၊ ပ​စ္စေကဗုဒ္ဓ-အရိယာဖြစ်​ခါနီးဆဲဆဲမှာဖြစ်​တဲ့ ဝီရိယမျိုးပါ။
အားထုတ်​ခါစ ​ယောဂီ​တွေအတွက်​မဟုတ်​ပါ။
" ​လျောင်း၍ဖြစ်​လာအ​ညောင်းနာ ထိုင်​ကာကုရမည်​။ ​လျောင်း
၍ဖြစ်​လာ အ​ညောင်းနာ ရပ်​ကာကုရမည်​။ ​လျောင်း၍ဖြစ်​လာ
အ​ညောင်းနာ သွားကာကုရမည်​ "
တရားအားထုတ်​ရင်း ဣရိယာပုတ်​​ပြောင်းရ၊ ပြင်​ရ၊ ​ရွှေ့ရတာဟာ
အနာ​ရောဂါ ​ပေါ်လို့ပါ။ ဒီခန္ဓာကိုယ်​ကြီးက ဆူးကြားထဲမှာ သီးတဲ့
ဘူးသီးပမာပါ။ အနာလွတ်​တယ်​လို့ မရှိပါ။ ဣရိယာပုတ်​ တစ်​ခု
ကြောင့်​ ဖြစ်​တဲ့ အ​ညောင်းနာကို ကျန်​တဲ့ ဣရိယာပုတ်​သုံးပါးနဲ့
လျော်​သလို ​ပြောင်းပြီး ​ဆေးကု​နေရပါလားလို့ သ​ဘော​ပေါက်​ပါ။
အန္ဓပုထုဇဉ်​​တွေက အဖုအကျိတ်​စသည်​​ပေါ်လာမှ အ​နာ​ရောဂါ
ပေါ်တယ်​ထင်​ပြီး ကျန်​တဲ့အချိန်​ကို ကျန်းမာပါတယ်​လို့ ​ပြော​နေကြ
ပါတယ်​။ ခန္ဓာကြီးက နှိပ်​စက်​​နေတာကို သိ​အောင်​သတိထားပြီး
အသိတရားနဲ့​ပြောင်းတာပြင်​တာကို ဣရိယာပုတ်​ ဖွင့်​တယ်​လို့ ​ခေါ်
ပါတယ်​။
ကိုယ်​ရှိရင်​ နာကျင်​ကိုက်​ခဲမှု ​ရောဂါရှိပါတယ်​။ မကုန်​နိုင်​ပါ။ စိတ်
ရှိရင်​လည်း ခံစားမှု​ဝေဒနာ ရှိပါမယ်​။ မကုန်​နိုင်​ပါ။ အနာ​ရောဂါ​ပေါ်
တာ ​​ပေါ်မှန်းသိ၊ အနာ​ရောဂါ​ပျောက်​တာ ​ပျောက်​မှန်းသိ​အောင်​ ရှူ
ရမှာပါ။ ကုန်​​အောင်​ရှူရမှာ မဟုတ်​ပါ။ ကုန်​​အောင်​ရှူရင်​ လွဲမှားပါ
တယ်​။
ဣရိယာစု ​ပြောင်းလဲမှု၊
ဆေးကု​နေရသည်​။
ဣရိယာ​ပြောင်းတိုင်းအနာ​ပေါ်လို့၊ မ​နေနိုင်​လို့ ​ဆေးကု​နေရပါ
လားလို့ နှလုံးသွင်းရှူရင်း၊ ပွားရင်း​ပြောင်းပါ။ ​ရေပွက်​ပမာ ဖြစ်
ပျက်​​နေတဲ့ ရုပ်​၊ နာမ်​၊ ခန္ဓာ​တွေကို မြင်​ပါလိမ့်​မယ်​။ ရုပ်​၊ နာမ်​၊ ခန္ဓာ
ကိုမြင်​မှ ရုပ်​နာမ်​ဖြစ်​ပျက်​ မြင်​မှာပါ။ ဖြစ်​တာပျက်​တာမြင်​ရင်​ ဖြစ်
ကြောင်း ပျက်​​ကြောင်းကို မြင်​​အောင်​ ဆက်​ရှုရမှာပါ။ ဖြစ်​ကျိုး
ကိုမြင်​ရင်​ ဒိဋ္ဌိပြုတ်​ပါတယ်​။ ဖြစ်​​ကြောင်းမြင်​ရင်​ ဝီစိကိစ္ဆာပြုတ်
ပါတယ်​။
ဖြစ်​ပျက်​မြင်​ရုံ ဥာဏ်​မစုံ၊
နိဗ္ဗာန်​ဘုံတိုင်​ မဆိုက်​ပြီ။
ဖြစ်​ပျက်​တိုင်းတုံ ဥာဏ်​မစုံ၊
နိဗ္ဗာန်​ဘုံတိုင်​ ဆိုက်​​လေမည်​။
ဦးစွာပထမ နာမ်​ရုပ်​ကို မြင်​​အောင်​ ရှုရမှာပါ။ ​နောက်​ နာမ်​ရုပ်
ဖြစ်​ပျက်​မြင်​​အောင်​ ဆက်​ပြီး ရှုရမှာပါ။ ​နောက်​ ဖြစ်​ပျက်​ကို ပိုင်း
ခြားသိ​အောင်​ ရှူရမှာပါ။ ဖြစ်​ပျက်​ကို ပိုင်းခြားသိမှ နိဗ္ဗာန်​​ရောက်
မှာပါ။
ရှေ့​နောက်​ ဣရိယာ ​ပြောင်းပြီးကာ၊
အနာသက်​သာသည်​။
ဣရိယာပုတ်​ တစ်​ပါးက​နေ တစ်​ပါးကို ​ပြောင်းလိုက်​တဲ့အခါ
အနာ​ရောဂါ ရှင်းရှင်း​ပျောက်​သွားတာမဟုတ်​​သေးပါ။ အနာ​ရောဂါ
သက်​သာသွားတာပါ။ ​တော်​​တော်​ကြာ​နေ ပြန်​​ပေါ်တာပါပဲ။ ​ပေါ်ပြန်
ရင်​ ဣရိယာပုတ်​ ​ပြောင်း​သောအားဖြင့်​ ​ဆေးကုရပြန်​တယ်​။
ဆေးကုလွတ်​ကင်း ​နေတုံလျှင်း၊
စင်းစင်း​သေကြမည်​။
ကြာကြာထိုင်​နိုင်​မှ တရားရမယ်​လို့ယူဆပြီး ဣရိယာပုတ်​​ပြောင်း
သောအားဖြင့်​ ​ဆေးမကုပါက ရူးကြ နှမ်းကြ ​သေကြ ​ကျေကြပါ
တယ်​။ မ​သေသင့်​ဘဲ ​သေတာ ကံ​ကြောင့်​ မဟုတ်​ပါ။ မညီမညွတ်
လုံ့လပြုလို့ပါ။ တရားအားထုတ်​တဲ့ အလုပ်​ဟာ ဥာဏ်​အလုပ်​ပါ။
စိတ်​အလုပ်​ပါ။ ကြာကြာထိုင်​နိုင်​​အောင်​ ​လေ့ကျင့်​တဲ့ ကိုယ်​အလုပ်
မဟုတ်​ပါ။
လေးဣရိယာ ​ဆေးကုကာနှင့်
မကွာ​နေ့ရက်​ အသက်​ဆက်​၍
ခုထက်​တိုင်​သာ ​နေနိုင်​ပါ ဥာဏ်​မှာ လင်းရမည်​။
ဣရိယာပုတ်​ ​ပြောင်း​သောအားဖြင့်​ ​ဆေးအကု​ကောင်းလို့ မိမိတို့
ယ​နေတိုင်​​အောင်​ အသက်​ရှည်​စွာ ​နေရတာကို ဥာဏ်​နှင့်​မြင်​​အောင်
ကြည့်​ပါ။ ဒီကိုယ်​ကြီးက အနာကြီးပါ။ အနာ​ပေါ်သမျှ ဥာဏ်​နဲ့လိုက်
ရှုပါ။ အနာ​ပေါ်တာလည်းသိ၊ အနာ​ပျောက်​တာလည်းသိ၊ ပျက်​တာ
လည်း သိ​အောင်​ ရှုရမှာပါ။ အနာ​ပျောက်​တာ၊ ဖြစ်​တာပျက်​တာကို
သိ​အောင်​ မြင်​​အောင်​ရှုရမှာပါ။ ခန္ဓာကိုယ်​ကြီး သ​ဘောကိုသိရင်
မလိုချင်​​တော့ပါ။
အနာ​ပေါ်လျက်​ ​ဆေးကုချက်​ကို၊
သက်​သက်​မထင်​ ဥာဏ်​မမြင်​၍၊
အစဉ်​ပကတိ ကျန်းမာ၏ဟု၊
မသိဝိုးဝါး လူမိုက်​များ၊
ထင်​မှား​နေကြသည်​။
အေး...မိမိကိုယ်​မိမိ အနာ​ပေါ်လို့​ပေါ်မှန်းမသိ၊ ဣရိယာပုတ်
ပြောင်းပြင်​​သောအားဖြင့်​ ​ဆေးကု​နေရတာကို ​ဆေးကု​နေမှန်းမသိ
ရင်​ အဝိဇ္ဇာနဲ့ ​နေသူပါ။ တရားအားထုတ်​​နေသူမဟုတ်​ပါ။ ကြာကြာ
ထိုင်​နိုင်​မှ ဒုက္ခ​ပေါ်လာမယ်​၊ ဒုက္ခထင်​လာမယ်​လို့ ယူဆပြီး ကြာကြာ
ထိုင်​ရင်​လည်း အဝိဇ္ဇာပါ။ ဝိဇ္ဇာဥာဏ်​မဟုတ်​ပါ။
အနာ​ပေါ်လာလို့ ရှုပွားတဲ့ခါမှ အနာရဲ့ဖြစ်​မှု၊ ပျက်​မှုကို မြင်
အောင်​ သိ​အောင်​ ရှုရမှာ။ မရှုဘဲ အနာ​ပျောက်​​အောင်​ ရှုရင်​လည်း
မမှန်​ပါ။ အနာကို ဖြစ်​​အောင်​လုပ်​ပြီး ​ပျောက်​​အောင်​ ပျက်​​အောင်
လုပ်​တာ သဘာဝ မကျပါ။ နည်းမမှန်​ပါ။ အနာကို​ဝေဒနာလုပ်​ပြီး
တော့လည်း မရှုပါနဲ့။ အနာ သက်​သာသွားတာကိုလည်း ​ဝေဒနာ
ကုန်​ပြီလို့ မယူဆပါနဲ့။ အမှားအဆင့်​ဆင့်​ဖြစ်​ပြီး အပါယ်​ကျနိုင်​ပါ
တယ်​။
အေး....အမှားအဆုံးအမအတိုင်း၊ အမှားရှုပွား​နေတာထက်
မရှုပွားဘဲ အလကား​နေတာက ​ကောင်းပါ​သေးတယ်​။ အမှန်​အဆုံး
အမအတိုင်း အမှန်​ရှုပွားနည်းအတိုင်း မရှုပွားကလည်း ဆင်းရဲပါ
တယ်​။ ဒါ​ကြောင့်​ အမှား​ရှောင်​ရှား၊ အမှန်​တရား ရှုပွားနိုင်​သဖြင့်
နိဗ္ဗာန်​မျက်​​မှောက်​ ဆိုက်​​ရောက်​နိုင်​ကြပါ​စေ ကုန်​သတည်း။
` သာဓု - သာဓု - သာဓု ပါဘုရား ´
အားလုံးသန္တာန်​၊ အမြင်​မှန်​၊ လျင်​မြန်​ရ​စေ​သော်​......
(ဓမ္မဒူတဆရာ​တော်​ အရှင်​ပညာ​ဇောတ)

No comments:

Post a Comment