လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Thursday, March 30, 2017

အိမ်မှာနေရင်းတရားအားထုတ်ဘို့ ကို

Thit Lwin
19 hrs
အိမ်မှာနေရင်းတရားအားထုတ်ဘို့ ကို ဘုရားရှင် ကိုယ်တော်မြတ်ကြီးက အထူး မှာကြား ဟောပြခဲ့ပါတယ်။
တကယ်လည်း လူအတော်များများဟာ အလုပ်တွေများလွန်းတာကြောင့် ရိပ်သာ မဝင်နိုင်...ကြပါဘူး။
အခုခေတ်မှာ အချိန်ပို ရှိတဲ့သူဟာတော်တော် နည်းပါတယ်။
အပြင်ထွက်ပြီးအလုပ်လုပ်တဲ့သူဖြစ်ဖြစ်
အိမ်မှုကိစ္စလုပ်နေရသူဘဲဖြစ်ဖြစ်
အားလပ်ချိန် အနာယူချိန် ရှားပါးပါတယ်။
အချိန်အားရှိမှ တရားအားထုတ် မယ်ဆိုရင် တရားအားထုတ်ဘို့ မဖြစ်နိုင်တော့ သလို ဖြစ်သွားပါလိမ့်မယ်။
မအားတဲ့ကြားထဲက ဘဲ အလုပ်တွေလုပ်ရင်းနဲ့ အားထုတ် တတ်မယ်ဆိုရင် အချိန် တိုင်းလိုလို တရားအားထုတ် နေတာ ဖြစ်သွားပါလိမ့်မယ်။
တရားအားထုတ်တာဟာ သီလ သမာဓိ ပညာ တိုးပွါးရာ အကျင့် ကို ကျင့်တာပါဘဲ။
သီလ ရော သမာဓိရော ပညာရော သုံးခုစလုံး တပြိုင်နက်တည်း တိုးပွါးအောင် အားထုတ်နည်းကတော့ သတိပဋ္ဌာန် နဲ့ နေ ခြင်းပါဘဲ။
သတိပဋ္ဌာန် ဆိုတာ မိမိ ကိုယ်နဲ့ မိမိ စိတ်မှာ ဖြစ်နေတာ ကို သတိထား တာမို့ လူတိုင်း လေ့ကျင့်နိုင်တဲ့အရာပါ။

ဒါပေမဲ့
မလုပ်ဖြစ်ကြပါဘူး။
အဓိက က သတိမရှိလို့ မဟုတ်ပါဘူး။
သတိပဋ္ဌာန် အာရုံမှာ သတိ မရှိလို့ ပါ။
အိမ်မှာနေရင်း အိမ်အလုပ်လုပ်နေသူ လည်းသတိ ရှိတာ ပါဘဲ။
အပြင်မှာ အလုပ်လုပ်နေသူလည်း သတိရှိတာပါဘဲ။
ဒါပေမဲ့ သတိက အပြင် အာရုံတွေ မှာထားမိနေတတ်ပါတယ်။
ဘုရားရှိခိုးရင် ဘုရားပုံတော်မှာ သတိထားနေမယ်။
ထမင်းဟင်းချက်ရင် ထမင်းဟင်း မှာ သတိထားနေမယ်။
ရေမိုးချိုး ရေမှာ သတိထားနေမယ်။
ငရုတ်သီးထောင်းရင် ငရုတ်ဆုံမှာသတိထားနေမယ်။
တီဗွီ ကြည့်ရင် တီဗွီ မှာသတိထားနေမယ်။
အဝတ်အစားဝတ်ရင် အဝတ်အစားမှာ သတိထားနေမယ်။
စသည်ဖြင့်
ပတ်သက်ရာ ပတ်သက်ရာ ပြင်ပ အာရုံတွေမှာ သတိထားနေ တတ်ပါတယ်။
ကိုယ့် ခန္ဓာမှာ ဘာဖြစ်နေလဲဆိုတာကို သတိမထား မိ ဘူးဖြစ်နေတတ်ပါတယ်။
နေထိုင်မကောင်းတဲ့ အခါ နဲ့ မှန်ကြည့်တဲ့ အခါလောက်ဘဲ ကိုဟ့်ကိုယ်ကို သတိထား မိ တတ်ကြပါတယ်။
ဒါကလည်း တစ်သက်လုံး ဒီလိုဘဲ နေတဲ့အကျင့်က ပါနေပြီး ဖြစ်နေတော့ ကိုယ့် ခန္ဓာကို အပြင် အရာတွေ လောက် အာရုံ မရှိဘူးဖြစ်နေတာပ။
တရားအားထုတ်တာ ဟာ ကိုယ့်ခန္ဓာမှာဖြစ်နေတာကိုသတိထားပြီးကြည့်ရတာ မို့  အလုပ်တွေအားမှဘဲ ဘုရားဆင်းတုတော်ရှေ့  မှာ ထိုင် ရမှာလို့ ထင်နေတတ်ကြပါတယ်။
အပြင်သွားနေသူထက်စာရင် အိမ်မှာနေသူက အပြင်အာရုံတွေ နဲ့ ထိတွေ့ မှ ပိုနည်းပါတယ်။အိမ်မှာလုပ်ရိုးလုပ်စဉ် အလုပ်တွေကို လုပ်နေရင်းမိမိ ခြေတွေလက်တွေ လှုပ်ရှားနေတာကို သတိထား လို့ ရပါတယ်။
အပြင်လူထက်စာရင် ပိုပြီး သတိထားနိုင်တဲ့ အခွင့်အရေးရှိပါတယ်။
ခဏတဖြုတ် အိမ်အလုပ်နားချိန်မှာ လည်း တစ်နေရာ မှာ သက်တောင့်သက်သာ ထိုင်နေရင်း မိမိ ကိုယ်ပေါ်မှာ လတ်တလော ဖြစ်ပေါ်နေတဲ့ ပူမှုအေးမှု တိုးမှု လှုပ်မှု တွေကို သိနေလို့ ရပါတယ်။
တွေးနေရင်လည်းတွေးနေတဲစိတ်ကိုသတိထားနေနိုင်ပါတယ်။
အကောင်းဆုံးအားထုတ်နိုင်တဲ့ အချိန်ကတော့ ကျင်ကြီးကျင်ငယ် စွန့် တဲ့ အချိန်ပါဘဲ။
ဆီးသွားချင်တယ်။
ဆီးသွားတယ်။
ဆီသွားတဲ့ အခါမှ မိမိ ရုပ်ခန္ဓာမှာပြောင်းလဲ သွားတဲ့အဆင့်ဆငိ့ကို သိနေနိုင်ပါတယ်။
ဝမ်းသွားချင်တယ်
ဝမ်းသွားတယ်
ဝမ်းသွးစဉ်မှာ အဆင့်ဆင့် ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေ ကို သတိထားနေနိုင်ပါတယ်။
ဆီးတွေ ဝမ်းတွေ သွားချိန်မှာ ဆီးတွေ ဝမ်းတွေ ကို ကြည့်တဲ့ သူရှားပါတယ်။
မိမိ ပိုယ် ကာယ မှာ ဖြစ်ပေါ်ပြောင်းလဲမှုတွေကလည်းထင်ရှားပါတယ်။
ဆီးဝမ်းသွားချိန်မှာ ရှု မှတ်တာ ဟာသတိပဋ္ဌာန်ရဲ့  မူ ဖြစ်တဲ့
မိမိကိုယ်မှာ
ဖြစ်ပေါ်နေတာ ကို
ဖြစ်ပေါ်နေတဲ့ အခိုက်
အတွေးမပါဘဲ
တိုက်ရိုက် သိခြင်း ဆိုတဲ့ အချက်တွေ နဲ့  ကိုက်ညီတာ မို့  အိမ်မှာနေတဲ့ အိမ်ရှင်မ တွေ အဘို့  အိမ်မှာနေရင်း အိမ်သာမှာ တရာအားထုတ် တတ်အောင် သတိပဋ္ဌာန် အခြေခံ လေး ရေး ပေးလိုက်ပါတယ် ခင်ဗျာ

No comments:

Post a Comment