ကျမ လွန်ခဲ့တဲ့ အနှစ် ၃၀ ထဲက (inferron shock) ရပြီးသေဘေးကသီသီလေးလွတ်ခဲ့ကထဲက
ဝိပဿနာ တရားအားထုတ်ခဲ့ပါတယ်။ သင်္ကြန်ရုံးပိတ်ရက်တွေမှာ ၁၀ ရက်စခမ်းတွေလည်းဝင်ခဲ့ဘူးပါတယ်။
ကျမရဲ့ အလွန်သေးငယ်တဲ့ ဥဏှောက်လေးနဲ့ ၀ိပဿနာတရားအားထုတ်နည်း (Theory) တွေကိုလေ့လာရင်
တကယ်မမြင်ပဲ အထင်နဲ့ (imaginatory) မြင်တာတွေဖြစ်မယ်လို့ထင်တာကြောင့် စာတွေ့တွေသင်တဲ့
မိုးကုတ်တရားစခမ်းတွေ၊တရားတော်တွေကိုရှောင်ခဲ့သလို ၀ိပဿနာနဲ့ပတ်သက်တဲ့ စာတွေကို လည်း
မလေ့လာခဲ့ ပါဘူး။
ယခု ပင်စင်စားဖြစ်လို့တရားတော်တွေလေ့လာတော့မှ တရားအားထုတ်တယ်ဆိုတာ
ဆရာဝန်သင်တန်း တက်သလို စာတွေ့ရော၊လက်တွေ့ပါလိုအပ်တာကိုသိလာရပါတယ်။
ဝိပဿနာတရားအားထုတ်တာ ရုပ်တရား၊နာမ်တရားတွေရဲ့ဖြစ်ပျက်ကိုမြင်ရမယ်ဆိုတာတော့
ကြားဖူး နားဝ ရှိပါတယ်။ ဒါပေမဲ့ မြင်ရမဲ့ ၀ိပဿနာဖြစ်ပျက်ဆိုတာကို ကျမ ဘယ်လိုမှမမြင်ပါဘူး။
ဘာကြောင့်လဲဆိုတော့ ပရမတ်ရုပ်နဲ့ ပရမတ် နာမ်တရား တွေကသာ အဆက်မပြတ်ဖြစ်နေပျက်နေပြီး၊ပရမတ်ရုပ်ဆိုတာ
အမေမွေး တဲ့ မျက်စိနဲ့ မြင်နေရတဲ့ ကိုင်လို့လဲရတဲ့ ရုပ်ခန္ဓာကိုယ်ကြီးမဟုတ်ဘူးဆိုတာကျမ
မသိခဲ့လို့ပါပဲ။ ဥပမာပေးရရင် ကိုယ်မမြင်ဘူးတဲ့သူရဲ့ အရိပ်ကိုကျမလိုက်ရှာနေခဲ့သလိုပါပဲ။
ဝိပဿနာဖြစ်ပျက်ဆိုတာကိုမြင်ဖို့ ပထမဦးဆုံး ပရမတ်ရုပ်၊ပရမတ်နာမ်တွေကိုမြင်ရပါမယ်။
ပရမတ်ရုပ်၊ ပရမတ်နာမ်တွေကိုမြင်အောင် ပရမတ်ရုပ်၊ ပရမတ်နာမ်တွေဆိုတာဘာလဲဆိုတာသိရပါမယ်။
ပရမတ်တရားတွေဆိုတာ ကိုင်ပြလို့မရတဲ့ ဥပမာ ပူတာ၊အေးတာ၊ နာတာ၊ကျင်တာ၊ ဒေါသဖြစ်တာ၊ ၀မ်းသာတာ၊စိတ်ဆင်းရဲတာစတဲ့လို
သဘောတရားတွေပါ။ ဒေါသဖြစ်တာ၊၀မ်းသာတာ၊စဉ်းစားတာ စတဲ့စိတ်ခံစားမှုတွေက ပရမတ်နာမ်တွေဖြစ်ပါတယ်။
ပရမတ်ရုပ်တွေကတော့ မာတာ၊ပျော့တာ၊ပူတာ အေးတာစတဲ့ ခံစားလို့ရတဲ့ သဘောတရားတွေပါ။ အဲ့ဒီ ပရမတ်ရုပ် နာမ်တွေကို စူးစူးစိုက်စိုက်ကြည့် မယ်ဆိုရင်သူတို့ရဲ့ဖြစ်ပျက်ကိုမြင်ပါလိမ့်မယ်။
ပရမတ်နာမ်တွေကတစ်စက္ကန့်မှာကုဋေတစ်သိန်းလောက်ဖြစ်ပျက် နေကြပြီး၊
ပရမတ်ရုပ်၊တွေကတော့ ပရမတ်နာမ်တွေထက် ၁၇ဆ ပိုနှေးပါတယ်။
ဒီလောက်မြန်နေတာကိုကျမတို့မျက်စိက တစ်ခုဆီခွဲပြီး မမြင်နိုင်ပါဘူး။ တစ်စက္ကန့်မှာရုပ်ပုံ
၁၆ ပုံကိုပြရင်တောင် အဲ့ဒီရုပ်ပုံတွေ ကိုတစ်ပုံချင်းမမြင်ပဲ တစ်ဆက် ထဲမြင်ပါတယ်။
အဲ့ဒီအချက်ကိုအသုံးပြုပြီးအခုခေတ်မှာ ရုပ်ရှင်ဆိုပြီးလှုပ်ရှားတဲ့ပုံတွေအဖြစ်ပြကြတာပါ။
တကယ်က ရုပ်သေဓါတ်ပုံတွေကိုဆက်တိုက်ပြနေတာပါ။ နောက် ဥပမာအားဖြင့် အမြန်လည်နေတဲ့ ပန်ကာတစ်ခုကိုကြည့်ရင် အ၀ိုင်းကြီးလိုမြင်ပေမဲ့ တကယ်က အရွက် လေးရွက်ဖြစ်တယ်ဆိုတာ ပန်ကာ အလည်နှေးသွားမှ မြင်တာပါ။ အဝေးက ရထားတစ်ဆင်း ကိုကြည့်တဲ့အခါမှာလည်း ရထားတစ်တွဲ
ထဲမြင်ရ ပေမဲ့၊အနားကပ်ကြည့်တဲ့အခါ တွဲတွေအများကြီး ဆက်နေတာ ကိုတွေ့ရပါမယ်။
ထဲမြင်ရ ပေမဲ့၊အနားကပ်ကြည့်တဲ့အခါ တွဲတွေအများကြီး ဆက်နေတာ ကိုတွေ့ရပါမယ်။
အထက်ပါဥပမာတွေထက် အဆများစွာလျှင်မြန်စွာဖြစ်ပျက်နေတဲ့ ပရမတ်ရုပ်နာမ်တွေကိုမြင်ဖို့နဲ့အဲ့ဒီ ရုပ်နာမ်တွေ
တစ်ခုချင်းဖြစ်နေပျက်နေတာကိုတိတိကျကျ ပြတ်ပြတ်သားသား မြင်ဖို့အတွက် ကျမတို့ရဲ့မြင်နိုင်စွမ်း
ကိုမြှင့် ရပါမယ်။ အဲ့ဒါကတော့ သမာဓိဆိုတဲ့ မှန်ဘီးလူးတပ်ခြင်းဖြစ်ပါတယ်။ သမာဓိဆိုတာ
ကျမတို့ရဲ့ စိတ်ကို တစ်နေရာထဲမှာပဲစူးစိုက်ထားတာပါ။ အဲ့ဒီလိုထားနိုင်ရင်
အမြင်အား သန် လာပါတယ်။ ဥပမာ ပစ္စည်း တစ်ခုကိုစိတ်ဝင်စားစွာစူးစူးစိုက်စိုက်ကြည့်တဲ့အခါ
ပစ္စည်းရဲ့ သေးငယ်တဲ့ အနာအဆာ တွေ ကိုမြင်နိုင် ပါတယ်။
ဝိပဿနာအားထုတ်တဲ့အခါ အလွယ်ဆုံးက ဖြစ်ပျက်နှေးတဲ့ ပရမတ်ရုပ်ပေါ်အားရုံစူးစိုက်တဲ့ အာနာပါန ခေါ်တဲ့
ထွက်လေ ၀င်လေမှာ စိတ် စိုက်ပြီးကြည့် တာပါ။ ၀င်လေ၊ထွက်လေ ပေါ်မှာအားရုံစိုက်ရင် သမာဓိရပေမဲ့
ဝိပဿနာ မဖြစ်ပါဘူး။ ဘာဖြစ် လို့လဲဆိုတော့ ၀င်လေထွက်လေဆိုတာ ပရမတ် တရား မဟုတ်လို့ပါ။
ဝိပဿနာဖြစ်အောင် လေ နှာခေါင်းက ၀င်ထွက်တဲ့ အခါ ခံစားရတဲ့
ပူတာ၊အေးတာ၊ လှုပ်တာ၊ ထိတာကို အားရုံစိုက်မှ ပရမတ်ရုပ်တရားပေါ်အားရုံစိုက်တာမို့ ပထမ ပရမတ်ရုပ်ကိုတွေ့ပါမယ်။
နောက် သမာဒီအား ပိုမိုကောင်းလာတဲ့အခါ ပရမတ်ရုပ်ရဲ့ဖြစ်ပျက် ကိုတွေ့ပါလိမ့်မယ်။
မိုးကုတ်ဆရာတော်ဘုရားကြီးက ဖြစ်ပျက်မြင်ရင်လူဖြစ်ကျိုးနပ်ပြီးလို့
ဟောတော်မူပါတယ်။
လူဖြစ်ကျိုးနပ်ကြပါစေ။
I also find this blog very helpful in my Dhamma learning's. I was wondering if you could write about how does Moe-kuot sayadawgyi's methods teach their meditators (yaw-gi) on 'way-da-nar' , how to deal with the pain during meditation sitting. I was just curious. many thanks.
ReplyDeleteThanks for your kind comment. 'way-da-nar' in meditation is very common and its interpretation is very important. The subject is a serious issue. I will try to write as much as I can with my limited knowledge. May be next article !
ReplyDeleteThanks again,