လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Saturday, August 24, 2013

ဘာကြောင့်ဘုရားဆွမ်းကပ်သင့်သလဲ။



      


 
 
 
မြတ်စွာဘုရားပရိနိဗ္ဗာန်စံဝင်တော်မူပြီးဖြစ်၍ (တနည်းဆွမ်းစားရန်ရုပ်နာမ်နဲ့ဖွဲ့စည်းထားသောကိုယ်
ခန္ဓာကြီး) မရှိတော့သဖြင့် မြတ်စွာဘုရားအား ဆွမ်းကပ်ခြင်းမှာအကျိုးမရှိဟုယူဆကြသည်။
ဆွမ်းကပ်ခြင်း သောက်တော်ရေကပ်ခြင်းစသောကုသိုလ်ကောင်းမှုများရဲ့အကျိုးကိုဖြစ်စေသည်မှာ ဆွမ်းစားသောမြတ်ဘုရားက ဆုအဖြစ်ပေးသောအကျိုးများမဟုတ်။ ဆွမ်းကပ်သူ၏ စိတ်တွင်ဖြစ်ပေါ်သော စေတနာ (ကံ) က အကျိုးပေးခြင်းဖြစ်သည်။ ထိုကြောင့် သက်ရှိ ထင်ရှားမြတ်ဘုရား အားဆွမ်းတော် ကပ်ခြင်းသည်၊ မြတ်ဘုရားအားရည်မှန်း၍ထုလုပ်ထားသောရုပ်ပွါး တော်အားဆွမ်းတော်ကပ်ခြင်းနှင့် စေတနာ(ကံ) တူလျှင် အတူတူပင် အကျိုး ပေးသည်။
 
ရွှေမဂ္ဂင်ဆရာတော်ဦးကောမလ
သက်တော်ထင်ရှားဘုရားသခင်၊
စေတီ ရုပ်ပွါး ကိုယ်စားပုံသွင်၊
ကြည်ညို စိတ်ကတူမျှပါလျှင်၊
ကောင်းကျိုးရ၊ မုချအတူပင်။
 
 
ကျမ်းကိုး
၁။ ဓမ္မစေတီဆရာတော်၏တရားတော်များ။
၂။ ဒယ်အိုးဆရာတော်၏တရားတော်များ။
၃။ ရွှေမဂ္ဂင်ဆရာတော်ဦးကောမလ၏တရားတော်များ။
 
 
 


No comments:

Post a Comment