လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Monday, August 12, 2013

တရားအားထုတ်တယ်ဆိုတာ။



                                     Tin Tin Lay Facebook မှ ဓါတ်ပုံကူဒယူပါသည



မျက်စိကြီးမှိတ်ပြီးတော့ငုတ်တုတ်ကြီးထိုင်နေမှတရားအားထုတ်တာမဟုတ်ဘူး။ တရားဓမ္မကို ဆင်ခြင် စဉ်းစားနေလို့ရှိရင်ဘယ်လိုအနေအထားမျိုးပဲနေနေတရားအားထုတ်တာပဲ။မျက်စိမှတ်ပြီး ဟိုတွေး ဒီတွေး နေရင်လည်းတရားအားထုတ်တာမဟုတ်ဘူး။

တရားဓမ္မဆိုတာ သဘာဝအတိုင်း မိမိသန္တန်မှာဖြစ်ပေါ်နေတဲ့အရာတွေကို ခေါ်တယ်။ အဲ့ဒီသဘာဝတရား တွေကို ဆင်ခြင်စဉ်းစားပြီးတော့ ရှုမှတ်နေတာ။ အဲ့ဒီလိုရှုမှတ်ပြီး သိနေတာ ပင်လျှင် တရားအားထုတ် နေတာ။ တရား သိနေတာ။ ဥပမာ။ မျက်စိရယ်၊အဆင်းအာရုံရယ် ဒီနှစ်ခုဆုံမိလို့ မြင်သိစိတ်ကလေး ပေါ်လာတာ ပါလားလို့တွေးတာမျိုး။ ဒီလိုတွေးနေရင် ဒီမြင်စရာအာရုံပေါ်မှာ လောဘဆိုတာ ဖြစ်စရာ အကြောင်းမရှိဘူး။ ဒေါသဆိုတာလဲဖြစ်စရာ အကြောင်းမရှိဘူး။ လောဘ၊ဒေါသဖြစ်ရတာ ဒီမြင်သိစိတ်နဲ့ မြင်ပြီးတဲ့နောက် ဒီအာရုံပေါ်မှာ မသင့်မတင့်နှလုံးသွင်းလို့ဖြစ်ရတာ။ မဆင်ခြင်၊မစဉ်းစားနိုင်သည့်အတွက် မောဟဖြစ်ရတာ ဆိုတော့ ဒီတရားတွေဟာ သူ့ဆိုင်ရာဆိုင်ရာအကြောင်းတွေနဲ့ ချည်းဖြစ်နေရတာ။အဲ့ဒီလိုရှင်းရှင်းလင်းလင်း သိလာနိုင်တယ်။


ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၏ရှစ်ယောက်နှင့်တစ်ယောက်။ စာမျက်နှာ ၆၅။့

No comments:

Post a Comment