Google မှဓါတ်ပုံ
ကျမကို ဗုဒ္ဓဘာသာမိဘနှစ်ပါးကမွေးဖွါးလာတာမို့ မိရိုးဖာလာဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့ပါတယ်။ ညအိပ်ရာဝင် သြကာသနဲ့ဘုရားရှစ်ခိုးခဲ့ပေမဲ့ ဘုရားရှစ်ခိုးထဲကစာသားတွေရဲ့အဓိပ္ပါယ်ရော သြကာသ ဆိုတဲ့ အဓိပ္ပါယ် ကိုရောနားမလည်ခဲ့ပါဘူး။ ကျောင်းသားဘ၀မှာ အမှတ်ကောင်းကောင်းရဖို့ အချိန်မှန်မှန်အတန်းအောင်ဖို့ စာကြိုးစားခဲ့ပါတယ်။ ၁၀ တန်းမှာအမှတ်ကောင်းကောင်းနဲ့အောင်ခဲ့တာမို့ မေမေတို့ဖြစ်စေချင်တဲ့
ဆေးကျောင်းကိုရောက်ခဲ့ပါတယ်။ ဆေးကျောင်းရောက်တော့လည်း တစ်နှစ်တစ်တန်း အောင်အောင် အစွမ်းကုန်ကြိုးစားရပြန်ပါတယ်။ ဆရာဝန်ဖြစ်လာပြန်တော့လည်း ဆေးရုံဆရာဝန်လစာနဲ့ မလုံ လောက် တာမို့ ဆေးရုံကအပြန်ဆေးခန်းထိုင်ရပြန်ပါတယ်။ အသက် ၆၀ ပြည့်လို့အလုပ်ကအနားယူ တဲ့အချိန်ကျမှ
ဗုဒ္ဓဘာသာကိုလေ့လာခွင့်ရခဲ့ပါတယ်။ ကံကောင်းထောက်မစွာ အသက်သက်ငယ်ငယ်နဲ့ မသေခဲ့လိုသာ
အဖိုးတန်လှတဲ့မြတ်ဘုရားရဲ့တရားတော်တွေကိုလေ့လာခွင့်ရခဲ့တာပါ။
ဗုဒ္ဓဘာသာရဲ့အခြေခံအရေးအကြီးဆုံးအဆင့်က ရှေ့ဘ၀ နောက်ဘ၀ဆိုတာတွေကိုယုံကြည်ခြင်းနဲ့
ကံ ကံရဲ့အကျိုးတို့ကိုယုံကြည်တဲ့ ကမ္မဿကတဥာဏ်ဖြစ်ပါတယ်။ အဲ့ဒါကတော့ တူသောအကျိုးပေးခြင်း ဖြစ်ပြီး။ကောင်းတာလုပ်ရင်ကောင်းကျိုးခံစားရမယ်။ မကောင်းတာလုပ်ရင် မကောင်းကျိုးခံစားရမယ်။
ဒါန ဆိုတဲ့ပေးကမ်းတဲ့အလုပ်လုပ်ရင် ချမ်းသာကြွယ်ဝခြင်းဖြစ်မယ်။
သူတစ်ပါးအားသတ်ဖျတ်ရင် အသက်တိုမယ်။
သူတစ်ပါးအားညှင်းပမ်းနှိပ်စက်ရင် အနာရောဂါပေါ်မယ်။ စသည့်တူသောအကျိုးများပေးမယ်ဆိုတာတွေကိုလည်းသိရှိနားလည်ခဲ့ရပါတယ်။ံဒီအချက်တွေကတစ်ခြားဘာသာမဆိုထားနဲ့ သိပံ္ပညာရှင်တွေတောင်ရှင်းမပြနိုင်တဲ့ အချက်တွေဖြစ်ပါတယ်။
ဒါပေမဲ့ သုတ္တန်တစ်ခုမှာ သိုးတစ်ကောင်ကိုသတ်ခဲ့တဲ့ လူဟာ ဘ၀ပေါင်းများစွာ (သိုးမွေးနဲ့တူမျှသော
ဘ၀ပေါင်း) အသတ်ခံခဲ့ရတယ်ဆိုတာဖတ်လိုက်ရပါတယ်။ တစ်ခါသတ်ရုံနဲ့ ဘာလို့ ဘ၀များစွာခံရတာ လဲ။
တူသောအကျိုးမဟုတ်ပါလားလို့ ကံတရားအပေါ် သံသယ ၀င်လာမိပါတယ်။
နှစ်နည်းနည်းကြာလာတော့ မြတ်ဘုရားရဲ့ အဘိဓမ္မာကိုလေ့လာခွင့်ရပါတယ်။ အဲ့ဒီမှာ ကာယကံ မလုပ်ခင်၊ ၀စီကံ မပြုလုပ်မှီ စိတ်အလုပ်တွေလုပ်ရတာ။ စိတ်အလုပ်ကို ၀ီထိလို့ခေါ်ပြီး၊ ၀ီထီတစ်ခုမှာ ဇောဆိုတဲ့စိတ် ၇ခု ဖြစ်တာ။ တစ်စက္ကန့်မှာ စိတ်ပေါင်း ကုဋေတစ်သိန်းကျော်ဖြစ်တာတွေ၊မျိုးစေ့လေးတစ် စေ့က အပင်တစ်ပင်ပေါက်နိုင်သလို ဇောစိတ်တစ်စိတ်ကလည်း ဘ၀တစ်ခုဖြစ်စေနိုင်တယ် ဆိုတာကို သိလာရပါတော့တယ်။ အဲ့ဒီတော့မှ သိုးသတ်စဉ်က ဇောစိတ်တွေ မရည်မတွက် အောင် ဖြစ်ခဲ့တာမို့ အဲ့ဒီဇောစိတ်တစ်ခုဆီက ဘ၀တစ်ခုဖြစ်စေခဲ့တာမို့ သိုးမွေးအမျှခံရတယ်ဆိုတာကို သဘော ပေါက်ခဲ့ ပါတော့တယ်။
You have made a crucial point in a short but clearly explained piece of writing . It is very true that doubts can be arisen/formed , with only limited sutta(thoat-tan) knowledge, when it comes to understand 'kam' (karma or deeds/intended-actions/volition ) and its results/consequences. Studying of 'Abidhammar' (advanced Dhamma) is essential to fully comprehend the nature of Kam. I too was once puzzled by some sutta stories when seemingly trivial offering of a mere bunch of flowers or a piece of causal clothes to a Yan-hen-dar (Arahat) resulting in massive benefits for many lives to the giver/donor , and similarly the continuous negative ramifications and repercussions over successive lives resulted from a misdeed 'comparatively' as small as swearing words spoken at a random occasion on one of the past lives of that swearer/speaker. Only when I have started listening to the Dhamma talks, by Amarapura sayadawgyi ashin Zanakabiwintha and other various sayadaws, on Abidhammar and have done my self-studies with the great help of Abidhammar books written by 'Dhamma-view-har' sayamagyi Daw Khin Hla Tin , that I have gained a little knowledge over Kam (and minds) and their natural ways(Nei-yar-ma) ; thus those sutta stories all made perfect sense to me.
ReplyDeleteWell, thanks for your useful post.