လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Friday, March 29, 2013

ကုသိုလ်ဖြစ်အောင်စားခြင်းသုံးမျိုး(သဒ္ဓမ္မရံသီရိပ်သာဆရာတော်)




၁။ သီလဖြင့်စားခြင်း
ကလေးသူငယ်များကဲ့သို့ မြူးတူးပျော်ပါး ကစား ဖို့ရာ စားသည် မဟုတ်၊ အရေအဆင်းလှပတင့်တယ်ဖို့ရာ စားသည်မဟုတ်၊ အားမာန်တွေတက် ကြွ ဖို့ရာစား သည် မဟုတ်၊ ဤခန္ဓာကိုယ်ကျန်းကျန်းမာမာရှိဖို့ရာ၊ ဘာသာသာသနာအတွက်၊ မိမိသူ တစ်ပါး အတွက်အကျိုးရှိရာကို ဆောင်ရွက်နိုင်ဖို့ရာ၊ အကျင့်ကောင်း အကျင့်မြတ်ကို ကျင့်ကြံ အားထုတ်ဖို့ရာ ဟုပညာဖြင့်နှလုံးသွင်းစားသုံးခြင်း။

 

၂။ သမထဖြင့်စားခြင်း။
စားသောက်ဖွယ်ရာများကိုစီမံချက်ပြုတ်သောပုဂ္ဂိုလ်၊ကြွေးမွေး ထောက်ပံ့ ခဲ့ ဖူးသော မိဘဆရာသမား၊အလှူရှင်များမှစ၍အရပ်ဆယ်မျက်နှာရှိအားလုံးသော ပုဂ္ဂိုလ်၊ သတ္တဝါ တို့ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေဟု မေတ္တာပွါးကာစားသုံးခြင်း။

 

၃။ ဝိပဿနာဖြင့်စားခြင်း။
စားသောက်ဖွယ်ရာများကိုမြင်သောအခါမှစ၍စား သောက်သော အမူအရာများကို ရှု့မှတ်၍စားခြင်း။

 

ကျင့်နိုင်ဖို့ရာ ဆင်ခြင်ကာ၊စားတာ သီလမည်။
မေတ္တာပွါးကာ စားသုံးတာ မှန်စွာ သမထမည်။
စားသုံးမူယာ၊ရှု့မှတ်ကာ၊စားတာ ဝိပသ်မည်။

No comments:

Post a Comment