လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Wednesday, March 13, 2013

သံဃာ့ဂုဏ်ရည် (၇)






အနေသန၊ မိစ္ဆာဇီဝ၊ ကုလဒ (၂၁) ပါး။မအပ်သောပစ္စည်းရှာနည်း။
၁။ ဆေးပေး၍ဓါတ်စာပေး၍ဆေးကုခြင်း။
၂။ လူကအဝေးသို့ခိုင်း၍စေတမန်လုပ်ခိုင်းခြင်း။
၃။ ဟိုအိမ်ဒီအိမ်သို့တစ်စုံတစ်ခုစေခိုင်း၍သွားခြင်း။
၎။ အနာကိုဓားခွဲပေးခြင်း။
၅။ အနာကိုဆေးလိမ်းပေးခြင်း။
၆။ အနာကိုဖန်ဆေးပေးခြင်း။
၇။ ဝမ်နှတ်ဆေးပေးခြင်း။
၈။ နှာပေးခြင်း။
၉။ မျက်စဉ်းပေးခြင်း။
၁၀။ အိမ်ဆောက်ဖို့ဝါးပေးခြင်း။
၁၁။ အိမ်မိုးဖို့ထန်းရွက်ဓနိရွက်စသည်ပေးခြင်း။
၁၂။ ပန်းပေးခြင်း။
၁၃။ ငှက်ပျောသီး၊အုံးသီးစသောသစ်သီးပေးခြင်း။
၁၄။ ရေချိုးစရာဆပ်ပြာပေးခြင်း။
၁၅။ တံပူ(သွားပွတ်တံ)ပေးခြင်း။
၁၆။ မျက်နှာသစ်ရေပေးခြင်း။
၁၇။ မျက်နှာချေမှုန့်ပေးခြင်း။
၁၈။ မြေညက်ပေးခြင်း။
၁၉။ မိမိကိုယ်ကိုအောက်ချကာဒကာဒကာမတို့ကိုမြှောက်၍ပြောဆိုခြင်း။
၂၀။ အမှန်နည်းပါးအမှားများသောစကားတို့ဖြင့်ဒကာဒကာမတို့သဘောကျလောက် အောင်နည်း အမျိုးမျိုးဖြင့် ပြောဆိုခြင်း။
၂၁။ ကလေးထိန်းကဲ့သို့ ဒကာဒကာမတို့ခလေးကိုချော့မြှူခြင်း။ ပစ္စည်းလာဘ်ကိုမျှော်၍ မိမိကိုအထင်ကြီး အောင် ဟန်လုပ်ခြင်း။ ပစ္စည်းလေးပါးလှူအောင်စောင်းပါးရိပ်ခြည်ပြောခြင်း။ အရိယာဟု ထင်အောင် အရိပ်နိမိတ်ပြောခြင်း။
          အနေသန၊ မိစ္ဆာဇီဝ၊ ကုလဒ နည်းများဖြင့်လာဘ်ရအောင်လုပ်လျှင်ထိုပစ္စည်း ပြုလုပ်သူသာမက မည်သည့် ရဟန်း နှင့်မျှမအပ်။ မသုံးထိုက်။ စွန့်ပစ်ရသည်။ မြင်သမျှကြား သမျှရဟန်းတို့က နောင်ဤသို့မလုပ်ရန်ဆုံးမရ၏။ သုံးကြိမ် ဆုံးမ ၍မှမရလျှင် ပဗ္ဗာဇနိယကံပြုရသည်။(နှင်ထုတ်ရသည်)။ ထိုကျောင်း၊ထိုပစ္စည်းများသာမက ထိုဒကာထိုရွာတို့၌ပင် အလှူ မခံရတော့ချေ။
အခါတစ်ပါးအရှင်သာရိပုတြာသည်ရာဇဂြိုဟ်မြို့၌ ဆွမ်းခံအပြီး လမ်းဘေးဇရပ်တစ်ခု နံရံကိုမှီ၍ ဆွမ်းဘုန်းပေးနေစဉ် သုစိမုခီ မည်သောပညာတတ် ပရိဗိုဇ်မတစ်ဦးကဤ သို့မေးလျှောက်၏။
           အရှင်ဘုရား၊ ဆွမ်းကိုငုံ့ပြီးဘုဉ်းပေးပါသလား၊ မော့ပြီးအရပ်လေးမျက်နှာကြည့်ပြီးထောင့်လေး ထောင့်အရပ်ကိုကြည့်ပြီး ဘုဉ်းပေး ပါသလား။ တစ်ခုစီမေး၍တစ်ခုစီပင် မဟုတ်ဟု ဖြေတော်မူ၏။ မဟုတ်ပုံကို ထပ်၍ မေးလျှောက်သဖြင့်တစ်ခုစီ ရှင်းပြတော်မူရဖူး၏။
၁။ ငုံစုံစား-ဘူမိနက်သန်မြေကြန်အတတ်ဖြင့်မြေခံရေခံစိုက်ပျိုးမှုကို ပြောဟော၍ ဝမ်းကျောင်း စားသောက်ရသောရဟန်း။
၂။ မော့စား-နေလနက္ခတ်ဂြိုဟ်ကပ်ဂြိုဟ်ပူးအတတ်ဖြင့် ဝမ်းကျောင်းစားသောက် သော ရဟန်း။
၃။ တူရူရူကြည့်စား- လူဒကာဒကာမတို့၏အစေအပါးခံကာ အရပ်လေး မျက်နှာ လှည့်လည်သွား လာ၊ ဆောင်ရွက်ပေးပြီးမှ ထမင်းစားရသောရဟန်း၊
၎။ ထောင့်ကြည့်စား-သာသနာနှင့်ဖီလာထောင့်ရပ်ဖြစ်သော အင်္ဂဝိဇ္ဇာ၊ လက္ခဏာ ဗေဒင်၊ဓာတ် ရိုက် ဓာတ်ဆင်၊ အင်းအိုင်ခလဲ့၊ လက်ဖွဲ့ဂါထာမန္တာန်၊ ဘိုးတော်ဘွားတော် ဝိဇ္ဇာဓိုရ်လမ်းစဉ် ကန်တော့ပွဲ ထိုး၍ ဝမ်းကျောင်းသောရဟန်း။
          ပရိဗိုဇ်မကလေးသည်တရားသဖြင့်ရှာမှီး၍ရသောဆွမ်းကိုသာဘုဉ်းပေးကြောင်းကြား နာရသော အခါအလွန် ဝမ်းသာပီတိဖြစ် ကာ ရာဇဂြိုဟ်မြို့တွင်းသို့ (ဂေါတမတပည့် အစစ်များကိုဆွမ်း လှူကြ ရန်) လှည့်လည်ကြွေးကြော်လေတော့၏။ (သာရိပုတ္တသံယုတ် သုစိမုခီ သုတ်)

ကျမ်းကိုး။
၁။မဟာဂန္ဓာရုံဆရာတော်၏ ဘုရားဥပဒေ တော်ကြီး။
၂။ ၂၂၇ သွယ်သောဝိနည်း။ http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:167790
၃။ သိထားမှကောင်း ၀ိနည်းအကြောင်း http://www.lapyae000.com/2011/09/blog-post_25.html#more

ဆက်လက်ဖေါ်ပြပါမည်

No comments:

Post a Comment