ဟင်းသီးဟင်းရွက်များကို စားခြင်းဟာ ဥပုသ်သီလမစောင့်နိုင်တဲ့ မြန်မာဗုဒ္ဓဘာသာအချို့ရဲ့ ကုသိုလ်စုတဲ့
အလုပ်ဖြစ်ပေမဲ့ ယခုခေတ်မှာ စိုက်ပျိုးရေးမှာအလွန်အကျွံအသုံးပြုတဲ့ ဓါတ်မြေသြဇာများနဲ့
ပိုးသတ်ဆေးတွေကြောင့် ဟင်းသီးဟင်းရွက် စိမ်းများက ကျန်းမာရေးနှင့် ညီညွတ် သော စားသောက်မှု
ဖြစ်သော်လည်း ၄င်းတို့ဟာ ဆိုးဝါးပြင်းထန်သည့် သွေးရောဂါဖြစ်နိုင်ခြေ အခွင့်အလမ်းကိုများစေ
ကြောင်း ထိုင်ဝမ်ဆရာဝန် တစ်ဦးက သတိပေးပြောဆိုလိုက်ပါ တယ်။
ဆီးနှင့်ကျောက်ကပ်အထူးကုဆရာဝန်ဖြစ်သော
ထိုသူ၏ ပြောဆိုချက်အရ မကြာသေးခင်က ဆေးရုံ ရောက်လာတဲ့ အမျိုးသမီးတစ်ဦးဟာ Acute
Methemoglobinaemia လို့ခေါ်တဲ့ သွေးအား နည်းရောဂါ တစ်ခုကို ခံစားခဲ့ရပါတယ်။ ဒီရောဂါမှာ
သွေးနီဥများအတွင်း အောက်စီဂျင်သယ်ယူနိုင်သောမော်လီကျူးများ မထုတ်လုပ် နိုင်တဲ့ ပြဿနာဖြစ်ပါတယ်။
သူမ
စားသောက်သော ဟင်းသီးဟင်းရွက်များဟာ ဓာတ်မြေဩဇာတစ်ခုဖြစ်သည့် (Nitrites) နိုက်ထရိုက်များကို
လွန်လွန်ကဲကဲ သုံးစွဲကာ စိုက်ပျိုးထားခြင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါရောဂါကို ဖြစ်စေသော
အများဆုံးအကြောင်းရင်းကတော့ နိုက်ထရိတ်အများအပြား ပါဝင်သော စားစရာများဖြစ်သည့် ထပ်ဖြည့်ပစ္စည်း
(Additives) များ ဖြစ်ပါတယ်။
၎င်းတို့ကို
ဟော့ဒေါ့၊ ဝက်ပေါင်ခြောက် စသည်တို့ထဲတွင် တာရှည်အထားခံအောင် ထည့်လေ့ ရှိပါတယ်။ ထိုင်ဝမ်ကျွန်းတွင်
အပင်များ ရှင်သန်ကြီးထွားစေရန်အတွက် နိုက်ထရိတ် အမြောက်အမြား ပါဝင်သောဓာတ်မြေဩဇာများ
သုံးလေ့ရှိကြောင်း သိရပါတယ်။ ယခုဖော်ပြခဲ့တဲ့ လူနာဟာ နှစ်ရှည်လများ သက်သတ်လွတ် စားလာ
ခဲ့ပြီးနောက်မှ အဆိုပါရောဂါရလာခြင်း ဖြစ်ပါတယ်။
ခေါင်းမူးခြင်း၊
မောပန်းနွမ်းနယ်ခြင်း၊ နှုတ်ခမ်းများပြာလာခြင်း၊ အသက်ရှူရခက်ခြင်း၊ နှလုံး ခုန်မြန်ခြင်း
စသည်တို့ကို ခံစားခဲ့ရပါတယ်။ အောက်စီဂျင်ကုထုံး ပေးပြီးနောက်မှ ပြန်ကောင်း လာခဲ့ရပါ
တယ်။
စံချိန်စံညွှန်းများအရ အစားအသောက်များတွင် နိုက်ထရိုက်
အများဆုံးပါဝင်ခွင့်ပြုသည့် ပမာဏ ဟာ ၂၀ဝ၀ ppm ဖြစ်သော်လည်းစစ်တမ်းကောက် ယူခဲ့သော ဟင်းသီးဟင်းရွက်များတွင်
၂၀ဝ၀ဝ ppm အထိပါဝင်နေကြောင်း သိရပါတယ်။
FDA
ရဲ့ သတိပေးချက်အရ အသက် ၆ လအောက် ကလေးငယ် များဟာ သွေးရောဂါများ ဖြစ်ပွား လွယ်ကြောင်း၊
ထို့ကြောင့် နိုက်ထရိတ် ပမာဏများစွာပါဝင်နေသည့် ဟင်းသီး ဟင်းရွက်များ လုံးဝ မကျွေး သင့်
ကြောင်း ထုတ်ပြန်ထားပါတယ်။
Source...http://yoyarlay.com/health/health-article/30726-2012-09-20-06-55-46
No comments:
Post a Comment