(၁) ရေကူး ညာတင်၊ကျွန်းထိုးသင် စကား - လိုရာဆိပ်ကမ်းကို ရေညာက
တင်ကြို၍ ကူးမှ ရောက်သကဲ့သို့ မိမိ လိုရာ ရောက်အောင် ကြိုတင်၍ စကားပို့ဖြင့် ပြောဆိုခြင်း။
မြန်မာစကားတွင် အညာ၊အကြေ
ဟူ၍ရှိသည်။ အညာ ဆိုသည်မှာ အထက်အရပ်ဖြစ်၍၊ အကြေ ဆိုသည်မှာအောက်အရပ်ဖြစ်သည်။ မြန်မာပြည်
အထက်ဘက်ပိုင်းကို အထက် အညာ ဟုလည်း သုံးဆွဲသည်။ မြစ်များချောင်းများ အထက်မှအောက်သို့စီးဆင်းသဖြင့်
မြစ်ချောင်းတစ်ဘက်ကမ်းမှ အခြားတစ်ဘက်ကမ်းသို့ ကူးခတ်လိုသူသည် မိမိရောက်လိုသောတစ်ဘက်ကမ်းသို့တဲ့တဲ့ကူးသွား၍မရ၊ရေစီးဖြင့်မျောပြီး
မိမိရောက်လိုသောနေရာထက်အောက်ကျသောနေရာသို့ရောက်သွားသည်။ ထို့ကြောင့်မိမိ ရောက် လိုသောနေရာရဲ့အထက်ကမှန်းဆ၍ကူးရသည်။
ကျွန်းထိုးရာ ၌လည်း အကျ မနာအောင် ကြိုတင်မှန်းဆ ရသည်။
တစ်နေ့တွင်ဗျိုင်းကိုလေးနှင့်ပစ်သတ်သောသူဌေးသားအား
ပစ္စည်းပြိုင်ဘက်သူကြွယ်သားက အလျော်ရရန် ထိုဗျိုင်းမှာ တစ်နေ့ရွှေတစ်ကျပ်သား အံပေးသော
၎င်း၏ ဗျိုင်း ဖြစ်သည်ဟုဆို၏။ ထိုအခါသူဌေးသားက ထိုဗျိုင်းရွှေအံ
ပေးသည်မှာ ဘယ်လောက်ကြာပြီး လဲဟု မေးရာ၊ ဗျိုင်းရှင် ဟန်ဆောင်သူ သူကြွယ်သားက လျော်ကြေးများများရရန်
တစ်နှစ် ရှိပြီ ဟုဖြေရာ။ ဒီဗျိုင်း ငါ့ ရွှေစင်ပုံက
တစ်နေ့ရွှေတစ်ကျပ်သားခိုးခိုးသွားတာ။ အခုမှ မိတယ်။ မင်းဆီက ရွှေ တွေဟာ ငါ့ဆီ ကခိုးသွားတဲ့ရွှေတွေမို့
ပြန်ပေးဟုတောင်းဆိုလေသည်။
(၃) ရေစီးဖောင်ဆန်၊ အမတ်ဉာဏ် စကား - လိုအင်ဆန္ဒ ရှိသမျှသော
အရာဝတ္ထုတို့ကို ဖောင်တွင် တင်၍ ဖြည်းညှင်းစွာ ဆန်တက်သွားလျှင် လိုရာကိစ္စ ပြီးသကဲ့သို့
ခြေသိမ်း၊ ခေါင်းပိုက်၊ ပမာပမည်း ဟပ်စပ်၍ ပြီးပြတ်အောင် ပြောခြင်း။
မိတ္ထိလာကန်နှင့်မနီးမဝေးတွင်နေသောဝင်ဇင်းရွာသားငညို
(အမတ်ကြီး ၀င်ဇင်းမင်းရာဇာ အလောင်း) သည် လယ်ယာလုပ်ရင်းစာပေနှင့်မွေ့လျောသည်။ မိတ္ထိလာကန်ပေါက်၍
ပြင်ဆင်ရန် အင်းဝဘုရင် မင်းကြီးစွာစောကဲရောက်လာရာ ကန်ရိုးပေါ်က လှပသောမင်းသမီးရုပ်နှင့်စင်အား
တွေ့၍မေးရာ။ စာပေလေ့လာထားသောငညိုက နတ်စင် မဟုတ်ကြောင်း အနော်ရထားမင်းစော်သည် ကမ္ဘာဇမင်းသမီးအားချစ်မြတ်နိုးလှသဖြင့်ကန်ဆယ်ရာသို့ခေါ်လာခဲ့ကြောင်း၊
မင်းသမီး ရုတ်တရက်သေဆုံးသွားရာ၊ မင်းကြီးမပစ်ရက်ဘဲပူဆွေးနေသဖြင့် မင်းသမီးနှင့်တူသော
ရွှေစင်ရုပ်ထု လုပ်ပေးကြောင်း။ မင်းကြီး ရွှေစင်ရုပ်ကို ဆွဲလမ်းနေပြန်သဖြင့် သစ်သားရုပ်
လုပ်ခါနန်းပြဿနှင့် ထားခဲ့ပြီး၊ ရွှေရုပ်ကိုမြုပ်ခဲ့ကြောင်း၊ အကြောင်းစုံ လျောက်ထားနိုင်သည်။
မြေတွင်ထူးကြည့်ရာ ပြောသည့် အတိုင်းရွှေရုပ်ကို တွေ့ရှိသဖြင့်အမတ်အဖြစ်မြှောက်စားခံရသည်။
သုဝဏ္ဏလျှံဇတ်တွင် ဆုတစ်ခုတောင်းခွင့်ရှိရာ သားရွှေအိုးထမ်းလာတာမြင်လိုသည်
ဆိုသော ဆုကြောင့် ဆု ၃ မျိုး လုံးရရှိသည်။ သားလည်း အသက်ရှင်၊ ၎င်းတို့လည်း မျက်စိပြန်မြင်ပြီးရွှေအိုးလည်းရသည်။
ဘကြီးတော်မင်းတရားကြီးသည်ဘုရားတည်ရန် ပိန္နဲတိုင် အတွက် ၎င်း ကောင်းမည်ထင်သည့် သစ်များ တစ်မျိုးပြီးတစ်မျိုးပြောရာ ပညာရှိအမတ်ဦးပေါ်ဦးက ဘုရင် တင်ပြသော အသားလည်း ကောင်းကြောင်းကျွန်သားလည်း ကောင်းကြောင်း ထပ်ခါတစ်လဲလဲပြောကြားသဖြင့် နောက်ဆုံးအမတ်ကြီး ပြောသောကျွန်းသားဖြင့်ဘုရား တည်ဖြစ် လေသည်။
(၆) ဆင်ဝှေ့ရန်ရှောင်၊ရွှေကျောင်းဆောင် စကား - ဆင်ကတိုးဝှေ့ဖို့လိုက်လျှင်
တိမ်ရှောင် နေရ သကဲ့သို့ ကိုယ့်ထံသို့ ရောက်လာမည့် စကားကို ရှောင်လွှဲ၍ ပြော ဆိုခြင်း။
အိမ်ရှေ့မင်းသားက ၎င်းလှူဒါန်းသောကျောင်း၏တိုင်များကိုမြေသို့ရောက်သည်အထိ ရွှေချနေသည် ကိုမြင်သောမြို့ဝန်မင်းကတိုင်တစ်ဝက်သာချရန်တားမြစ်လေသည်။အိမ်ရှေ့မင်းသားသိ၍၎င်းအမိန့်ကိုဖီဆန်သည်ဟုအမြတ်တော်ရှကာသတ်စေသည်။ မြို့ဝန်မင်းက အိမ်ရှေ့မင်းဟာတစ်နေ့မှာ ဧကရာဇ်မင်းဧကန်ဖြစ်မှာမို့ ယခုထဲက တိုင် အပြည့်ရွှေချထားလျှင် ဧကရာဇ်မင်းလက်ထက်နှင့်အိမ်ရှေ့မင်းလက်ထက်ထူးခြားစေရန်တားမြစ်ရခြင်းဖြစ်ကြောင်း၊ လျောက်ထားသဖြင့် အသက်ဘေးမှကင်းလွတ်စေသည်။
(၇) တောင်သူယာခုတ်၊ ဓါးမခုတ် စကား - တောင်သူလယ်သမား တို့သည်
မိမိတို့ လုပ်မည့် လယ်ယာမြေကွက်တွင် ရှေးဦးစွာ ချုံနွယ်ပိတ်ပေါင်းတို့ကို ခုတ်ထွင်
ရှင်းလင်းပြီးမှ သစ်ပင်ကြီး တို့ကို ခုတ်ထွင် ဖိလှဲသကဲ့သို့ စကားငယ်ကို ပြောပြီးမှ
စကားကြီးကို ဖိစီး၍ ပြောဆိုခြင်း။
ဝိဒေဟရာဇ်မင်းက ပစ္စည်းရှိသူနှင့်ပညာရှိသူမည်သူကမြတ်သနည်းဟူသောအမေးကို
သိန်းအမတ်က ဥစ္စာ။ မဟောသဓာက ပညာ ဟုဖြေကြသည်။
သိန်းအမတ်က သစ်တစ်ပင်ကောင်း
ငှက်တစ်သောင်းနား နိုင်ဆိုသကဲ့သို့ ဥစ္စာရှိသူကို လူအများမှီခိုရသဖြင့် ဥစ္စာ မြတ်သည်ဟု
ရှင်းပြသည်။ မဟောသဓာက ဥစ္စာရှိပြီးပညာမရှိသူသည် ကုသိုလ် အကုသိုလ်မသိ၊ ထမင်းကျုရာ၌အုံသေယကျီးငတ် ခွေးငတ်ကဲ့သို့တစ်ခဏတာ ချမ်းသာရေးကိုသာမြင်သည်ဟု ခြေပသည်။
သိန်းအမတ်က ဥစ္စာများစွာရှိသော
ဘုရင်ထံ ကျွန်ပ်တို့ပညာရှိများခစားရသည်ဟု ဘုရင်နှင့် လှည့် တိုက်သည်။
မဟောသဓာက မြတ်စွာဘုရားသည်
ဥစ္စာရတနာကို မမက်မော။ပညာတည်းဟူသော တရားတော်ကို သာနှလုံးသွင်းတော်မူသည်တို့ကြောင့်အပြည်ပြည်မင်းများသာမက
လူနတ်ဗြဟ္မာ တို့၏ပူဇော်ခြင်း ကိုခံရသည်ဟု
အတုမရှိသောမြတ်ဘုရားနှင့်ဥပမာတင်ပြောဆိုနိုင်သဖြင့် ပညာသာပိုမြတ်သည်ဆိုသော မဟောသဓာ၏စကားအနိုင်ရရှိသည်။
(၈) ကြက်ဆုတ်ခွပ်ပစ်၊အမတ်နှစ် စကား - ကြက်ခွပ်ရာ၌ နောက်ဆုပ်ဟန်ပြု၍ ခွပ်သာမှ ပြန် ခွပ်
သကဲ့သို့ သူ့ စကားအလိုသို့ လိုက်တန်က လိုက်၍ စီးသာမှစီးလျက် ပြီးပြတ်အောင် ပြောဆိုခြင်း။
မွန်မင်းရာဇဓရာဇ်နှင့်မြန်မာမင်း မင်းခေါင်တို့မြန်မာ၊မွန်ချစ်ကြည်ရေးပြုပြီးနောက်
မြန်မာအမတ်ကြီး မင်းရာဇာနှင့်မွန်သီဟပတေ့တို့တွေ့ဆုံရာ အမတ်ကြီ်းသီဟပတေ့က အမတ်ကြီး
မင်းရာဇာအား ကြံတစ်ချောင်းပေးရာ အမတ်ကြီး မင်းရာဇာကကြံကိုအဖျားမှစ စားသည်ကိုတွေ့၍မေးရာ။
အရသာကို တိုးတိုးခံစားလို၍ဟုဖြေသည်။ အမတ်ကြီ်းသီဟပတေ့က အမတ်ကြီး မင်းရာဇာသည် ငယ်ရာကကြီးလာသူဖြစ်၍အတွေ့အကြံများလှသည်။
ကြံကိုအဖျားမှ စ စားမှ အရသာတစ်ဆစ်ပြီးတစ်ဆစ် ပိုမြပေမည်။
သို့သော် စကားကိုခေတ္တနားထားသည်။
အမတ်ကြီးသည် ပညာရှိသတိဖြစ်ခဲ ဆိုသလို အနိစ္စတရားကိုမေ့နေလေပြီ။ ဘုရားတရားတော်အရ ကွေးသောလက်မဆန့်မီ၊
ဆန့်သော လက် မကွေးမီ အရသာအကောင်းဆုံးမခံစားရမီ
အနိစ္စဖြစ်နိုင်ကြောင်းပါဟု ပြောလေသည်။
(၉) ရေစစ်ကရား၊ယုံတမ်း စကား- ဓမ္မကရိုဏ်ခေါ် ရေစစ်ကို ရေတွင်နှစ်ခါ
ရေပြည့်မှ အပေါက်ကို ပိတ်၍ ဆွဲယူ လိုက်လျှင် ရေမထွက်နိုင်သကဲ့သို့ သူတပါး ပြောဆိုခွင့်
မရအောင် ပိတ်ဆို့၍ ပြောဆိုခြင်း။
လမ်းတွင်တွေ့ကြသော လူငယ်လေးယောက်နှင့် အဖိုးအိုတစ်ယောက်တို့
ယုံတမ်းစကား အပြော ပြိုင်ကြသည်။ မယုံသူကကျွန်ခံတမ်းဟုအလောင်းအစားလုပ်ကြသည်။ မယုံဖွယ်ရာ
မဖြစ်နိုင်တာများကို လူငယ်လေးယောက်က အမျိုးမျိုးပြောဆိုကြသော်လည်းအားလုံးကယုံသည်ဟုပြောကြသည်။
နောက်ဆုံးအဖိုးအိုအလှည့်တွင် မိမိတွင် ၀ါးပင်တစ်ပင်မှ
ယောကျာ်းလေး လေးယောက်မွေးဖွါးကြောင်း၊ထိုခလေးငယ်လေးယောက်ကိုကျွန်အဖြစ်အသုံးပြုရန်ကျွေးမွေးခဲ့ကြောင်း။
တစ်နေ့တွင်ထိုလူလေးယောက်ထွက်ပြေးသွား၍ လိုက်ရှာရာက ယခုနေရာရောက်လာကြောင်း။ထိုယောက်ျာ။လေးယောက်မှာ
မင်းတို့လေးယောက်ဖြစ်သည်ဟုပြောရာ။ မယုံရင်လည်းအလောင်းအားကြေယင့်ကျွန်ဖြစ်ရမည်၊ ယုံလျှင်လည်း
ကျွန်ဖြစ်ရလေသည်။
(၁၀) ခက်တင် မောင်းနင်း၊ရဟန်းမင်း စကား - မောင်းနင်းသော သူသည်
တစ်ဖက်လိုက်ပါ တိမ်းစောင်းလွန်းလျှင် အတင်ခက်၍ မတိမ်းမစောင်း နင်းရသကဲ့သို့ ဟုတ်သည်
ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ မတင်မကျ ပြောဆိုခြင်း။
ခက် ဆိုသည်မှာ ပုခက်ကဲ့သို့ အခက်အလက်အပြားအချပ်ကိုဆိုလိုသည်။ တို့ကိုအထက်သို့တင်ရာတွင်ကြိုးဖြင့်ဆွဲငင်ရသည်။
လမ်းခုလတ်တွင်ရှိနေစဉ် အပေါ်တက်မည်၊အောက်ဆင်းမည်ကိုမပြောနိုင်။ ကြိုးဆွဲသူပေါ်မူတည်သည်။
မောင်း ဆိုသည်မှာဆန်ဖွတ်သည့်မောင်း၊ရေငင်သည့်မောင်းဟူ၍ရှိသည်။
မောင်းအတက်အကျကိုလည်း မောင်းလမ်းလယ်ေ၇ာက်နေစဉ်မပြောနိုင်းမောင်းနင်းသူ ပေါ် မူတယ်သည်။
ထိုနည်းအတူစကားပြောရာတွင် တစ်ဖက်သားပြောသည့်စကားကို ဟုတ်သည်ဟုလည်း မပြော။မဟုတ်ဘူးဟုလည်းမပြောပဲ
မတင်မကျပြောခြင်းဖြစ်သည်။
လူဆိုးတစ်ယောက်ကို မင်းချင်းများလိုက်ဖမ်းရာ၊
ထိုလူဆိုးသည် ဘုရင်ကိုးကွယ်သည့်ဘုန်းကြီးကျောင်းအတွင်းဝင်ပြေးပြီး ဆရာတော်၏ တူဟူဆိုရာ။
မင်းချင်းတို့လည်း
ဆရာတော်အားဟုတ်မဟုတ်လျောက်ရာ။
ဆရာတော်အနေနှင့် မဟုတ်ဟုဖြေလျှင် လူဆိုးအသတ်ခံရမည်။ ဟုတ်ပါသည်ဟုဖြေလဆင် မုသားသုံးဂာဂောက်မည်
ထို ၂မျိုးမှလွတ် အောင် ဆရာတော်က ငါ့တူ မဟုတ်ဖူးလို့
ဘယ်သူပြောသလဲဟု ပြောခြင်း။
၁။ စကားကြီး ဆယ်မျိုး။ http://momeiktharr.wordpress.com/
၂။ ကာတွန်းဖေသိန်း ၏စကားကြီး ၁၀ မျိုး။
No comments:
Post a Comment