ဂေါတမမြတ်စွာဘုရားလက်ထက်တော်အခါက ခိပ္ပါဘိည (လျှင်မြန်သောမဂ်ဖိုလ်အသိဥာဏ်ရှိသောအရာ၌အမြတ်ဆုံးအတော်ဆုံး ဧကတဂ်ဘွဲ့ရတော်မူသောကုဏ္ဍလကေသာထေရီအလောင်း၏နောက်ဆုံးဘ၀ အဖြစ်အပျက်များမှာတစ်မူထူးခြားလှပါတယ်။ ထေရီမအလောင်းဟာရာဇဂြိုလ်မြို့သူဌေးသမီးဖြစ်ပြီး၊မိဘများကချစ်လှစွာသောတစ်ဦးတည်းသောသမီးကို ပြဿဒ်ပေါ်တွင် ထားခဲ့ပါတယ်။ တစ်နေ့မှာ ရာဇ၀တ်သားတစ်ဦးအား မကွက်မျက်မှီ ပြည်သူ့ပြည်သားများ အတုယူနိုင်စေရန် ရပ်ရွာတွင်း ကြိမ်ဒါဏ်ပေးလှည့်လည်သည်ကိုပြဿဒ်ပေါ်မှသူဌေးသမီးမြင်ပြီး ၊ မရရင်မနေနိုင်သေလောက်အောင်ချစ်မိပါသဖြင့်မိဘများကချစ်လှစွာသောသမီးအတွက် ရာဇ၀တ်သားအားလဒ်ထိုးရွေးထုပ်ပြီးသမီးနှင့်လက်ဆက်ပေးခဲ့ပါသည်။ ဇနီးဖြစ်သူကဖူးဖူးမှုတ်ချစ်ပေမဲ့၊ရာဇ၀တ်သား တစ်ဖြစ်လဲ လင်ယောက်ျးက သူဌေးသမီးထက် ၄င်းပိုင်ဆိုင်သောလက်ဝတ်တန်စာများကိုသာလိုချင်သဖြင့် ဥပါယ်တမိဖြင့် တောင်ပေါ်သို့နှစ်ဦးသားသွားရောက်အောင်ခေါ်ယူခဲ့ပြီးတောင်ပေါ်ရောက်သောအခါ ဇနီးသည်အားသတ်၍ လက်ဝတ်လက်စားများယူရန်ကြံသဖြင့်၊သူဌေးသမီးလဲ သူအလွန်ချစ်တဲ့ လင်သားအားတောင်ပေါ်မှတွန်းချခဲ့ပါတယ်။ ဒီဇတ်လမ်းမှာစဉ်းစားမရနိုင်တာက ရာဇ၀တ်သားက ဘာကြောင့်များ မိမိကိုအလွန်ချစ်တဲ့ဇနီးကိုပိုင်ဆိုင်ပါလျှက် ဇနီးသည်ရဲ့လက်ဝတ်တန်စာကိုရရှိရန် သတ်ဖို့အထိကြံစီရပါသလဲ ?
အရှင်သုစိတ္တ(မော်ကျွန်း)ဆရာတော်ရဲ့တရားကိုနာရတော့မှ ရာဇ၀တ်သားဟာ ရာဇဂြိုလ်ဘုရင် အဇာတသတ်မင်းရဲ့ပရောဟတ်ကြီးရဲ့တစ်ဦးတည်းသောသားဖြစ်ပြီး၎င်းအားမွေးဖွါးစဉ်က တစ်မြီု့လုံးရှိ လက်နက်များအေ၇ာင်တောက်ကာစောရနက္ခတ်နဲ့ယဉ်မွေးခဲ့ပါတယ်။ဒါကြောင့်သိတတ်တဲ့အရွယ်ထဲကသူတစ်ပါးပစ္စည်းများကိုခိုးယူခဲ့တာ တစ်မြို့လုံးသူမခိုးဘူးတဲ့အိမ်မရှိပါဘူး။ မိဘများကလဲဆုံးမ၍မရသည့်အဆုံးအိမ်မှနျင်ချထားရသူဖြစ်ပါတယ်။ နောက်ဆုံး မြို့လူထုရဲ့တောင်းဆိုချက်ကြောင့် ဘုရင်ကိုယ်တိုင်ဖမ်းမိန့်ပေး၍ဖမ်းခဲ့ရတာပါ။
ရာဇ၀တ်သားဟာ မခိုးရရင်မနေနိုင်တဲ့ ၀ါသနာပါလာသူပါ (Kleptomania) ဒါကြောင့် အဖိုးတန်ဇနီးတင်မက မိမိအသက်ပါဆုံးရှုံးရတာပါ။ ကျမတို့တွေသံသရာလည်နေစဉ်အတွင်း အလုပ်တစ်ခုခုကိုအကြိမ်များစွာလုပ်လာတဲ့အခါ အဲ့ဒီ ကောင်း(၀ါ) မကောင်းတဲ့အလုပ်က အထုံ (အကျင့်)ပါလာပါတယ်။ ဘ၀ပေါင်းများစွာဆက်ခါဆက်ခါလုပ်မိရင်တော့ အကျင့်ကနေမဖြောက်နိုင်တော့တဲ့ ၀ါသနြာ
ဖစ်သွားပါပြီး။ ၀ါသနာဖြစ်သွားရင်တော့ ရဟန္တာဖြစ်ရင်တောင်မပယ်နိုင်ပါဘူးတဲ့။ ဒါကြောင့် ကိလေသာကိုပယ်ရာမှာမြတ်စွာဘုရားနဲ့ကျန်တဲ့ရဟန္တာတွေမတူတဲ့အချက်က မြတ်စွာဘုရားက ကိလေသာ သာမက ၀ါသနာကိုပါအကျွင်းမဲ့ပယ်သတ်နိုင်ပါတယ်တဲ့၊ ဥပမာအားဖြင့် အရက်ထဲ့ထားသောခွက်ကို မှောက်သွန်လို့ အရက်မရှိတော့ပေမဲ့ အရက်နံကတော့ခွက်မှာဆွဲကျန်နေသလို၊ရဟန္တာတွေမှာ အရက်နဲ့တူတဲ့ကိလေသာတွေမရှိတော့ပေမဲ့ ၀ါသနာနဲ့တူတဲ့အနံတော့ကျန်နေပါတယ်တဲ့။
PS။ စပ်စံထွန်းဆေးရုံမှာတာဝန်ကျစဉ်က ဆရာဝန်မတစ်ဦးနဲ့ဆုံခဲ့ပါတယ်။ အဲ့ဒီဆရာဝန်မက ဆေးကျောင်းသူဘ၀တုံးကလဲ အဆောင်နေကျောင်းသူတွေဆီကပစ္စည်းခိုးတာကြောင့် အဆောင်ကထုပ်ပယ်ခံခဲ့ရပါတယ်။ တစ်နေ့မှာသူ့ကိုယ်ပိုင်ဆေးခန်းမှာလူနာတစ်ယောက်ကိုဆေးထိုးရင် shock ဖြစ်ပါတယ်။ ကံကောင်းတောက်မစွာ၊ လူနာကို shock မှကယ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်နေ့မှာ လူနာက သူဆေးခန်းသွားစဉ်က၀တ်သွားသောစိန်လက်စွပ်ပျောက်မှုနဲ့ဆရာဝန်မကိုစွပ်စွဲတာကြောင့် လက်စွပ်ဖိုးလျော်လိုက်တယ်လို့သိရပါတယ်။ လူနာတစ်ယောက် shock ဖြစ်တယ်ဆိုရင် ဆရာဝန်ပါ shock ဖြစ်တာပါ။ အဲ့ဒီလိုအချိန်မှာတောင် ၀ါသနာကအနားမပေးပါလားလို့ သတိရမိပြီး၊ထိုဆရာဝန်မကို သနားမိပါတယ်။ သူ့မျာအတော်ရှက်ရှာမှာပါ။ ဒါတွေကိုသင်ခန်းစာယူပြီးမကောင်းတဲ့အကြံအစည်၊အပြောအဆို၊အပြုအမူတွေကိုဝါသနာအထိမရောက်အောင်ကြိုးစားသင့်လှပေသည်။
No comments:
Post a Comment